YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 2:42-47

တမန်တော်ဝတ္ထု 2:42-47 MSBU

ထို​သူ​တို့​သည် တမန်တော်​တို့​၏​သွန်သင်​ချက်​ကို​ခံယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်သဟာယ​ဖွဲ့​ခြင်း​နှင့် ဆုတောင်း​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​၏။ လူ​အပေါင်း​တို့​၌ ကြောက်​စိတ်​ဖြစ်ပေါ်​ကြ​ပြီး တမန်တော်​တို့​သည်​လည်း များစွာ​သော​အံ့ဩဖွယ်ရာ​များ​နှင့် နိမိတ်​လက္ခဏာ​တို့​ကို​ပြု​ကြ​၏။ ယုံကြည်​သူ​အားလုံး​တို့​သည် တစ်စုတစ်ဝေး​တည်း​နေ​လျက် ရှိသမျှ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​ကြ​ကာ ဥစ္စာ​ပစ္စည်း​များ​နှင့် မိမိ​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို ရောင်းချ​ပြီးလျှင် ၎င်း​တို့​ကို တစ်ဦးချင်းစီ​၌​လိုအပ်​မှု​ရှိ​သည့်​အတိုင်း အားလုံး​တို့​အား ခွဲဝေ​ပေးကမ်း​ကြ​၏။ သူ​တို့​သည် နေ့တိုင်း တညီတညွတ်တည်း​ဖြင့် ဗိမာန်​တော်​၌ အစဉ်တစိုက်​စုဝေး​ကြ​၍ တစ်အိမ်​ပြီး​တစ်အိမ်​မုန့်​ဖဲ့​ခြင်း​အမှု​ကို​ပြု​လျက် စေတနာ​စိတ်​နှင့်​ရွှင်မြူး​သော​စိတ်​တို့​ဖြင့် အစားအစာ​ကို ဝေမျှ​စား​သောက်​ကြ​ကာ ဘုရားသခင်​ကို​ချီးမွမ်း​လျက် လူ​အပေါင်း​တို့​ရှေ့တွင် မျက်နှာရ​ကြ​၏။ သခင်​ဘုရား​သည်​လည်း ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို နေ့​စဉ်​နှင့်အမျှ​တိုးပွား​စေ​တော်မူ​၏။

​တမန်တော်ဝတ္ထု 2:42-47 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။