YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 18:18-28

တမန်တော် 18:18-28 Judson Bible (JBMLE)

ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။- ဧ​ဖက်​မြို့​သို့​ရောက်​လျှင်၊ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ယု​ဒ​လူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​လေ၏။- ထို​သူ​တို့​သည် မိ​မိ​တို့​နှင့် အ​တူ ပေါ​လု​နေ​ပါ​ဦး​မည်​အ​ကြောင်း တောင်း​ပန်​သော​အ​ခါ၊ ပေါ​လု​သည် ဝန်​မ​ခံ​ဘဲ​လျက်၊- ယ​ခု​ရောက်​လု​နီး​သော​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ငါ​အ​မှန်​ခံ​ရ​မည်။ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်၊ နောက်​တစ်​ဖန် သင်​တို့​ရှိ​ရာ​သို့ ငါ​ပြန်​ဦး​မည်​ဟူ၍ အ​ခွင့်​တောင်း​ပြီး​မှ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ဧ​ဖက်​မြို့၌​ထား၍ သင်္ဘော​နှင့် လွှင့်​ပြန်​လေ၏။- ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့ တက်၍ အ​သင်း​တော်​နှင့် နှုတ်​ဆက်​ပြီး​မှ အ​န္တိ​အုတ်​မြို့​သို့ သွား​ပြန်၏။- ထို​မြို့၌ အ​တန်​အ​ရာ​နေ​ပြီး​လျှင်၊ ထွက်​ပြန်၍ ဂ​လာ​တိ​ပြည်၊ ဖြူ​ဂိ​ပြည်​ကို အ​စဉ်​အ​တိုင်း လျှောက်​သွား​သ​ဖြင့်၊ တ​ပည့်​တော်​အ​ပေါင်း တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ၏။ အာ​ပေါ​လု​အ​မည်​ရှိ​သော အာ​လေ​ဇ​န္ဒြိ​မြို့​သား၊ ယု​ဒ​လူ တစ်​ယောက်​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ၏။ ထို​သူ​သည် နှုတ်​သ​တ္တိ​နှင့် ပြည့်​စုံ၍ ကျမ်း​စာ၌ အား​ကြီး​သော​သူ​ဖြစ်၏။- သ​ခင်​ဘု​ရား၏​ဘာ​သာ၌​လေ့​ကျက်၍ စိတ်​အား​ကြီး​သ​ဖြင့်၊ သ​ခင်​ဘု​ရား၏​အ​ကြောင်း​များ​ကို စေ့​စေ့​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၏။ သို့​သော်​လည်း၊ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို​သာ​သိ၏။- ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။- ထို​သူ​သည် အ​ခါ​ယ​ပြည်​သို့​သွား​ခြင်း​ငှာ အ​လို​ရှိ​သည်​ဖြစ်၍၊ တ​ပည့်​တော်​ချင်း​တို့​သည် သူ့​ကို​လက်​ခံ​မည်​အ​ကြောင်း ညီ​အစ်​ကို​တို့​သည် မှာ​စာ​ကို​ပေး​လိုက်​ကြ၏။ သူ​သည်​ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို အ​လွန်​ထောက်​မ​လေ၏။- ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို ကျမ်း​စာ​အား​ဖြင့် ထင်​ရှား​စွာ​ပြ၍၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ယု​ဒ​လူ​တို့၏​စ​ကား​ကို အား​ကြီး​စွာ ပယ်​ဖျက်​လေ၏။

တမန်တော် 18:18-28 Common Language Bible (BCL)

ပေါ​လု​သည်​ကော​ရိန္သု​မြို့​တွင်​ရက်​ပေါင်း​များ စွာ​နေ​၏။ ထို​နောက်​ညီ​အစ်​ကို​တို့​ကို​နှုတ်​ဆက်​၍ ပြစ်​ကိ​လ၊ အာ​ကု​လ​တို့​နှင့်​အ​တူ​ရှု​ရိ​ပြည် သို့​သင်္ဘော​လွှင့်​လေ​၏။ ကင်​ခြေ​မြို့​မှ​သင်္ဘော မ​ထွက်​မီ သူ​သည်​ဘု​ရား​သ​ခင်​အား​သစ္စာ က​တိ​ပြု​ခဲ့​သ​ဖြင့်​မိ​မိ​၏​ဦး​ခေါင်း​ကို ရိတ်​၏။- ဧ​ဖက်​မြို့​သို့​ရောက်​သော​အ​ခါ​ပေါ​လု​သည် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို​မြို့​တွင်​ထား ခဲ့​၏။ သူ​သည်​တ​ရား​ဇ​ရပ်​သို့​ဝင်​ပြီး​လျှင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​တ​ရား​စ​ကား ဆွေး​နွေး​၏။- လူ​တို့​သည်​မိ​မိ​တို့​ထံ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း​ပေါ​လု​သည် ငြင်း​ဆန်​လျက်၊- ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​သင်​တို့ ထံ​သို့​ငါ​ပြန်​လာ​ခဲ့​မည်'' ဟု​ဆို​ပြီး​လျှင် သ​င်္ဘော​လွှင့်​လေ​၏။- သူ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်​သင်္ဘော​မှ ဆင်း​ပြီး​နောက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​၏။ ထို​နောက်​အန္တိ အုတ်​မြို့​သို့​သွား​၏။- ထို​မြို့​တွင်​ကာ​လ​အ​တန်​ကြာ​နေ​ပြီး​နောက် ခ​ရီး​ထွက်​ခဲ့​ရာ​ဂ​လာ​တိ​ပြည်​နှင့်​ဖြု​ဂိ ပြည်​တို့​သို့​ရောက်​ရှိ​လျက် ယုံ​ကြည်​သူ အ​ပေါင်း​တို့​ကို​ကြံ့​ခိုင်​စေ​လေ​သည်။ အာ​လေ​ဇန္ဒြိ​မြို့​သား​အာ​ပေါ​လု​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​သည်​ဧ​ဖက်​မြို့​သို့ ရောက်​လာ​၏။ သူ​သည်​အ​ဟော​အ​ပြော​ကောင်း​၍ ကျမ်း​စာ​တော်​ကို​အ​ထူး​ပင်​တတ်​ကျွမ်း​သူ ဖြစ်​၏။- သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​အ​ကြောင်း​ကို စုံ​လင်​စွာ​လေ့​လာ​သင်​ယူ​ထား​သူ​လည်း​ဖြစ် ၏။ သူ​သည်​သ​ခင်​ယေ​ရှု​နှင့်​သက်​ဆိုင်​သော တိ​ကျ​မှန်​ကန်​သည့်​အ​ကြောင်း​ပြ​ချက်​များ ကို စိတ်​အား​ထက်​သန်​စွာ​ဟော​ပြော​သွန်​သင်​၏။ သို့​သော်​သူ​သည်​ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​သာ သိ​၏။- သူ​သည်​တရား​ဇ​ရပ်​တွင်​ရဲ​ရင့်​စွာ​ဟော​ပြော လေ​၏။ သူ​၏​ဟော​ပြော​ချက်​ကို​ကြား​ရ​သော ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည် သူ့​ကို​အိမ် သို့​ခေါ်​ဖိတ်​၍ ဘု​ရား​သ​ခင်​၏​လမ်း​စဉ်​တော် အ​ကြောင်း​ကို​ပို​မို​တိ​ကျ​စွာ​ရှင်း​လင်း​ပေး ကြ​၏။- သူ​သည်​အ​ခါ​ယ​ပြည်​သို့​သွား​လို​သ​ဖြင့် ဧ​ဖက် မြို့​ရှိ​ညီ​အစ်​ကို​များ​သည်​သူ​၏​အ​တွက် အ​ခါ ယ​ပြည်​ရှိ​တ​ပည့်​တော်​တို့​ထံ​သို့​မိတ်​ဆက် စာ​ရေး​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​၏။ သူ​သည် အ​ခါ​ယ​ပြည်​သို့​ရောက်​သော​အ​ခါ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ယုံ​ကြည် လာ​သူ​များ​အား​များ​စွာ​အ​ကူ​အ​ညီ ပေး​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​ထု​ရှေ့ ဆွေး​နွေး​ပွဲ​များ​တွင် ကျမ်း​စာ​တော်​မှ​အ​ထောက် အ​ထား​များ​ဖြင့် သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ပင်​ဖြစ်​ကြောင်း​ကို ယု​ဒ​အ​မျိုး​သား​တို့​အား ပိုင်​နိုင်​စွာ​ချေ​ပ​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။

တမန်တော် 18:18-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ပေါလု​သည် ရက်​ပေါင်း​များစွာ​ဆက်​၍​နေ​ပြီးမှ ညီအစ်ကို​များ​ကို​နှုတ်ဆက်​ကာ ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​သွား​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်​ပါ​ကြ​၏။ ပေါလု​သည် အဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်၍ ရွက်​မ​လွှင့်​မီ ကင်ခြေ​မြို့​တွင် မိမိ​ဦးခေါင်း​ကို​ရိတ်​လေ​၏။ သူ​တို့​သည် ဧဖက်​မြို့​သို့​ရောက်​ကြ​သောအခါ ပေါလု​သည် အခြား​သော​သူ​တို့​ကို ထို​နေရာ​၌​ထား​ခဲ့​ပြီး ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လေ​၏။ လူ​တို့​သည် သူ့​အား​ပို၍​ကြာမြင့်​စွာ​နေထိုင်​ရန် တောင်းပန်​ကြ​သော်လည်း သူ​သည် မ​လိုက်လျော​ဘဲ “ဘုရားသခင်​အလို​တော်​ရှိ​လျှင် သင်​တို့​ထံသို့ နောက်တစ်ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် ဧဖက်​မြို့​မှ ရွက်လွှင့်​သွား​လေ​၏။ ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် ဂျေရုဆလင်​မြို့​သို့ တက်​သွား​၍ အသင်းတော်​ကို​နှုတ်ဆက်​ပြီးမှ အန္တိအုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။ သူ​သည် ထို​နေရာ​၌ အချိန်​အတန်ကြာ​နေ​ပြီးနောက် ပြန်လည်​ထွက်ခွာ​၍ ဂလာတိ​ပြည်​နှင့်​ဖြူဂိ​ပြည်​တို့​ကို အစဉ်လိုက်​လှည့်လည်​ကာ တပည့်​တော်​အားလုံး​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။ ထိုစဉ် အာပေါလု​အမည်​ရှိ​သော အလက်ဇန္ဒြိယ​မြို့သား ဂျူး​လူမျိုး​တစ်​ဦး​သည် ဧဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်ရေး​ကောင်း​၍ ကျမ်းစာ​ကို​လည်း တတ်ကျွမ်း​သူ​ဖြစ်​၏။ သူ​သည် သခင်​ဘုရား​၏​တရား​လမ်း​ကို သင်ယူ​ထား​ပြီး ဝိညာဉ်ရေး​၌​ထက်သန်​လျက် ယေရှု​အကြောင်း​ကို တိကျ​သေချာ​စွာ​ဟောပြော​သွန်သင်​လေ​၏။ သို့သော် ယောဟန်​၏​ဗတ္တိဇံ​ကို​သာ သိ​၏။ သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည် သူ​ဟောပြော​သည်​ကို​ကြား​ကြ​သောအခါ သူ့​ကို​ဖိတ်ခေါ်​၍ ဘုရားသခင်​၏​တရား​လမ်း​ကို ပို၍​သေချာ​စွာ​ရှင်းပြ​ကြ​၏။ အာပေါလု​သည် အခါယ​ပြည်​သို့​သွား​လို​သောအခါ ညီအစ်ကို​များ​သည် သူ့​ကို​အားပေး​၍ ထို​ပြည်​ရှိ​တပည့်​တော်​များ​အား သူ့​ကို ကြိုဆို​လက်ခံ​ရန် စာ​ရေး​ပေး​ကြ​၏။ သူ​သည် ရောက်​သောအခါ ကျေးဇူး​တော်​အားဖြင့်​ယုံကြည်​လာ​သူ​များ​ကို များစွာ​ကူညီ​လေ​၏။ အကြောင်းမူကား သူ​သည် ကျမ်းစာ​အားဖြင့် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ထောက်ပြ​လျက် လူ​အများ​ရှေ့တွင် ဂျူး​လူမျိုး​တို့​ကို ပိုင်နိုင်​စွာ​ချေပ​လေ​၏။