တမန်တော် 16:31-40
တမန်တော် 16:31-40 Judson Bible (JBMLE)
ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊- ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။- ထိုည၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့် သိလတို့ကိုယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့်တကွ ဗတ္တိဇံကို ချက်ချင်းခံလေ၏။- တစ်ဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ နံနက်ရောက်သောအခါ စစ်ကဲတို့သည် ရုံးလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေဟု မှာလိုက်ကြ၏။- ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှာ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊- ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ်ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နုတ်ယူကြစေဟု ရုံးလုလင်တို့အား ပြောဆို၏။- ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည် ရောမလူဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊- ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နုတ်ယူ၍၊ ထိုမြို့မှ ထွက်သွားပါမည်အကြောင်း တောင်းပန်ကြ၏။- ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏။
တမန်တော် 16:31-40 Common Language Bible (BCL)
သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊- ထိုသူနှင့်တကွသူ၏အိမ်တွင်ရှိသောသူ အပေါင်းတို့အား သခင်ဘုရား၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။- ထိုညအချိန်၌ပင်လျှင်ထောင်မှူးသည် ပေါလု နှင့်သိလတို့ကိုခေါ်၍ဒဏ်ချက်ရာများကို ဆေးကြောပေး၏။ ထိုနောက်ချက်ချင်းပင်သူနှင့် တကွအိမ်သူအိမ်သားအပေါင်းတို့သည် ဗတ္တိဇံ မင်္ဂလာခံယူကြ၏။- သူသည်ပေါလုနှင့်သိလတို့အားမိမိ၏အိမ် သို့ဖိတ်ခေါ်၍ စားဖွယ်သောက်ဖွယ်များကိုတည် ခင်းကျွေးမွေး၏။ သူနှင့်သူ၏အိမ်သားတို့သည် ဘုရားသခင်ကိုယုံကြည်လာကြသဖြင့်လွန် စွာရွှင်လန်းဝမ်းမြောက်ကြလေသည်။ နောက်တစ်နေ့မိုးလင်းသောအခါအရာရှိ တို့သည် ထိုသူတို့ကိုထောင်မှလွှတ်လိုက်ရန် ရဲအရာရှိများကိုစေလွှတ်၍အမိန့်ဆင့် ဆိုစေကြ၏။- သို့ဖြစ်၍ထောင်မှူးသည်ပေါလုအား ``အရာရှိ တို့ကအရှင်တို့အားထောင်မှလွှတ်လိုက်ရန် အမိန့်ပေးပါ၏။ ထိုကြောင့်စိတ်အေးချမ်းစွာ အရှင်တို့သွားကြပါ'' ဟုဆို၏။ သို့ရာတွင်ပေါလုက ``ရောမနိုင်ငံသားများ ဖြစ်သောငါတို့အားစစ်ကြောစီရင်ခြင်းမ ပြုဘဲ ငါတို့ကိုလူပရိသတ်ရှေ့တွင်ရိုက်နှက် ၍အကျဉ်းချထားခဲ့ကြ၏။ ယခုငါတို့ကို တိတ်တဆိတ်လွှတ်လိုကြပါသလော။ ထိုသို့ မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ငါတို့ကို ထောင်မှထုတ်ကြပါစေ'' ဟုရဲအရာရှိ တို့အားပြော၏။ ရဲအရာရှိတို့သည်လည်းဤအကြောင်းကို အရာရှိတို့အားပြန်လည်လျှောက်ထားကြ ၏။ ပေါလုနှင့်သိလတို့သည်ရောမနိုင်ငံသား များဖြစ်ကြောင်းကို အရာရှိတို့ကြားသော အခါကြောက်လန့်ကြ၏။- သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။- သို့ဖြစ်၍သူတို့သည်အကျဉ်းထောင်မှထွက်ခွာ ၍ လုဒိ၏အိမ်သို့သွားကြ၏။ ထိုနောက်ယုံကြည် သူတို့နှင့်တွေ့ဆုံကာအားပေးစကားပြော ကြားပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြလေ သည်။
တမန်တော် 16:31-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့ကလည်း “သခင်ယေရှုကိုယုံကြည်လော့။ သို့ပြုလျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ဆိုကြ၏။ ထို့နောက် သူနှင့် သူ၏အိမ်၌ရှိသောသူအားလုံးတို့အား သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။ ထောင်မှူးသည် ထိုညတွင်းချင်းပင် သူတို့ကိုခေါ်ဆောင်သွား၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထို့နောက် သူနှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ချက်ချင်းဗတ္တိဇံခံကြ၏။ သူသည် ပေါလုနှင့်သိလတို့ကို အိမ်သို့ခေါ်ဖိတ်၍ စားဖွယ်ရာများတည်ခင်းကျွေးမွေးကာ အိမ်သူအိမ်သားအားလုံးနှင့်အတူ ဘုရားသခင်ကိုယုံကြည်ရသောကြောင့် အလွန်ဝမ်းမြောက်လေ၏။ မိုးလင်းသောအခါ အုပ်ချုပ်ရေးအရာရှိများသည် နယ်ထိန်းတို့ကိုစေလွှတ်၍ “ထိုသူတို့ကိုလွှတ်ပေးလိုက်ပါ”ဟု ဆိုကြ၏။ ထိုအခါ ထောင်မှူးသည် ထိုသတင်းကို ပေါလုအား ပြောကြားလျက် “အုပ်ချုပ်ရေးအရာရှိများက လူလွှတ်၍ သင်တို့ကိုလွှတ်ပေးရန် မှာလိုက်ပါသည်။ ထို့ကြောင့် ယခုထွက်လာ၍ ငြိမ်းချမ်းစွာသွားကြပါ”ဟု ဆို၏။ သို့သော် ပေါလုသည် ထိုနယ်ထိန်းတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်ကြသောငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့၌ ရိုက်နှက်လျက် ထောင်ထဲ၌ထည့်ထားကြပြီးမှ ယခု ငါတို့ကို တိတ်တဆိတ်ပြန်လွှတ်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ”ဟု ဆိုလေ၏။ ထိုအခါ နယ်ထိန်းတို့သည် ထိုစကားတို့ကို အုပ်ချုပ်ရေးအရာရှိများထံ ပြောကြားကြ၏။ သူတို့နှစ်ဦးသည် ရောမနိုင်ငံသားဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိများ ကြားသိသောအခါ ကြောက်ရွံ့ကြ၍ ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။ သူတို့သည်လည်း ထောင်ထဲမှ ထွက်လာကြသောအခါ လုဒိထံသို့ သွား၍ ညီအစ်ကိုများနှင့်တွေ့ဆုံကာ သူတို့ကို တိုက်တွန်းနှိုးဆော်ပြီးမှ ထွက်ခွာသွားကြ၏။