YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:16-33

တမန်တော် 16:16-33 Judson Bible (JBMLE)

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။- ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။- သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။- စစ်​ကဲ​မင်း​ထံ​သို့​ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ယု​ဒ​လူ​ဖြစ်​လျက် ငါ​တို့​မြို့​ကို နှောင့်​ယှက်​တတ်​ပါ၏။- ရော​မ​လူ​ဖြစ်​သော​ငါ​တို့​သည် မ​ခံ​မ​ယူ မ​ကျင့်​အပ်​သော ဘာ​သာ​ထုံး​တမ်း​များ​ကို ဟော​ပြော​သွန်​သင်​တတ်​ပါ၏​ဟု လျှောက်​ဆို​ကြ​လျှင်၊- စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။- ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။- ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။ သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။- ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။- ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။- ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။- သူ​တို့​ကို ပြင်​သို့​ထုတ်​ပြီး​လျှင်​လည်း၊ သ​ခင်​တို့၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​လေ၏။- ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊- ထို​သူ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သ​မျှ​သော သူ​တို့​အား သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ကြ၏။- ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ချင်းခံ​လေ၏။

တမန်တော် 16:16-33 Common Language Bible (BCL)

တစ်​နေ့​သ​၌​ကျွန်ုပ်​တို့​သည်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​အ​ရပ်​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​နိုင် သော​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ၊ ငွေ​ဝယ်​ကျွန်​မိန်း​မ ငယ်​တစ်​ယောက်​နှင့်​တွေ့​ဆုံ​၏။ သူ​သည်​ဤ​သို့ ဗေ​ဒင်​ဟော​ပြော​ခြင်း​ဖြင့် မိ​မိ​၏​သ​ခင်​ဖြစ် သူ​တို့​အား​ကြေး​ငွေ​အ​မြောက်​အ​မြား ရ​ရှိ​စေ​၏။- ထို​ကျွန်​မ​သည်​ပေါ​လု​နှင့်​ကျွန်ုပ်​တို့​နောက် သို့​လိုက်​လျက် ``ဤ​သူ​တို့​ကား​အ​မြင့်​ဆုံး သော​ဘု​ရား​၏​အ​စေ​ခံ​များ​ဖြစ်​၍ သင်​တို့ အား​ကယ်​တင်​ခြင်း​တ​ရား​ကို​ဟော​ပြော သူ​များ​တည်း'' ဟု​ဟစ်​အော်​လေ​၏။- ထို​သူ​ငယ်​မ​သည်​ဤ​သို့​ရက်​ပေါင်း​များ​စွာ ဟစ်​အော်​လျက်​နေ​သ​ဖြင့် ပေါ​လု​သည်​လွန်​စွာ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​ရ​ကား နောက်​သို့​လှည့် ၍ ``သင်​သည်​သူ​ငယ်​မ​အ​ထဲ​မှ​ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင့် အား​ငါ​အ​မိန့်​ပေး​၏'' ဟု​နတ်​မိစ္ဆာ​အား​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​နတ်​မိစ္ဆာ​သည်​ထွက်​သွား ၏။- သူ​ငယ်​မ​၏​သ​ခင်​ဖြစ်​သူ​တို့​သည် မိ​မိ​တို့ ငွေ​ဝင်​ပေါက်​ပိတ်​သွား​ကြောင်း​သိ​ရှိ​ကြ​သော အ​ခါ ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အာ​ဏာ​ပိုင်​များ​ရှိ​ရာ​မြို့​တွင်း​မြေ​ကွက် လပ်​သို့​ဆွဲ​ခေါ်​သွား​ကြ​၏။- ရော​မ​အ​ရာ​ရှိ​တို့​၏​ရှေ့​သို့​ရောက်​သော​အ​ခါ ``ဤ​သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား​များ​ဖြစ် ပါ​သည်။ ကျွန်​တော်​တို့​မြို့​တွင်​ဆူ​ပူ​မှု​ဖြစ် အောင်​ပြု​လျက်​နေ​ကြ​ပါ​သည်။- ကျွန်​တော်​တို့​တ​ရား​ဥ​ပ​ဒေ​များ​နှင့် ဆန့်​ကျင် သော​ထုံး​တမ်း​စဉ်​လာ​များ​ကို​သွန်​သင်​နေ​ကြ ပါ​သည်။ ရော​မ​အ​မျိုး​သား​များ​အ​နေ​ဖြင့် ကျွန်ုပ်​တို့​သည် ထို​ထုံး​တမ်း​စဉ်​လာ​များ​ကို လက်​မ​ခံ​နိုင်၊ မ​ကျင့်​သုံး​နိုင်​ပါ'' ဟု​လျှောက် ထား​ကြ​၏။- လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။ အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။- စစ်​သား​များ​သည်​လည်း​ပေါ​လု​နှင့်​သိ​လ​တို့​ကို ပြင်း​ထန်​စွာ​ကြိမ်​ဒဏ်​ပေး​ပြီး​လျှင်​ထောင်​ချ​ထား ကြ​၏။ သူ​တို့​အား​လုံ​ခြုံ​စွာ​ချုပ်​နှောင်​ထား​ရန် အ​မိန့်​အ​ရ၊- ထောင်​မှူး​သည်​သူ​တို့​အား​အ​လုံ​ထောင်​သို့​သွင်း ပြီး​လျှင် ခြေ​များ​ကို​ထိတ်​ခတ်​၍​ထား​လေ​၏။ သန်း​ခေါင်​အ​ချိန်​ခန့်​၌​ပေါ​လု​နှင့်​သိ​လ​တို့​သည် ပတ္ထ​နာ​ပြု​ကာ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​သီ​ဆို​လျက်​နေ​ကြ​၏။- ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။- ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။- သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။ ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။- ထို​နောက်​သူ​တို့​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ``အ​ရှင်​တို့၊ ကျွန်​တော်​သည်​ကယ်​တင်​ခြင်း ခံ​ရ​စေ​ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​၏။ သူ​တို့​က​လည်း ``သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် လော့။ သို့​ယုံ​ကြည်​လျှင်​သင်​နှင့်​တ​ကွ​သင်​၏ အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ပြီး​နောက်၊- ထို​သူ​နှင့်​တ​ကွ​သူ​၏​အိမ်​တွင်​ရှိ​သော​သူ အ​ပေါင်း​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။- ထို​ည​အ​ချိန်​၌​ပင်​လျှင်​ထောင်​မှူး​သည် ပေါ​လု နှင့်​သိ​လ​တို့​ကို​ခေါ်​၍​ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို​နောက်​ချက်​ချင်း​ပင်​သူ​နှင့် တ​ကွ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။

တမန်တော် 16:16-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။ ထို​မိန်းမ​သည် ပေါလု​နှင့်​ငါ​တို့​နောက်​သို့ လိုက်လာ​၍ “ဤ​သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​အစေအပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်တင်​ခြင်း​တရား​လမ်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်ဟစ်​လေ​၏။ သူ​သည် ရက်​ပေါင်း​များစွာ ထိုသို့​ပြု​နေ​၍ ပေါလု​သည် စိတ်အနှောင့်အယှက်​ဖြစ်​သဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အထဲမှ ထွက်သွား​ရန် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ သင့်​ကို ငါ​အမိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အချိန်​၌​ပင် ထွက်သွား​လေ​၏။ သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။ အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍ ရောမ​နိုင်ငံသား​များ​ဖြစ်​ကြ​သော​အကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်သုံး​အပ်​သော ဓလေ့​ထုံးစံ​များ​ကို ဟောပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။ လူထု​ပရိသတ်​က​လည်း သူ​တို့​နှင့်အတူ​ထ​လျက် ပေါလု​နှင့်​သိလ​တို့​ကို ဆန့်ကျင်​ကြ​၏။ ထိုအခါ အုပ်ချုပ်ရေး​အရာရှိ​တို့​သည် ပေါလု​နှင့်​သိလ​တို့​၏​အဝတ်​ကို​ဆွဲဖြဲ​၍ သူ​တို့​ကို​ရိုက်နှက်​ရန် အမိန့်​ပေး​ကြ​၏။ သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။ ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။ သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။ ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။ ထောင်မှူး​သည် နိုး​လာ​၍ ထောင်​တံခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အကျဉ်းသား​များ​လွတ်​သွား​ပြီ​ဟု​ထင်မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိမိကိုယ်ကို​သတ်​မည်​ပြု​၏။ သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။ ထိုအခါ ထောင်မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေးဝင်​လာ​ပြီးလျှင် တုန်လှုပ်​လျက် ပေါလု​နှင့်​သိလ​တို့​ရှေ့​တွင် ပျပ်ဝပ်​လေ​၏။ ထို့နောက် သူ​တို့​ကို အပြင်​သို့​ထုတ်ဆောင်​ကာ “အရှင်​တို့၊ ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေး​လေ​၏။ သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အားလုံး​တို့​အား သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​ကြ​၏။ ထောင်မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်ဆောင်​သွား​၍ ဒဏ်ရာ​များ​ကို ဆေးကြော​ပေး​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်သူအိမ်သား​အားလုံး​တို့​သည် ချက်ချင်း​ဗတ္တိဇံ​ခံ​ကြ​၏။