YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:16-24

တမန်တော် 16:16-24 Judson Bible (JBMLE)

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။- ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။- သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။- စစ်​ကဲ​မင်း​ထံ​သို့​ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ယု​ဒ​လူ​ဖြစ်​လျက် ငါ​တို့​မြို့​ကို နှောင့်​ယှက်​တတ်​ပါ၏။- ရော​မ​လူ​ဖြစ်​သော​ငါ​တို့​သည် မ​ခံ​မ​ယူ မ​ကျင့်​အပ်​သော ဘာ​သာ​ထုံး​တမ်း​များ​ကို ဟော​ပြော​သွန်​သင်​တတ်​ပါ၏​ဟု လျှောက်​ဆို​ကြ​လျှင်၊- စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။- ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။- ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။

တမန်တော် 16:16-24 Common Language Bible (BCL)

တစ်​နေ့​သ​၌​ကျွန်ုပ်​တို့​သည်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​အ​ရပ်​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​နိုင် သော​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ၊ ငွေ​ဝယ်​ကျွန်​မိန်း​မ ငယ်​တစ်​ယောက်​နှင့်​တွေ့​ဆုံ​၏။ သူ​သည်​ဤ​သို့ ဗေ​ဒင်​ဟော​ပြော​ခြင်း​ဖြင့် မိ​မိ​၏​သ​ခင်​ဖြစ် သူ​တို့​အား​ကြေး​ငွေ​အ​မြောက်​အ​မြား ရ​ရှိ​စေ​၏။- ထို​ကျွန်​မ​သည်​ပေါ​လု​နှင့်​ကျွန်ုပ်​တို့​နောက် သို့​လိုက်​လျက် ``ဤ​သူ​တို့​ကား​အ​မြင့်​ဆုံး သော​ဘု​ရား​၏​အ​စေ​ခံ​များ​ဖြစ်​၍ သင်​တို့ အား​ကယ်​တင်​ခြင်း​တ​ရား​ကို​ဟော​ပြော သူ​များ​တည်း'' ဟု​ဟစ်​အော်​လေ​၏။- ထို​သူ​ငယ်​မ​သည်​ဤ​သို့​ရက်​ပေါင်း​များ​စွာ ဟစ်​အော်​လျက်​နေ​သ​ဖြင့် ပေါ​လု​သည်​လွန်​စွာ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​ရ​ကား နောက်​သို့​လှည့် ၍ ``သင်​သည်​သူ​ငယ်​မ​အ​ထဲ​မှ​ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင့် အား​ငါ​အ​မိန့်​ပေး​၏'' ဟု​နတ်​မိစ္ဆာ​အား​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​နတ်​မိစ္ဆာ​သည်​ထွက်​သွား ၏။- သူ​ငယ်​မ​၏​သ​ခင်​ဖြစ်​သူ​တို့​သည် မိ​မိ​တို့ ငွေ​ဝင်​ပေါက်​ပိတ်​သွား​ကြောင်း​သိ​ရှိ​ကြ​သော အ​ခါ ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အာ​ဏာ​ပိုင်​များ​ရှိ​ရာ​မြို့​တွင်း​မြေ​ကွက် လပ်​သို့​ဆွဲ​ခေါ်​သွား​ကြ​၏။- ရော​မ​အ​ရာ​ရှိ​တို့​၏​ရှေ့​သို့​ရောက်​သော​အ​ခါ ``ဤ​သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား​များ​ဖြစ် ပါ​သည်။ ကျွန်​တော်​တို့​မြို့​တွင်​ဆူ​ပူ​မှု​ဖြစ် အောင်​ပြု​လျက်​နေ​ကြ​ပါ​သည်။- ကျွန်​တော်​တို့​တ​ရား​ဥ​ပ​ဒေ​များ​နှင့် ဆန့်​ကျင် သော​ထုံး​တမ်း​စဉ်​လာ​များ​ကို​သွန်​သင်​နေ​ကြ ပါ​သည်။ ရော​မ​အ​မျိုး​သား​များ​အ​နေ​ဖြင့် ကျွန်ုပ်​တို့​သည် ထို​ထုံး​တမ်း​စဉ်​လာ​များ​ကို လက်​မ​ခံ​နိုင်၊ မ​ကျင့်​သုံး​နိုင်​ပါ'' ဟု​လျှောက် ထား​ကြ​၏။- လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။ အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။- စစ်​သား​များ​သည်​လည်း​ပေါ​လု​နှင့်​သိ​လ​တို့​ကို ပြင်း​ထန်​စွာ​ကြိမ်​ဒဏ်​ပေး​ပြီး​လျှင်​ထောင်​ချ​ထား ကြ​၏။ သူ​တို့​အား​လုံ​ခြုံ​စွာ​ချုပ်​နှောင်​ထား​ရန် အ​မိန့်​အ​ရ၊- ထောင်​မှူး​သည်​သူ​တို့​အား​အ​လုံ​ထောင်​သို့​သွင်း ပြီး​လျှင် ခြေ​များ​ကို​ထိတ်​ခတ်​၍​ထား​လေ​၏။

တမန်တော် 16:16-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။ ထို​မိန်းမ​သည် ပေါလု​နှင့်​ငါ​တို့​နောက်​သို့ လိုက်လာ​၍ “ဤ​သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​အစေအပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်တင်​ခြင်း​တရား​လမ်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်ဟစ်​လေ​၏။ သူ​သည် ရက်​ပေါင်း​များစွာ ထိုသို့​ပြု​နေ​၍ ပေါလု​သည် စိတ်အနှောင့်အယှက်​ဖြစ်​သဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အထဲမှ ထွက်သွား​ရန် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ သင့်​ကို ငါ​အမိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အချိန်​၌​ပင် ထွက်သွား​လေ​၏။ သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။ အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍ ရောမ​နိုင်ငံသား​များ​ဖြစ်​ကြ​သော​အကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်သုံး​အပ်​သော ဓလေ့​ထုံးစံ​များ​ကို ဟောပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။ လူထု​ပရိသတ်​က​လည်း သူ​တို့​နှင့်အတူ​ထ​လျက် ပေါလု​နှင့်​သိလ​တို့​ကို ဆန့်ကျင်​ကြ​၏။ ထိုအခါ အုပ်ချုပ်ရေး​အရာရှိ​တို့​သည် ပေါလု​နှင့်​သိလ​တို့​၏​အဝတ်​ကို​ဆွဲဖြဲ​၍ သူ​တို့​ကို​ရိုက်နှက်​ရန် အမိန့်​ပေး​ကြ​၏။ သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။ ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။