YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 10:9-47

တမန်တော် 10:9-47 Judson Bible (JBMLE)

နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။- ဆာ​မွတ်၍ အ​စာ​အာ​ဟာ​ရ​ကို အ​လို​ရှိ​လျှင် သူ​တစ်​ပါး​တို့​သည် အ​စာ​အာ​ဟာ​ရ​ကို ပြင်​ဆင်​ကြ​စဉ်​အ​ခါ ပေ​တ​ရု​သည် ဘ​ဝင်​ဖြစ်​၍​နေ​သ​ဖြင့်၊- ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ခြုံ​ထည်​ကဲ့​သို့ လေး​ထောင့်​ချုပ်၍ မြေ​သို့​ချ​လွှတ်​သော တန်​ဆာ​သည် မိ​မိ​ဆီ​သို့ ဆင်း​သက်​လာ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- ထို​တန်​ဆာ​ထဲ၌ သား​ရဲ​မှ​စ၍ မြေ၌​ကျင်​လည် သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​သည် ရှိ​ကြ၏။- စ​ကား​အ​သံ​သည်​လည်း၊ ပေ​တ​ရု​ထ၍ သတ်​စား​လော့​ဟု လာ၏။- ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။- နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော်​မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု လာ​ပြန်၏။- ထို​သို့ သုံး​ကြိမ်​မြောက်​အောင်​လာ​ပြီး​လျှင်၊ ထို​တန်​ဆာ​ကို ကောင်း​ကင်​ထဲ​သို့ သိမ်း​ရုပ်​ပြန်​လေ၏။ ပေ​တ​ရု​သည် မိ​မိ​မြင်​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကား၊ အ​ဘယ်​သို့ ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်၍ နေ​စဉ်​တွင်၊ ကော်​နေ​လိ​စေ​လွှတ်​သော​သူ​တို့​သည် ရှိ​မုန်​အိမ်​ကို မေး​မြန်း​ရှာ​ဖွေ၍ တံ​ခါး​ရှေ့​မှာ​ရပ်​လျက်၊ ပေ​တ​ရု​အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​သည် ဤ​မှာ​တည်း​နေ​ပါ သ​လော​ဟု မေး​မြန်း​ဟစ်​ခေါ်​ကြ၏။ ပေ​တ​ရု​သည် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ဆင်​ခြင်၍​နေ​စဉ်​တွင် ဝိ​ညာဉ်​တော်​က၊ လူ​သုံး​ယောက်​တို့​သည် သင့်​ကို​ရှာ​ကြ၏။- ထ၍​ဆင်း​လော့။ တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ လိုက်​သွား​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ငါ​စေ​လွှတ်​သော သူ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​သည်​ဆင်း၍၊ ငါ​ကား၊ သင်​တို့​ရှာ​သော​သူ ဖြစ်၏။ အ​ဘယ်​အ​ကြောင်း​ရှိ၍ လာ​ကြ​သ​နည်း​ဟု ထို​သူ​တို့​အား​မေး၏။- ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။- ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို အိမ်​ထဲ​သို့​ခေါ်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။ နက်​ဖြန်​နေ့၌​ထ၍ ထို​သူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ယု​ပ္ပေ​မြို့​သား​ဖြစ်​သော ညီ​အစ်​ကို အ​ချို့​တို့​သည် လိုက်​ကြ၏။ ထို​နောက်​တစ်​နေ့၌ ကဲ​သ​ရိ​မြို့​သို့​ဝင်​ကြ၍၊ ကော်​နေ​လိ​သည် မိ​မိ​အ​ဆွေ​အ​မျိုး မိတ်​ဆွေ​ခင်​ပွန်း​များ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ထို​သူ​တို့​ကို​မျှော်​လင့်​လျက်​နေ​ကြ၏။- ပေ​တ​ရု​ရောက်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​ပြု၍၊ ပေ​တ​ရု၏​ခြေ​ရင်း၌ ပျပ်​ဝပ်​လျက် ကိုး​ကွယ်​လေ၏။- ပေ​တ​ရု​သည် သူ့​ကို​ချီ​ပင့်​လျက်၊ ထ​လော့။ ငါ​ကိုယ်​တိုင် လူ​ဖြစ်​သည်​ဟု​ဆို၏။- ထို​သို့​နှုတ်​ဆက်၍ ဝင်​လေ​သော် စု​ဝေး​လျက်​ရှိ​ကြ​သော လူ​များ​ကို​တွေ့​လျှင်၊- ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။- ထို​ကြောင့် ငါ့​ကို​ခေါ်​ကြ​သော​အ​ခါ ငါ​သည် မ​ငြင်း​မ​ခုံ​ဘဲ​လျက် လာ၏။ သို့​ဖြစ်၍ အ​ဘယ်​အ​ကြောင်း​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း၊ ငါ​မေး​လို​သည်​ဟု ထို​သူ​တို့ အား​ပြော​ဆို၏။ ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊- ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။- ထို​ကြောင့် ယု​ပ္ပေ​မြို့​သို့​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။ ထို​သူ​သည် ပင်​လယ်​နား​မှာ သား​ရေ​လုပ်​သ​မား ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​သူ​သည်​ရောက်​လာ​လျှင် သင့်​အား ဟော​ပြော​လိမ့်​မည်​ဟု ပြော​ဆို​ပါ၏။- ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။ ထို​အ​ခါ​ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။- လူ​အ​မျိုး​မျိုး​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ တ​ရား​သ​ဖြင့် ကျင့်​ဆောင်​သော​သူ​သည် အ​ထံ​တော်၌ မျက်​နှာ​ရ​သည်​ကို ငါ​သိ​မြင်၏။- အ​လုံး​စုံ​တို့​ကို အ​စိုး​ရ​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​လျက်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ပေး​လိုက်​တော်​မူ​သော တ​ရား​တော်​နှင့်​အ​ညီ၊- ယော​ဟန်​သည် ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​သည်​နောက် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​သည် သိ​ကြ၏။- ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။- ငါ​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​တွင်​ပြု​တော်​မူ​သော အ​မှု​များ​တို့၏ သက်​သေ​ခံ​ဖြစ်​ကြ၏။ ထို​သူ​ကို သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​ကြ​လေ၏။- သုံး​ရက်​မြောက်​သော​နေ့၌ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ၍၊- လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မ​မူ၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​နှင့်​သော သက်​သေ​ခံ​တည်း​ဟူ​သော ငါ​တို့​အား ထင်​ရှား​စွာ ပြ​တော်​မူ၏။ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စား​သောက်​ရ​ကြ၏။- ထို​သ​ခင်​သည်​လည်း အ​သက်​ရှင်​သော​သူ​တို့​နှင့် သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ခန့်​ထား​တော် မူ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ကြ​လော့။ သက်​သေ​ခံ​ကြ​လော့​ဟု ငါ​တို့​အား ပ​ညတ်​ထား​တော်​မူ၏။- ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။ ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။- တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။- ထို​အ​ခါ ပေ​တ​ရု​က၊ ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ရ​သော ဤ​သူ​တို့​ကို ဗ​တ္တိ​ဇံ​မ​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် ရေ​ကို မြစ်​တား​နိုင်​သ​နည်း ဟု​ဆို​လျက်၊

တမန်တော် 10:9-47 Common Language Bible (BCL)

ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။- သူ​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့်​အ​စား အ​စာ​ကို​တောင့်​တ​၏။ သူ​၏​အ​တွက်​အ​စား အ​စာ​များ​ပြင်​ဆင်​နေ​ကြ​စဉ်​သူ​သည်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​လေ​သည်။- ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မိုး​ကောင်း​ကင်​ကွဲ​ဟ သည်​ကို​လည်း​ကောင်း၊ ထောင့်​လေး​ထောင့်​မှ​ချုပ် ကိုင်​ထား​သော​ရွက်​ထည်​ကြီး​နှင့်​တူ​သည့် အ​ရာ​မြေ​သို့​ကျ​လာ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ရ​၏။- ထို​အ​ရာ​ထဲ​တွင်​ခြေ​လေး​ချောင်း​သတ္တဝါ မျိုး၊ တွား​တတ်​သည့်​သတ္တ​ဝါ​အ​မျိုး​မျိုး​နှင့် ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​တို့​ဖြင့်​ပါ​ရှိ​၏။- ``ပေ​တ​ရု၊ ထ​လော့၊ သတ်​၍​စား​လော့'' ဟူ​သော အ​သံ​ကို​သူ​ကြား​ရ​၏။ ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဗျာ​ဒိတ်​သံ​က ``ဘု​ရား​သ​ခင်​သန့်​စင် သည်​ဟု​ဆို​သည့်​အ​ရာ​ကို​သင်​က​ညစ်​ညမ်း​သည် ဟု​မ​ဆို​ရ'' ဟု​မိန့်​တော်​မူ​၏။- ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ချက်​ချင်း​ပင်​ရွက်​ထည်​နှင့်​တူ​သော​အ​ရာ​သည် မိုး​ကောင်း​ကင်​သို့​ပြန်​လည်​ရုပ်​သိမ်း​ခြင်း​ကို ခံ​ရ​လေ​သည်။ ပေ​တ​ရု​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​၏။ ထို အ​ချိန်​၌​ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​၍ ယ​ခု​အိမ်​ရှေ့​သို့​ရောက်​ရှိ​လာ​ကြ​၏။- ထို​သူ​တို့​က ``ပေ​တ​ရု​ခေါ်​ရှိ​မုန်​သည်​ဤ အိမ်​တွင်​ရှိ​ပါ​၏​လော'' ဟု​အော်​၍​မေး​မြန်း ကြ​၏။ ပေ​တ​ရု​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​စဉ်း​စား​နေ​စဉ်​ဝိ​ညာဉ်​တော်​က ``လူ​သုံး ယောက်​တို့​သည်​သင့်​ကို​ရှာ​နေ​ကြ​၏။- ထ​၍​ဆင်း​သွား​လော့။ ငါ​ပင်​သူ​တို့​ကို​စေ​လွှတ် လိုက်​သည်​ဖြစ်​၍ မ​ဆိုင်း​မ​တွ​ဘဲ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထို​သူ​တို့​ထံ​သို့​ဆင်း သွား​ပြီး​လျှင် ``သင်​တို့​ရှာ​နေ​သူ​ကား​ငါ​ပင် ဖြစ်​သည်။ အ​ဘယ်​အ​ကြောင်း​ကြောင့်​သင်​တို့ ရောက်​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။- ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။ နောက်​တစ်​နေ့​၌​သူ​သည်​ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​သော​အ​ခါ ယုပ္ပေ​မြို့​မှ​ယုံ​ကြည်​သူ ညီ​အစ်​ကို​အ​ချို့​တို့​လည်း​လိုက်​ပါ​သွား​ကြ​၏။- နောက်​တစ်​နေ့​၌​ပေ​တ​ရု​သည်​ကဲ​သ​ရိ​မြို့​သို့ ရောက်​လေ​သည်။ ထို​မြို့​တွင်​ကော်​နေ​လိ​သည် မိ​မိ​ဖိတ်​ခေါ်​ထား​သည့်​ဆွေ​မျိုး​သား​ချင်း များ၊ ရင်း​နှီး​သော​မိတ်​ဆွေ​များ​နှင့်​အ​တူ သူ့​အား​စောင့်​မျှော်​လျက်​နေ​ကြ​၏။- ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​၍​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လေ​၏။- သို့​ရာ​တွင်​ပေ​တ​ရု​က ``ထ​လော့၊ ငါ​ကိုယ်​တိုင် ပင်​လူ​သာ​မန်​ဖြစ်​ပါ​သည်'' ဟု​ဆို​၍ ကော်​နေ​လိ ကို​အ​ထ​ခိုင်း​၏။- ထို​နောက်​ကော်​နေ​လိ​နှင့်​အ​တူ​စ​ကား​ပြော လျက်​အိမ်​ထဲ​သို့​ဝင်​သွား​သော​အ​ခါ လူ အ​မြောက်​အ​မြား​စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​မြင်​ရ​၏။- ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။- ထို့​ကြောင့်​ငါ့​ကို​သင်​ခေါ်​ဖိတ်​သော​အ​ခါ ငါ​သည်​မ​ငြင်း​မ​ဆို​ဘဲ​လိုက်​လာ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ဖိတ်​ရ​ကြောင်း ပြော​ကြား​ပါ​လော့'' ဟု​ဆို​၏။ ကော်​နေ​လိ​က ``လွန်​ခဲ့​သော​သုံး​ရက်​က​မွန်း လွဲ​သုံး​နာ​ရီ​၌ အ​ကျွန်ုပ်​သည်​အိမ်​မှာ​ဆု​တောင်း လျက်​နေ​ပါ​၏။ ထို​အ​ခါ​တောက်​ပြောင်​သော အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သူ​လူ​တစ်​ယောက် သည် အ​ကျွန်ုပ်​၏​ရှေ့​တွင်​ရုတ်​တ​ရက်​ရပ်​၍၊- `ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ဘု​ရား သ​ခင်​ကြား​တော်​မူ​ပြီ။ သင်​၏​စွန့်​ကြဲ​ပေး​ကမ်း မှု​ကို​လည်း​သိ​မှတ်​တော်​မူ​ပြီ။- သို့​ဖြစ်​၍​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ရှိ​မုန်​ပေ​တ​ရု ဟု​ခေါ်​သော​သူ​ကို​ပင့်​လော့။ သူ​သည်​ပင်​လယ်​ကမ်း အ​နီး​ရှိ​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏' ဟု​မြွက်​ဆို​ပါ​၏။- ထို​ကြောင့်​အ​ကျွန်ုပ်​သည်​ချက်​ချင်း​ပင်​အ​ရှင် ၏​ထံ​သို့​လူ​လွှတ်​ခဲ့​ပါ​သည်။ အ​ရှင်​ကြွ​လာ သည့်​အ​တွက်​ကျေး​ဇူး​ကြီး​လှ​ပါ​၏။ ကိုယ်​တော် အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ သော​စ​ကား​တော်​တို့​ကို​ကြား​နာ​ရန် အ​ကျွန်ုပ် တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့ ရောက်​ရှိ​နေ​ကြ​ပါ​ပြီ'' ဟု​ပြော​ဆို​၏။ ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။- ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​၍ အ​မှန်​တ​ရား​ကို​ကျင့်​သုံး​သူ​မှန်​သ​မျှ​အား လူ​မျိုး​ခွဲ​ခြား​မှု​မ​ပြု​ဘဲ​နှစ်​သက်​လက်​ခံ တော်​မူ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။- ဗတ္တိ​ဇံ​တ​ရား​ကို​ယော​ဟန်​ဟော​ပြော​ပြီး​သည့် နောက် ဂါ​လိ​လဲ​ပြည်​မှ​အ​စ​ပြု​၍ ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို​လည်း​ကောင်း၊- နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။- ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ ဣသ​ရေ​လ နိုင်​ငံ​ရှိ​အ​ခြား​မြို့​ရွာ​များ​၌​လည်း​ကောင်း၊ ကိုယ်​တော်​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ တို့​နှင့်​ပတ်​သက်​၍ ငါ​တို့​သည်​အ​သိ​သက်​သေ များ​ဖြစ်​ကြ​၏။ ထို​နောက်​လူ​တို့​သည်​ကိုယ်​တော် ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။- သို့​ရာ​တွင်​တ​တိ​ယ​နေ့​၌​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍​ကိုယ်​ထင်​ပြ​စေ​တော်​မူ​၏။- လူ​တိုင်း​ကိုယ်​တော်​ကို​ဖူး​မြင်​ခွင့်​ရ​ကြ​သည် မ​ဟုတ်။ အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ဘု​ရား သ​ခင်​ကြို​တင်​ရွေး​ချယ်​ထား​သူ​ငါ​တို့​သာ လျှင်​ဖူး​မြင်​ရ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ် ကြ​၏။- ကိုယ်​တော်​သည်​လူ​တို့​အား​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​နှင့် ကိုယ်​တော်​သည်​အ​သက်​ရှင်​နေ သူ၊ သေ​လွန်​သူ​များ​ကို​တ​ရား​စီ​ရင်​သော သ​ခင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ခန့်​ထား​တော် မူ​ကြောင်း​ဟော​ပြော​သက်​သေ​ခံ​ရန် ငါ​တို့ အား​ပ​ညတ်​ပေး​တော်​မူ​ခဲ့​၏။- ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​တန်​ခိုး​အား ဖြင့် မိ​မိ​တို့​၏​အ​ပြစ်​များ​ဖြေ​လွှတ်​ခြင်း​ခံ ရ​ကြ​လတ္တံ့​ဟူ​၍ ကိုယ်​တော်​၏​အ​ကြောင်း​ကို ပ​ရော​ဖက်​အ​ပေါင်း​တို့​ဟော​ပြော​ခဲ့​ကြ​၏'' ဟု​မြွက်​ဆို​လေ​သည်။ ဤ​သို့​ပေ​တ​ရု​မြွက်​ဆို​နေ​စဉ် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည်​နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​နေ​ကြ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့​ဆင်း​သက်​တော်​မူ​၏။- လူ​မျိုး​ခြား​တို့​သည်​လည်း​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​ကို​ခံ​ယူ​ရ​ရှိ​ကြ သည်​ဖြစ်​၍ ပေ​တ​ရု​နှင့်​အ​တူ​လိုက်​လာ​ကြ သော​ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သား​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​ခြား​တို့​သည် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော ၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​သည်​ကို​ကြား​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ပေ​တ​ရု​က၊- ``ဤ​သူ​တို့​သည်​ငါ​တို့​ကဲ့​သို့​ပင်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ​ဖြစ် ကြ​၏။ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​သူ​တို့​ဗတ္တိ ဇံ​မင်္ဂ​လာ​ခံ​ယူ​မှု​ကို​တားမြစ်​နိုင်​သ​နည်း'' ဟု ဆို​၏။

တမန်တော် 10:9-47 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။ ထို​အချိန်​တွင် သူ​သည် ဆာလောင်​လျက် အစာ​စား​လို​စိတ်​ဖြစ်ပေါ်​လေ​၏။ သို့သော် အစားအစာ​များ​ကို လူ​တို့​ပြင်ဆင်​နေ​ကြ​စဉ် ပေတရု​သည် အာရုံ​မှုန်ဝါး​တွေဝေ​၍ ကောင်းကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး မြေ​ပေါ်သို့​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု နိမ့်ဆင်း​လာ​သည်​ကို တွေ့​ရ​၏။ ထို​အရာ​ထဲတွင် မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ​မှစ၍ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​အမျိုးမျိုး​ပါ​၏။ ထို့နောက်“ပေတရု၊ ထ​၍​သတ်​စား​လော့”​ဟူသော​အသံ​သည် သူ့​ထံသို့​ရောက်လာ​၏။ သို့သော် ပေတရု​က “မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား အကျွန်ုပ်​သည် ညစ်ညူး​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။ ထိုအခါ ဒုတိယ​အကြိမ် အသံ​ထပ်မံ​ထွက်ပေါ်​လာ​၍“ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု ဆို​လေ​၏။ ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​သည် ကောင်းကင်​သို့ ချက်ချင်း​ဆောင်ယူ​သွား​ခြင်း​ခံရ​၏။ မိမိ​မြင်​ရ​သော​ရူပါရုံ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ပေတရု​သည် စိတ်​ထဲ၌ ဝေခွဲမရ​ဖြစ်​နေ​စဉ် ကော်နေလိ​စေလွှတ်​လိုက်​သော​လူ​တို့​သည် ရှိမုန်​၏​အိမ်​ကို​မေးမြန်း​ရှာဖွေ​ပြီး အိမ်​တံခါး​ရှေ့သို့ ရောက်လာ​ကြ​၏။ သူ​တို့​သည် လှမ်းခေါ်​၍ “ပေတရု​ဟု​ခေါ်​သော​ရှိမုန်​သည် ဤ​အိမ်​တွင် တည်းခို​နေ​ပါ​သလော”​ဟု မေးမြန်း​ကြ​၏။ ပေတရု​သည် ရူပါရုံ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​လျက်​နေ​စဉ် ဝိညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။ သူ​တို့​ကို ငါ​စေလွှတ်​လိုက်​သည်​ဖြစ်၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်​သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် ပေတရု​သည် ဆင်းသွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်သည့်​အကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သနည်း”​ဟု သူ​တို့​အား မေး​လေ​၏။ သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ ပေတရု​သည် သူ​တို့​ကို အိမ်​ထဲသို့​ခေါ်ဖိတ်​လျက် တည်းခို​စေ​ပြီးလျှင် နောက်တစ်နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်အတူ ထွက်ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီအစ်ကို​အချို့​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​ကြ​၏။ နောက်တစ်နေ့​၌ သူ​သည် ဆီဇာရီးယား​မြို့​သို့ ရောက်​လေ​၏။ ကော်နေလိ​သည် မိမိ​၏​ဆွေမျိုး​များ​နှင့် ရင်းနှီး​သော​မိတ်ဆွေ​များ​ကို စုရုံး​ထား​လျက် သူ​တို့​ကို​စောင့်မျှော်​နေ​၏။ ပေတရု​ဝင်​လာ​သောအခါ ကော်နေလိ​သည် သူ့​ကို​ကြိုဆို​၍ သူ​၏​ခြေရင်း​၌​ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏။ သို့သော် ပေတရု​သည် သူ့​ကို​ထူမ​၍ “ထ​ပါ။ ငါ​ကိုယ်တိုင်​လည်း သာမန်​လူသား​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ထို့နောက် ကော်နေလိ​နှင့်​စကား​ပြော​ရင်း အိမ်​ထဲသို့​ဝင်​လျှင် လူ​များစွာ​တို့​စုဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။ ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။ ထို့ကြောင့် ငါ​သည် ခေါ်ဖိတ်​ခြင်း​ခံရ​သောအခါ မ​ငြင်းဆို​ဘဲ လာ​ခဲ့​၏။ သို့ဖြစ်၍ ငါ့​အား မည်သည့်​အကြောင်း​ကြောင့် ခေါ်ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။ ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက် ‘ကော်နေလိ၊ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​၍ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ အောက်မေ့​စရာ​ဖြစ်​လေ​ပြီ။ ထို့ကြောင့် ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။ သူ​သည် ပင်လယ်​ကမ်းနား​ရှိ သားရေနယ်သမား​ရှိမုန်​၏​အိမ်​၌ တည်းခို​နေ​၏’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။ သို့ဖြစ်၍ အကျွန်ုပ်​သည် သင့်​ထံသို့ ချက်ချင်း​လူ​လွှတ်​ခဲ့​ပါ​သည်။ သင်​သည်​လည်း ကြွရောက်​လာ​သောကြောင့် ကျေးဇူး​တင်​ပါ​သည်။ ယခု အကျွန်ုပ်​တို့​အားလုံး​သည် သင့်​အား သခင်​ဘုရား​မိန့်မှာ​တော်မူ​သမျှ​တို့​ကို ကြားနာ​ရန် ဘုရားသခင်​ရှေ့​တော်​၌ ရှိ​နေ​ကြ​ပါ​သည်”​ဟု ဆို​လေ​၏။ ထိုအခါ ပေတရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘုရားသခင်​သည် မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ မည်သည့်​လူမျိုး​မဆို ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဖြောင့်မတ်​စွာ​ပြုကျင့်​လျှင် နှစ်သက်​လက်ခံ​တော်မူ​ကြောင်း ငါ​အမှန်​ပင်​သဘောပေါက်​ပြီ။ ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။ ထို့ပြင် ယောဟန်​သည် ဗတ္တိဇံ​တရား​ကို​ဟောပြော​သည့်​နောက်တွင် ဂါလိလဲ​နယ်​မှ​အစပြု​၍ ယုဒ​နယ်​တစ်လျှောက်​လုံး​၌ ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​ကို​လည်းကောင်း၊ ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​တန်ခိုး​တော်​တို့​ဖြင့် မည်ကဲ့သို့​ဘိသိက်​ပေး​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏။ ဘုရားသခင်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ကိုယ်တော်​သည် လှည့်လည်​၍ ကောင်း​သော​အမှု​ကို​ပြု​ကာ မာရ်နတ်​၏​ဖိနှိပ်​ခြယ်လှယ်​မှု​ခံရ​သူ​အပေါင်း​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​မှစ၍ ဂျူး​လူမျိုး​တို့​၏​တိုင်းပြည်​၌ ကိုယ်တော်​ပြု​ခဲ့​သော​အရာ​အားလုံး​၏​သက်သေ​များ​ဖြစ်​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ကို သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​၍ အသေ​သတ်​ခဲ့​ကြ​၏။ သို့သော် ဘုရားသခင်​သည် ကိုယ်တော်​ကို သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​စေ​၍ ကိုယ်​ထင်ရှား​ပြ​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။ သို့ရာတွင် လူ​အားလုံး​ထံ၌​မ​ဟုတ်​ဘဲ သက်သေ​အဖြစ် ဘုရားသခင်​ကြိုတင်​ခန့်​ထား​သော ငါ​တို့​ထံ၌​သာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် ငါ​တို့​သည် ကိုယ်တော်​နှင့်အတူ​စား​သောက်​ခဲ့​ကြ​၏။ ထို့နောက် ကိုယ်တော်​က ကိုယ်တော်​သာလျှင်​အသက်ရှင်​သော​သူ​နှင့်​သေလွန်​သော​သူ​တို့​ကို​တရား​စီရင်​သူ​အဖြစ် ဘုရားသခင်​ခန့်အပ်​ထား​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟောပြော​ရန်​နှင့် သက်သေခံ​ရန် ငါ​တို့​အား မိန့်မှာ​တော်မူ​၏။ ထို​အရှင်​နှင့်​ပတ်သက်၍ ပရောဖက်​အားလုံး​တို့​သည်​လည်း ‘ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တိုင်း ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​၏’​ဟု သက်သေခံ​ကြ​၏”​ဟူ၍ ပြောဆို​လေ​၏။ ဤ​တရား​စကား​တို့​ကို ပေတရု​ဟောပြော​နေ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် နှုတ်ကပတ်​တရား​ကို ကြားနာ​နေ​သူ​အားလုံး​အပေါ်သို့ သက်ရောက်​တော်မူ​၏။ ပေတရု​နှင့်အတူ​လိုက်​ပါ​လာ​သည့် အရေဖျား​လှီး​ထား​သော ယုံကြည်​သူ​ရှိသမျှ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော​ကောင်းချီး​လက်ဆောင်​ကို လူမျိုးခြား​တို့​အပေါ်၌​လည်း သွန်းလောင်း​တော်မူ​သည့်​အတွက် အလွန်​အံ့ဩ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ထို​လူမျိုးခြား​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​လျက် ဘုရားသခင်​အား​ချီးမွမ်း​ကြ​သည်​ကို သူ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ပေတရု​က “ငါ​တို့​ကဲ့သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သော ဤ​သူ​တို့​အား ရေ​၌​ဗတ္တိဇံ​မ​ခံ​စေရန် မည်သူ​တားဆီး​နိုင်​သနည်း”​ဟု ဆို​လျက်