YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ရှင်ယောဟန် 1:5-12

၃ ရှင်ယောဟန် 1:5-12 Judson Bible (JBMLE)

အ​ချင်း​ချစ်​သူ၊ သင်​သည် ညီ​အစ်​ကို​တို့​အား​လည်း​ကောင်း၊ အာ​ဂ​န္တု​တို့​အား​လည်း​ကောင်း ပြု​သ​မျှ​သော​ဝတ်​တို့​ကို သ​စ္စာ​နှင့်​အ​ညီ ပြု​တတ်၏။- ထို​သူ​တို့​သည် သင်၏​ချစ်​ခြင်း​မေ​တ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့၌ သက်​သေ​ခံ​ကြ၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ပို့​လိုက်​ပြန်​လျှင်၊ ကောင်း​သော​အ​မှု​ကို ပြု​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် နာ​မ​တော်​ကို​ထောက်၍၊ သာ​သ​နာ​ပ​လူ​တို့​တွင် အ​လှူ​မ​ခံ​ဘဲ​သွား​ကြ၏။- ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ကူ​မ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ ထို​သို့​သော​သူ​တို့​အား ဧည့်​သည်​ဝတ်​ကို ပြု​အပ်​ကြ၏။ အ​သင်း​တော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး၍ ပေး​လိုက်​လေ​ပြီ။ သို့​သော်​လည်း၊ အ​ကဲ​အ​မှူး​လုပ်​ချင်​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​အား အ​ခွင့်​မ​ပေး။- ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။- အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။- လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။

၃ ရှင်ယောဟန် 1:5-12 Common Language Bible (BCL)

ချစ်​ဆွေ၊ သင်​သည်​မိ​မိ​မ​သိ​မ​ကျွမ်း​သူ​ညီ အစ်​ကို​များ​ကို​ပင်​လျှင် သင်​ပြု​ရ​မည့်​ဝတ်​ကို သစ္စာ​နှင့်​ဆောင်​ရွက်​ပေ​သည်။- ထို​သူ​တို့​သည်​သင်​၏​မေတ္တာ​အ​ကြောင်း​ကို ဤ အ​သင်း​တော်​ရှေ့​၌​သက်​သေ​ခံ​ကြ​လေ​ပြီ။ သူ တို့​သည်​ရှေ့​သို့​ခ​ရီး​ဆက်​နိုင်​ကြ​စေ​ရန်​သူ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် အ​တိုင်း​ကူ​ညီ​မ​စ​ပါ​လော့။- သူ​တို့​သည်​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​များ​ထံ​မှ အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ နာ​မ​တော်​အ​ကြောင်း ဟော​ပြော​ရန်​ခ​ရီး​ထွက်​ကြ​သူ​များ​ဖြစ်​ပေ သည်။- သို့​ဖြစ်​၍​ငါ​တို့​များ​သည်​သမ္မာ​တ​ရား​ပြန့် ပွား​ရေး​လုပ်​ငန်း​တွင် ထို​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​များ​ဖြစ်​နိုင်​ရန်​သူ​တို့​အား​ကူ​ညီ မ​စ​ရ​မည်။ ငါ​သည်​အ​သင်း​တော်​သို့​စာ​ရေး​ခဲ့​သော် လည်း အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​လို သူ​ဒ​ယော​တ​ရပ်​က​ငါ့​စ​ကား​ကို​မ​နာ ခံ။- သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။ ချစ်​ဆွေ၊ စံ​န​မူ​နာ​ကောင်း​ကို​အ​တု​ယူ​ပါ။ စံ​န​မူ​နာ​ဆိုး​ကို​အ​တု​မ​ယူ​နှင့်။ အ​ကျင့် ကောင်း​ကို​ပြု​ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏ ဘက်​တော်​သား​ဖြစ်​၏။ အ​ကျင့်​ဆိုး​ကို​ပြု ကျင့်​သူ​ကား​ဘု​ရား​သ​ခင်​ကို​မ​သိ​မြင် သေး​သူ​ဖြစ်​၏။ ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။

၃ ရှင်ယောဟန် 1:5-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ၊ သင်​သည် ညီအစ်ကို​များ​အပေါ် အထူးသဖြင့် သူစိမ်း​ဧည့်သည်​များ​အပေါ် ပြု​သမျှ​သော​ဝတ်​ကို သစ္စာ​ရှိ​စွာ​ပြု​တတ်​၏။ ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့​၌ သက်သေခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆက်လက်​ပို့ဆောင်​ပေး​လျှင် ကောင်း​သော​အမှု​ပြု​ခြင်း​ဖြစ်​လိမ့်မည်။ ထို​သူ​တို့​သည် သာသနာပ​လူမျိုးခြား​တို့​ထံမှ မည်သည့်​အရာ​ကို​မျှ​မ​ယူ​ဘဲ နာမ​တော်​အတွက်​ခရီး​ပြု​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် သမ္မာတရား​အတွက် သူတို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​ကြ​ရန် သူ​တို့​ကို​ကူညီ​ထောက်ပံ့​သင့်​၏။ ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။ ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။ ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။ ဒေမေတရိ​အကြောင်း​ကို လူ​အပေါင်း​တို့​မှစ၍ သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ​၏။ ငါ​တို့​သည်​လည်း သက်သေခံ​ကြ​၏။ ငါ​တို့​၏​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။