YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 4:7-10

၂ တိမောသေ 4:7-10 Judson Bible (JBMLE)

ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။- ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။ ငါ့​ထံ​သို့ မြန်​မြန်​လာ​ခြင်း​ငှာ ကြိုး​စား​လော့။ အ​ကြောင်း​မူ​ကား၊ ဒေ​မ​သည် ယ​ခု​ဘ​ဝ​ကို နှစ်​သက်​သော စိတ်​ရှိ​သည်​နှင့် ငါ့​ကို​စွန့်​ပစ်၍၊ သက်​သာ​လော​နိတ်​မြို့​သို့ သွား​ပြီ။ က​ရ​က္ကေ​သည် ဂ​လာ​တိ​ပြည်​သို့​လည်း​ကောင်း၊ တိ​တု​သည် ဒါ​လ​မာ​တိ​ပြည်​သို့​လည်း​ကောင်း သွား​ပြီ။

၂ တိမောသေ 4:7-10 Common Language Bible (BCL)

ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။- ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။ ငါ့​ထံ​သို့​အ​မြန်​လာ​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လော့။- ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။

၂ တိမောသေ 4:7-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။ ယခု​အခါ​တွင် ဖြောင့်မတ်​ခြင်း​သရဖူ​သည် ငါ့​အတွက် အသင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်မတ်​သည့်​တရား​စီရင်​သူ​ဖြစ်​တော်မူ​သော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ့​အား​ပေး​တော်မူ​လိမ့်မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို လိုလား​တောင့်တ​သူ​အားလုံး​တို့​ကို​လည်း ပေး​တော်မူ​လိမ့်မည်။ ငါ့​ထံသို့​အလျင်အမြန်​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။