၂ တိမောသေ 4:1-2
၂ တိမောသေ 4:1-2 Judson Bible (JBMLE)
ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ဘုရားသခင် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊- နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။
၂ တိမောသေ 4:1-2 Common Language Bible (BCL)
ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။- (အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။
၂ တိမောသေ 4:1-2 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။