YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 1:9-10

၂ သက်သာလောနိတ် 1:9-10 Common Language Bible (BCL)

ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။

၂ သက်သာလောနိတ် 1:9-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​တို့​သည် သခင်​ဘုရား​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​မှ​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ဘုန်း​အသရေ​တော်​မှ​လည်းကောင်း ဖယ်ရှား​ခြင်း​ခံရ​လျက် ထာဝရ​ပျက်စီး​ခြင်း​အပြစ်ဒဏ်​ကို ခံ​ကြ​ရ​လိမ့်မည်။ ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။