YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 1:1-12

၂ သက်သာလောနိတ် 1:1-12 Judson Bible (JBMLE)

ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌​တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။ သို့​ဖြစ်၍၊ သင်​တို့​သည် ညှဉ်း​ဆဲ​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သ​မျှ​တို့၌ သည်း​ခံ၍ ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို ငါ​တို့​သည် ထောက်၍၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​များ​တွင် သင်​တို့​ကြောင့် ဝါ​ကြွား​ကြ၏။- သင်​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​တွက် ဆင်း​ရဲ​ခံ​ရ၍၊ ထို​နိုင်​ငံ​တော်​ကို ဝင်​စား​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​စေ ခြင်း​ငှာ၊ တ​ရား​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​အ​မှု​သည် ထို​သို့​သော​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ရှိ​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​အ​တူ၊ ကောင်း​ကင်​ဘုံ​က ပေါ်​ထွန်း​တော်​မူ၍၊ ဘု​ရား​သ​ခင်​ကို မ​သိ​သော​သူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နား​မ​ထောင်​သော​သူ​တို့​ကို မီး​လျှံ​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​အ​ခါ၊ သင်​တို့​ကို ဆင်း​ရဲ​စေ​ဖူး​သော သူ​တို့၌ ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ရ​ဖူး​သော သင်​တို့၌ ငါ​တို့​နှင့်​အ​တူ ချမ်း​သာ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ဆပ်​ပေး၍ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လိမ့်​မည်။- ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တော် ထင်​ရှား​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သက်​သေ​ကို သင်​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​အား​ဖြင့် အံ့​ဩ​ချီး​မွမ်း​ခြင်း​ကို​လည်း​ကောင်း၊ ခံ​အံ့​သော​ငှာ ကြွ​လာ​တော်​မူ​သော​နေ့​ရက်၌၊ ထို​သူ​တို့​သည် သ​ခင်​ဘု​ရား၏ မျက်​နှာ​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​ရှိ​သော ဘုန်း​တော်​နှင့်​လည်း​ကောင်း ကွာ၍ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​တည်း​ဟူ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့၊ ထို​ကြောင့် ငါ​တို့​ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​အ​တိုင်း၊ ထို​သ​ခင်၏​နာ​မ​တော်​ကို သင်​တို့​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို​လည်း ထို​သ​ခင်​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ခေါ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ၍၊ ကောင်း​မြတ်​တော်​မူ​ခြင်း၏ စေ​တ​နာ​အ​ပေါင်း​နှင့် သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​မှု​ကို တန်​ခိုး​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း၊ ငါ​တို့​သည် သင်​တို့​အ​ဖို့ အ​စဉ်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ၏။

၂ သက်သာလောနိတ် 1:1-12 Common Language Bible (BCL)

ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​ထံ​မှ​ငါ​တို့ အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သော သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။- ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ် သက်​ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ သ​တည်း။ ငါ​တို့​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​အ​ကြောင်း ပြု​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​တို့ အ​စဉ်​မ​ပြတ်​ချီး​မွမ်း​နေ​ရ​ကြ​သည်။ ယင်း​သို့ ချီး​မွမ်း​သင့်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​ယုံ​ကြည်​ခြင်း​အ​လွန်​တိုး​ပွား​လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ပို​မို​ချစ်​ခင်​လျက်​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- ထို့​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​ကြောင်း​ကို​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် များ​တွင်​ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို ခံ​ရ​သော်​လည်း​ကြံ့​ခိုင်​လျက်၊ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​လျက်​ရှိ​သည်​ကို​ထောက်​၍​ငါ​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ ဤ​တွင်​ဘု​ရား​သ​ခင်​၏​စီ​ရင်​တော်​မူ​ချက် သည်​တ​ရား​မျှ​တ​ကြောင်း​ထင်​ရှား​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော်​၏​နိုင်​ငံ​တော် နှင့်​ထိုက်​တန်​သူ​များ​ဖြစ်​လာ​ကြ​လိမ့်​မည်။ သင်​တို့​သည်​နိုင်​ငံ​တော်​အ​တွက်​ကြောင့် ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ကြ​သည်။- ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။- ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက်​ရှိ​သော​သင်​တို့ နှင့်​အ​တူ​ငါ​တို့​ကို​လည်း​စိတ်​သက်​သာ​ရာ ရ​စေ​တော်​မူ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ ခြံ​ရံ​လျက်​မီး​လျှံ​နှင့်​တ​ကွ ကောင်း​ကင်​ဘုံ မှ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား သ​ခင်​သည် မိ​မိ​ကို​ပစ်​ပယ်​သူ​တို့​နှင့်​ငါ တို့​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​မ​လိုက်​နာ​သူ​တို့​အား​အ​ပြစ်​စီ​ရင် တော်​မူ​လိမ့်​မည်။- ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။ ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​သင်​တို့ အ​တွက်​အ​စဉ်​အ​မြဲ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ပြု​မူ​ကျင့် ကြံ​နိုင်​ကြ​စေ​ရန် ငါ​တို့​၏​ဘု​ရား​သ​ခင် အား​ငါ​တို့​တောင်း​လျှောက်​ကြ​၏။ ကိုယ်​တော် သည်​တန်​ခိုး​တော်​အား​ဖြင့်​သင်​တို့​၏​ကောင်း မြတ်​သည့်​လို​အင်​ဆန္ဒ​ရှိ​သ​မျှ​ကို​ပြည့်​ဝ စေ​တော်​မူ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ရ ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ပြီး​မြောက် ခွင့်​ပေး​တော်​မူ​ပါ​စေ​သော။- ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။

၂ သက်သာလောနိတ် 1:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​သည် ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၌​တည်​သော သက်သာလောနိတ်​မြို့သား​တို့​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။ သို့ဖြစ်၍ သင်​တို့​ခံရ​သော ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိသမျှ​တို့​၌​ထင်ရှား​သော သင်​တို့​၏​သည်းခံ​ခြင်း​နှင့် ယုံကြည်​ခြင်း​တို့​အတွက် ငါ​တို့​ကိုယ်တိုင် ဘုရားသခင်​၏​အသင်းတော်​များ​တွင် သင်​တို့​အကြောင်း​ကို ဝါကြွား​ကြ​၏။ ဤသည်ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သင်​တို့​ကို ထို​နိုင်ငံ​တော်​နှင့်​ထိုက်တန်​သော​သူ​ဖြစ်​စေရန် စီရင်​တော်မူ​သော ဘုရားသခင်​၏​ဖြောင့်မတ်​သည့်​တရား​စီရင်​ခြင်း​ကို ထင်ရှား​စေ​သော​အထောက်အထား​ဖြစ်​၏။ သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သော​သင်​တို့​အား ငါ​တို့​နှင့်အတူ​သက်သာ​ခွင့်​ကို​လည်းကောင်း ပြန်​၍​ခံစား​စေ​မည့်​အမှု​သည် ဘုရားသခင်​ရှေ့​တော်​၌ အမှန်​ပင်​တရားမျှတ​သော​အမှု​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။ ထို​သူ​တို့​သည် သခင်​ဘုရား​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​မှ​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ဘုန်း​အသရေ​တော်​မှ​လည်းကောင်း ဖယ်ရှား​ခြင်း​ခံရ​လျက် ထာဝရ​ပျက်စီး​ခြင်း​အပြစ်ဒဏ်​ကို ခံ​ကြ​ရ​လိမ့်မည်။ ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။ ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။ ဤသည်ကား ငါ​တို့​၏​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​လျက် သင်​တို့​သည်​လည်း ကိုယ်တော်​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း​တည်း။