၂ ဓမ္မရာဇဝင် 9:3-13
၂ ဓမ္မရာဇဝင် 9:3-13 Judson Bible (JBMLE)
ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက်မျှ မရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတစ်ယောက် ရှိပါသေး၏ဟု လျှောက်သော်၊ ရှင်ဘုရင်က၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင်၊ ဇိဘက၊ လောဒေဗာရွာ၊ အမျေလသား မာခိရအိမ်၌ရှိပါသည်ဟု လျှောက်၏။ ထိုအခါ ဒါဝိဒ်သည် စေလွှတ်၍ ရှောလု၏သားဖြစ်သော ယောနသန်၏သား မေဖိဗောရှက်ကို၊ လောဒေဗာရွာ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့၍၊ သူသည် အထံတော်သို့ ရောက်သောအခါ ပျပ်ဝပ်လျက် ရှိခိုးလေ၏။ ဒါဝိဒ်ကလည်း၊ မေဖိဗောရှက်ဟု ခေါ်လျှင်၊ ကိုယ်တော်ကျွန်ရှိပါသည်ဟု လျှောက်လေ၏။ ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဖို့ ရှောလုပိုင်သမျှသောမြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊ မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်းဟု ဦးချ၍ပြန်လျှောက်၏။ ထိုအခါရှင်ဘုရင်သည် ရှောလု၏ကျွန်ဇိဘကိုခေါ်၍၊ ရှောလုနှင့် သူ၏အဆွေအမျိုးများ ပိုင်ထိုက်သမျှတို့ကို သင့်သခင်၏သားအား ငါပေးပြီ။ သင်သည် သင်၏သားကျွန်တို့နှင့်တကွ လယ်လုပ်၍ သင့်သခင်၏သားစားစရာဖို့ အသီးအနှံကို သွင်းရမည်။ သို့ရာတွင် သင့်သခင်၏သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ အစာစားရမည်ဟု မိန့်တော်မူ၏။ ဇိဘ၌ သားတစ်ဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ၏။ ဇိဘကလည်း၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက်၏။ ထိုနောက်၊ မေဖိဗောရှက်သည် ရှင်ဘုရင်၏သားရင်းကဲ့သို့ စားပွဲတော်၌ အစာစားရ၏။ မေဖိဗောရှက်၌ မိက္ခာအမည်ရှိသော သားငယ်တစ်ယောက် ရှိ၏။ ဇိဘအိမ်၌ နေသောသူအပေါင်းတို့သည်လည်း မေဖိဗောရှက်၏ကျွန် ဖြစ်ကြ၏။ ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့၌နေ၍ ရှင်ဘုရင်၏စားပွဲတော်၌ နေ့တိုင်းအစဉ်စားရ၏။ ခြေနှစ်ဖက်ဆွံ့သောသူဖြစ်၏။
၂ ဓမ္မရာဇဝင် 9:3-13 Common Language Bible (BCL)
မင်းကြီးက``ငါသည်ထာဝရဘုရားအလို တော်အတိုင်း ကျေးဇူးသစ္စာစောင့်သူဖြစ်ကြောင်း ပြသနိုင်ရန် ရှောလုမိသားစုမှကျန်ကြွင်းနေ သူတစ်စုံတစ်ယောက်ရှိပါသေးသလော'' ဟု မေးတော်မူလျှင်၊ ဇိဘက``ယောနသန်၏သားတစ်ယောက်ကျန် ရှိနေပါသေးသည်။ သူသည်ခြေဆွံ့၍နေပါ သည်'' ဟုလျှောက်၏။ မင်းကြီးက``သူသည်အဘယ်မှာရှိသနည်း'' ဟုမေးလျှင်၊ ဇိဘက``လောဒေဗာရွာ၊ အမျေလ၏သား မာခိရ၏အိမ်တွင်ရှိပါသည်'' ဟုလျှောက် ၏။- သို့ဖြစ်၍ဒါဝိဒ်မင်းသည်ယောနသန်၏ သားကိုအခေါ်ခိုင်းတော်မူ၏။ ရှောလု၏မြေးယောနသန်၏သားမေဖိဗော ရှက်သည်ရောက်ရှိလာသောအခါ ဒါဝိဒ်၏ ရှေ့တွင်ရိုသေစွာပျပ်ဝပ်လျက်နေ၏။ ဒါဝိဒ် က``မေဖိဗောရှက်'' ဟုခေါ်လျှင်မေဖိဗော ရှက်က``ကိုယ်တော့်ကျွန်ရှိပါသည်'' ဟုထူး လေ၏။ ဒါဝိဒ်ကလည်း``မကြောက်နှင့်ငါသည်သင်၏ ဖခင်ယောနသန်၏မျက်နှာကိုထောက်၍သင့် အားကျေးဇူးပြုမည်။ သင်၏အဖိုးရှောလု ပိုင်ဆိုင်ခဲ့သည့်မြေယာမှန်သမျှကိုသင့် အားပြန်၍ပေးမည်။ သင့်အားငါ့စားပွဲ တွင်နေ့စဉ်စားသောက်ခွင့်ကိုငါပေးမည်'' ဟုမိန့်တော်မူ၏။ မေဖိဗောရှက်သည်တစ်ဖန်ဦးချပြီး လျှင်``အရှင်ခွေးသေကောင်သဖွယ်ဖြစ်သူ ကျွန်တော်မျိုးအားအရှင်သည် အဘယ် ကြောင့်ဤသို့ကျေးဇူးပြုတော်မူပါ သနည်း'' ဟုလျှောက်၏။ ထိုအခါမင်းကြီးသည်ရှောလု၏အစေခံ ဇိဘကိုခေါ်ယူ၍``ငါသည်သင့်သခင်၏ မြေးမေဖိဗောရှက်အား ရှောလုမိသားစု ပိုင်ဆိုင်သမျှသောမြေယာတို့ကိုပေးမည်။- သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။) ဇိဘက``အရှင်မင်းကြီးမိန့်တော်မူသမျှ အတိုင်း ကျွန်တော်မျိုးနာခံပါမည်'' ဟု လျှောက်၏။ သို့ဖြစ်၍မေဖိဗောရှက်သည်ဘုရင်၏သား တော်တစ်ပါးကဲ့သို့ စားပွဲတော်၌စားသောက် ရလေ၏။- မေဖိဗောရှက်မှာမိက္ခာနာမည်တွင်သောသား ငယ်တစ်ယောက်ရှိ၏။ ဇိဘ၏အိမ်သူအိမ်သား အပေါင်းတို့သည်လည်း မေဖိဗောရှက်၏ အစေခံများဖြစ်လာကြ၏။- ထို့ကြောင့်ခြေနှစ်ဘက်စလုံးဆွံ့သောမေဖိ ဗောရှက်သည် ယေရုရှလင်မြို့၌နေထိုင်လျက် ဘုရင့်စားပွဲတော်တွင်စားသောက်ခွင့်ကိုရ လေသည်။
၂ ဓမ္မရာဇဝင် 9:3-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ရှင်ဘုရင်က “ရှောလုမင်းကြီး၏အမျိုးအနွယ် တစ်ဦးဦးရှိသေးသလော။ ဘုရားသခင်ထံမှ မေတ္တာကရုဏာတော်ကို သူ့အား ငါပြလို၏”ဟု ဆိုလျှင် ဇိဘက “ယောနသန်၌ သားတစ်ဦးရှိပါသေး၏။ သူသည် ခြေနှစ်ဖက်လုံးမသန်စွမ်းပါ”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ ရှင်ဘုရင်ကလည်း “သူအဘယ်မှာနေသနည်း”ဟု မေးလျှင် ဇိဘက “လောဒေဗာမြို့ရှိ အမျေလ၏သား မာခိရ၏အိမ်၌နေပါ၏”ဟု ရှင်ဘုရင်အားပြန်လျှောက်လေ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် လောဒေဗာမြို့ရှိ အမျေလ၏သား မာခိရ၏အိမ်သို့ လူကိုစေလွှတ်၍ ခေါ်ဆောင်လာစေ၏။ ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။ ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင် သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏အစေအပါး ဇိဘကိုခေါ်ပြီး “ရှောလုမင်းကြီးပိုင်ဆိုင်သမျှ၊ သူ့အမျိုးအနွယ်တို့ပိုင်ဆိုင်သမျှကို သင့်သခင်၏သားအား ငါပြန်အပ်ပေးပြီ။ သင်နှင့် သင့်သားသမီးများ၊ သင့်အစေအပါးများသည် ထိုလယ်ယာများကို ထွန်ယက်စိုက်ပျိုးပြီး သင့်သခင်၏သားမြေးတို့ စားစရာအဖို့ ယူဆောင်လာပေးရမည်။ သင့်သခင်၏သား မေဖိဗောရှက်သည် နေ့စဉ် ငါ့စားပွဲတွင် စားရမည်”ဟု ဆို၏။ ဇိဘ၌ သားတစ်ဆယ့်ငါးယောက်နှင့် အစေအပါး အယောက်နှစ်ဆယ်ရှိ၏။ ဇိဘက “အရှင့်အစေအပါးအား အရှင်မင်းကြီးမိန့်တော်မူသမျှအတိုင်း အရှင့်အစေအပါးပြုပါမည်”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ မေဖိဗောရှက်သည် ဘုရင့်သားတော်တစ်ပါးကဲ့သို့ ဒါဝိဒ်မင်းကြီး၏စားပွဲတွင် စားသောက်ရ၏။ မေဖိဗောရှက်တွင် မိက္ခာအမည်ရှိသော သားငယ်တစ်ဦးရှိ၏။ ဇိဘ၏အိမ်သူအိမ်သားအားလုံးသည် မေဖိဗောရှက်၏အစေအပါးများဖြစ်ကြ၏။ ခြေနှစ်ဖက်စလုံးမသန်စွမ်းသော မေဖိဗောရှက်သည် ဂျေရုဆလင်မြို့တွင်နေထိုင်ပြီး ဘုရင်၏စားပွဲ၌ အမြဲအတူစားသောက်ခွင့်ရလေ၏။