၂ ဓမ္မရာဇဝင် 18:9-10
၂ ဓမ္မရာဇဝင် 18:9-10 Judson Bible (JBMLE)
ဒါဝိဒ်၏ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည် မြည်းကိုစီးလျက်ပင် မြည်းသည် ကြီးသောသပိတ်ပင် အကိုင်းအခက်အောက်သို့ဝင်၍၊ အဗရှလုံ၏ခေါင်းသည် သပိတ်ပင်၌ငြိသဖြင့်၊ မိုးနှင့် မြေကြီးစပ်ကြားမှာ တွဲလွဲဆွဲလျက်နေ၍၊ မြည်းသည် အလိုအလျောက်သွားလေ၏။ မြင်သောသူတစ်ယောက်သည် ယွာဘထံသို့ သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော်မြင်ခဲ့သည်ဟု ကြားပြောလျှင်၊
၂ ဓမ္မရာဇဝင် 18:9-10 Common Language Bible (BCL)
အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။- ဒါဝိဒ်၏လူတစ်ယောက်သည်သူ့ကိုမြင် သဖြင့်ယွာဘအား``အရှင်၊ ဝက်သစ်ချပင် မှာအဗရှလုံတွဲလွဲနေသည်ကိုအကျွန်ုပ် မြင်ခဲ့ပါသည်'' ဟုပြော၏။
၂ ဓမ္မရာဇဝင် 18:9-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အဗရှလုံသည် ဒါဝိဒ်မင်းကြီး၏လူတို့နှင့် ပက်ပင်းတိုးသဖြင့် လားစီးပြီး ထွက်ပြေးသွား၏။ သူ့လားသည် သပိတ်ပင်အကိုင်းကြီးအောက်ကို ပြေးဝင်သွားစဉ် အဗရှလုံ၏ဦးခေါင်းသည် ထိုသပိတ်ပင်အကိုင်းကြီးနှင့် ငြိမိပြီး လားကား ဆက်ပြေးသွား၍ သူသည် လေထဲတွင် တွဲလွဲကျကျန်နေခဲ့၏။ ထိုအခြင်းအရာကို မြင်သောသူတစ်ယောက်က ယွာဘအား “အကျွန်ုပ်သည် အဗရှလုံအား သပိတ်ပင်၌ တွဲလွဲကျနေသည်ကို တွေ့ခဲ့ပါ၏”ဟု ပြောပြလျှင်