၂ ဓမ္မရာဇဝင် 18:33
၂ ဓမ္မရာဇဝင် 18:33 Judson Bible (JBMLE)
ရှင်ဘုရင်သည် အလွန်နာကျင်သောစိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ်တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။
၂ ဓမ္မရာဇဝင် 18:33 Common Language Bible (BCL)
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
၂ ဓမ္မရာဇဝင် 18:33 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။