YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 18:32-33

၂ ဓမ္မရာဇဝင် 18:32-33 Judson Bible (JBMLE)

ရှင်​ဘု​ရင်​က၊ ငါ့​သား​အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​သော်၊ ကု​ရှိ​က အ​ရှင်​မင်း​ကြီး၏​ရန်​သူ​များ၊ ကိုယ်​တော်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ ပုန်​ကန်​သော​သူ​များ​အ​ပေါင်း​တို့​သည် ထို​လု​လင်​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လေ၏။ ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။

၂ ဓမ္မရာဇဝင် 18:32-33 Common Language Bible (BCL)

မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​တော်​မူ​သော်​ကု​ရှိ​အ​မျိုး သား​က``အ​ရှင်၊ အ​ရှင်​၏​ရန်​သူ​များ​နှင့်​အ​ရှင့် အား​ပုန်​ကန်​ကြ​သူ​များ​သည်​ထို​သူ​ငယ် ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု​လျှောက်​၏။ မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။

၂ ဓမ္မရာဇဝင် 18:32-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ရှင်ဘုရင်​က ကုရှိ​အမျိုးသား​အား “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​များ​နှင့် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​အားလုံး​တို့​သည် ထို​သား​တော်​ကဲ့သို့​ဖြစ်​ကြ​ပါစေသော​”​ဟု ပြန်လည်​လျှောက်တင်​၏​။ ထိုအခါ ရှင်ဘုရင်​သည် တုန်လှုပ်​လျက်​၊ မြို့​တံခါး​အထက်ခန်း​သို့ တက်သွား​ပြီးလျှင် လမ်းလျှောက်​ရင်း ငိုကြွေး​လျက် “​အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​၊ ငါ့​သား အဗရှလုံ​၊ အဘယ်ကြောင့် သင့်​အစား ငါ​မ​သေ​ရ​သနည်း​။ အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​”​ဟု မြည်တမ်း​လေ​၏​။