YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 16:20-22

၂ ဓမ္မရာဇဝင် 16:20-22 Judson Bible (JBMLE)

အ​ဗ​ရှ​လုံ​က​လည်း၊ ငါ​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​အ​ကြံ​ပေး​ပါ​ဟု အ​ဟိ​သော​ဖေ​လ​အား​ဆို​လျှင်၊ အ​ဟိ​သော​ဖေ​လ​က၊ နန်း​တော်​ကို​စောင့်​စေ​ခြင်း​ငှာ ခ​မည်း​တော်​ထား​ခဲ့​သော ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​တော်​မူ​ပါ။ ခ​မည်း​တော်​သည် ကိုယ်​တော်​အား စက်​ဆုပ်​ရွံ​ရှာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ကြား၍၊ ကိုယ်​တော်​ဘက်၌​နေ​သော​သူ​အ​ပေါင်း​တို့​သည် လက်​အား​ကြီး​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​သည်​အ​တိုင်း၊ နန်း​တော်​ပေါ်​မှာ အ​ဗ​ရှ​လုံ​အ​ဖို့​မျက်​နှာ​ကြက်​ကို​မိုး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ခ​မည်း​တော်၏ ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​လေ၏။

၂ ဓမ္မရာဇဝင် 16:20-22 Common Language Bible (BCL)

ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။ အ​ဟိ​သော​ဖေ​လ​က``နန်း​တော်​ကို​စောင့်​စေ ရန်​အ​ရှင့်​ခ​မည်း​တော်​ထား​ခဲ့​သော​မောင်း​မ များ​ရှိ​ရာ​သို့​ဝင်​၍ ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မူ​ပါ။ သို့​ပြု​လျှင်​ခ​မည်း​တော်​သည် အ​ရှင့်​အား​ရန်​သူ​အ​ဖြစ်​သတ်​မှတ်​ကြောင်း လူ​အ​ပေါင်း​တို့​သိ​သော​အ​ခါ​အ​ရှင်​၏ နောက်​လိုက်​နောက်​ပါ​တို့​သည်​အ​လွန်​အား ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။- သို့​ဖြစ်​၍​အ​ဗ​ရှ​လုံ​သည်​နန်း​တော်​အ​မိုး ထက်​တွင်​အ​မိုး​မိုး​စေ​ပြီး​နောက် လူ​အ​ပေါင်း တို့​၏​မျက်​မှောက်​၌​ခ​မည်း​တော်​၏​မောင်း​မ များ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု​၏။

၂ ဓမ္မရာဇဝင် 16:20-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အဗရှလုံ​က​လည်း အဟိသောဖေလ​အား “​ငါ​တို့ မည်သို့​ပြု​သင့်​သည်​ကို သင်​အကြံ​ပေး​ကြည့်​ပါ​”​ဟု ဆို​လျှင် အဟိသောဖေလ​က အဗရှလုံ​အား “​နန်းတော်​ကို​စောင့်ရှောက်​ရန် အရှင့်​ခမည်းတော်​ချန်ထား​ခဲ့​သော မောင်းမ​တို့​ထံ ဝင်​ပါ​။ ဤသို့ အရှင်​သည် ခမည်းတော်​စက်ဆုပ်ရွံရှာ​အောင်​ပြု​ကြောင်း​ကို အစ္စရေး​လူ​တစ်မျိုးနွယ်လုံး​ကြားသိ​လျှင် အရှင့်​ဘက်သား​အားလုံး အားတက်​လာ​လိမ့်မည်​”​ဟု လျှောက်တင်​၏​။ ထို့နောက် အဗရှလုံ​အတွက် ခေါင်မိုးပြင်​တွင် တဲဆောင်​ထိုး​ကြ​ပြီး အဗရှလုံ​သည် အစ္စရေး​တစ်မျိုးလုံး​၏​မျက်စိ​ရှေ့​တွင်​ပင် ခမည်းတော်​ချန်ထား​သော​မောင်းမ​တို့​ထံ ဝင်​လေ​၏​။