YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 13:1-36

၂ ဓမ္မရာဇဝင် 13:1-36 Judson Bible (JBMLE)

ဒါ​ဝိဒ်၏​သား အ​ဗ​ရှ​လုံ၌ တာ​မာ​အ​မည်​ရှိ​သော အ​ဆင်း​လှ​သော​နှ​မ​တစ်​ယောက်​ရှိ၏။ ဒါ​ဝိဒ်၏​သား အာ​မ​နုန်​သည် ထို​နှ​မ​ကို ချစ်​လေ၏။ ချစ်​အား​ကြီး​သော​ကြောင့် နာ၍​နေ၏။ နှ​မ​တော်​သည် အ​ပျို​က​ညာ​ဖြစ်၏။ သူ၌​အ​ဘယ်​သို့ အ​လို​ပြည့်​စုံ​မည်​ကို အာ​မ​နုန်​သည် ကြံ၍​မ​ရ​နိုင်။ ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ​သား ယော​န​ဒပ်​သည် အာ​မ​နုန်၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်၏။ ထို​ယော​န​ဒပ်​သည် လိ​မ္မာ​သော​သူ​ဖြစ်၏။ ကိုယ်​တော်​သည် ရှင်​ဘု​ရင်၏​သား​တော်​ဖြစ်​လျက် အ​ဘယ်​ကြောင့် တစ်​နေ့​ထက်​တစ်​နေ့ ပိန်​ချုံး​တော်​မူ​သ​နည်း။ ကျွန်​တော်​ကို မ​ပြော​ချင်​သ​လော​ဟု မေး​လျှင်၊ အာ​မ​နုန်​က၊ ငါ့​ညီ​အ​ဗ​ရှ​လုံ၏ နှ​မ​တာ​မာ​ကို တပ်​သော​စိတ်​ရှိ​သည်​ဟု ပြန်​ပြော၏။ ယော​န​ဒပ်​က​လည်း၊ ခု​တင်​ပေါ်​မှာ တုံး​လုံး​နေ၍ နာ​ဟန်​ဆောင်​ပါ။ ခ​မည်း​တော်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ​လာ၍ ကျွေး​မွေး​ပါ​စေ။ သူ​ချက်​သော စား​စ​ရာ​ကို အ​ကျွန်ုပ်​သည်​မြင်၍ သူ​လက်၌​စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ ချက်​ပါ​စေ​ဟု အ​ခွင့်​တောင်း​ရ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊ အာ​မ​နုန်​သည် တုံး​လုံး​နေ၍ နာ​ဟန်​ပြု၏။ ရှင်​ဘု​ရင်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အာ​မ​နုန်​က၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ လာ​ပါ​စေ။ သူ​လက်၌ အ​ကျွန်ုပ်​သည် စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ မုန့်​ပြား​နှစ်​ပြား​ကို​လုပ်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား အ​ခွင့်​တောင်း​လေ၏။ ဒါ​ဝိဒ်​သည်​လည်း တာ​မာ​အိမ်​သို့ လူ​ကို​စေ​လွှတ်၍၊ သင်၏​မောင် အာ​မ​နုန်​အိမ်​သို့ သွား​ပြီး​လျှင် စား​စ​ရာ​ကို​ချက်​ပေး​ပါ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တာ​မာ​သည် မောင်​အာ​မ​နုန်​အိမ်​သို့​သွား၍ အာ​မ​နုန်​သည် တုံး​လုံး​နေ၏။ တာ​မာ​သည် မုန့်​ညက်​ကို​ယူ၍ နယ်​ပြီး​မှ၊ မောင်​ရှေ့​မှာ မုန့်​ပြား​တို့​ကို​လုပ်၍ ဖုတ်​လေ၏။ ပန်း​ကန်​ပြား​ကို​လည်း​ယူ၍ အာ​မ​နုန်​ရှေ့​မှာ​လောင်း​ထား​သော်​လည်း သူ​သည်​မ​စား​ဘဲ လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှ​ထွက်​သွား​စေ​ဟု ဆို​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ထွက်​သွား​ကြ၏။ တာ​မာ​အား​လည်း၊ သင့်​လက်၌ ငါ​စား​ရ​အောင် အ​ခန်း​ထဲ​သို့​ယူ​ခဲ့​လော့​ဟု ဆို​သည်​အ​တိုင်း၊ တာ​မာ​သည် မိ​မိ​လုပ်​သော​မုန့်​ပြား​တို့​ကို​ယူ၍ မောင်​အာ​မ​နုန်​ရှိ​ရာ အ​ခန်း​ထဲ​သို့​ဝင်​လေ၏။ ထို​သို့ အာ​မ​နုန်​စား​စ​ရာ​ဖို့ ယူ​ခဲ့​သော​အ​ခါ၊ သူ​သည် နှ​မ​လက်​ကို​ဆွဲ၍၊ ငါ့​နှ​မ၊ ငါ​နှင့်​အိပ်​ပါ​ဟု ဆို၏။ တာ​မာ​က​လည်း မ​ပြု​ပါ​နှင့် ငါ့​မောင်။ ငါ့​ကို မ​ရှုတ်​ချ​ပါ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​သို့​သော​အ​မှု​ကို မ​ပြု​သင့်၊ ဤ​အ​မှု​ဆိုး​ကို မ​ပြု​ပါ​နှင့်။ ပြု​လျှင် ငါ​သည်​ရှက်​ခြင်း​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​မည်​နည်း။ သင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ လူ​မိုက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ကို လျှောက်​ပါ​လော့။ လျှောက်​လျှင် မ​ပေး​စား​ဘဲ နေ​တော်​မ​မူ​ပါ​ဟု ပြော​ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။ နှ​မ​ထက်​အား​ကြီး​သ​ဖြင့် အ​နိုင်​ပြု၍ အိပ်​လေ၏။ တစ်​ဖန် အာ​မ​နုန်​သည် နှ​မ​ကို​အ​လွန်​မုန်း​ပြန်၏။ အ​ရင် ချစ်​အား​ကြီး​သည်​ထက် မုန်း​အား​သာ၍​ကြီး​သ​ဖြင့်၊ သင်​ထ၍​သွား​တော့​ဟု ဆို၏။ နှ​မ​က​လည်း အ​ကြောင်း​မ​ရှိ​ပါ။ ငါ၌​ပြု​ဖူး​သော​အ​ပြစ်​ထက် ယ​ခု​နှင်​ထုတ်​သော​အ​ပြစ် သာ၍​ကြီး​သည်​ဟု ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။ အ​စေ​ခံ​ကျွန်​တစ်​ယောက်​ကို ခေါ်၍ ဤ​မိန်း​မ​ကို​နှင်​ထုတ်​လော့။ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လော့​ဟု စီ​ရင်၏။ အ​ပျို​က​ညာ​ဖြစ်​သော ရှင်​ဘု​ရင်၏​သ​မီး​တော် ဝတ်​တတ်​သည်​အ​တိုင်း၊ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဝတ်​လျက်​ရှိ​သော တာ​မာ​ကို အ​စေ​ခံ​ကျွန်​သည်​နှင်​ထုတ်၍ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လေ၏။ တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။ မောင်​ရင်း​အ​ဗ​ရှ​လုံ​က​လည်း၊ ငါ့​အစ်​ကို​အာ​မ​နုန်​သည် သင်​နှင့်​အ​တူ​ရှိ​ပြီ​လော။ သို့​သော်​လည်း​ငါ့​နှ​မ တိတ်​ဆိတ်​စွာ​နေ​လော့။ သူ​သည် သင်၏​မောင်​ဖြစ်၏။ ဤ​အ​မှု​ကို​မ​မှတ်​နှင့်​ဟု ဆို​သော်၊ တာ​မာ​သည် မိ​မိ​မောင်​အ​ဗ​ရှ​လုံ​အိမ်၌ ဆိတ်​ညံ​စွာ​နေ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထို​အ​မှု​အ​လုံး​စုံ​ကို ကြား​သိ​သော​အ​ခါ၊ အ​လွန်​အ​မျက်​ထွက်၏။ အ​ဗ​ရှ​လုံ​သည် အစ်​ကို​အာ​မ​နုန်​အား ကောင်း​သော​စ​ကား၊ မ​ကောင်း​သော​စ​ကား​ကို မ​ပြော။ သို့​ရာ​တွင် နှ​မ​တာ​မာ​ကို​ရှုတ်​ချ​သော​ကြောင့် အ​ငြိုး​ထား၏။ ထို​နောက် နှစ်​နှစ်​စေ့​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဧ​ဖ​ရိမ်​မြို့​အ​နား၊ ဗာ​လ​ဟာ​ဇော်​ရွာ​မှာ သိုး​မွေး​ညှပ်​ပွဲ​ကို​ခံ၍ ရှင်​ဘု​ရင်၏​သား​တော်​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။ အ​ဗ​ရှ​လုံ​သည်​လည်း ရှင်​ဘု​ရင်​ထံ​တော်​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​သည် သိုး​မွေး​ညှပ်​ပွဲ​ကို ခံ​ပါ၏။ ကျွန်​များ​တို့​ကို​ခေါ်၍ ကိုယ်​တော်​ကျွန်​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ကြွ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က မ​သွား​သင့်​ငါ့​သား၊ လူ​အ​ပေါင်း​တို့​ကို မ​သွား​စေ​နှင့်။ စ​ရိတ်​များ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု ဆို​သ​ဖြင့်၊ အ​ဗ​ရှ​လုံ သွေး​ဆောင်​သော်​လည်း ကိုယ်​တော်​တိုင်​မ​လိုက်​ဘဲ ကောင်း​ချီး​ပေး၏။ အ​ဗ​ရှ​လုံ​က​လည်း၊ လိုက်​တော်​မ​မူ​လျှင်၊ နောင်​တော်​အာ​မ​နုန် လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က အ​ဘယ်​ကြောင့် လိုက်​စေ​ရ​မည်​နည်း​ဟု ဆို​သော်​လည်း၊ အ​ဗ​ရှ​လုံ​ပူ​ဆာ​သော​ကြောင့် အာ​မ​နုန်​မှ​စ၍ သား​တော်​ရှိ​သ​မျှ လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊ သူ​တို့​သည် အာ​မ​နုန်​ကို ပြု​ကြ၏။ ထို​အ​ခါ ရှင်​ဘု​ရင်၏ သား​တော်​အ​ပေါင်း​တို့​သည် ထ၍ လား​ကို​စီး​လျက် ပြေး​သွား​ကြ၏။ သူ​တို့​မ​ရောက်​မီ အ​ခြား​သူ​လာ၍၊ အ​ဗ​ရှ​လုံ​သည် အ​ရှင်​မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​ကို သတ်​ပါ​ပြီ။ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ပါ​ဟု နား​တော်​လျှောက်​လေ၏။ ရှင်​ဘု​ရင်​သည်​ထ၍ အ​ဝတ်​တော်​ကို​ဆုတ်​လျက် မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ကျွန်​တော်​အ​ပေါင်း​တို့​သည်​လည်း၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက် အ​နား​တော်၌​နေ​ကြ၏။ ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ၏​သား​ယော​န​ဒပ်​က၊ အ​ရှင်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​ကို သတ်​လေ​ပြီ​ဟူ​သော​စ​ကား​ကို ယုံ​တော်​မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ယောက်​တည်း​သာ သေ​ပါ​ပြီ။ အ​ဗ​ရှ​လုံ​နှ​မ တာ​မာ​ကို အာ​မ​နုန်​သည် ရှုတ်​ချ​သော​နေ့​မှ​စ၍ ဤ​အ​မှု​ကို​သူ၏ မောင်​စီ​ရင်​ပါ​ပြီ။ ယ​ခု​မှာ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​သည် သေ​ကြ​ပြီ​ဟု​ထင်​လျက် စိတ်​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ယောက်​တည်း​သာ သေ၍ အ​ဗ​ရှ​လုံ​လည်း ပြေး​ပါ​လိမ့်​မည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ ကင်း​စောင့်​လု​လင်​သည် မျှော်​ကြည့်၍၊ မိ​မိ​နောက်၌ တောင်​ခြေ​ရင်း​လမ်း​မှာ လူ​များ​လာ​သည်​ကို မြင်၏။ ယော​န​ဒပ်​က​လည်း၊ အ​ရှင်​မင်း​ကြီး၏​သား​တော်​တို့​သည် လာ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​ပြော​သော​စ​ကား မှန်​ပါ၏​ဟု လျှောက်​သည်​အ​ဆုံး၌၊ ရှင်​ဘု​ရင်၏​သား​တော်​တို့​သည်​ရောက်​လာ၍ အ​သံ​ကို​လွှင့်​လျက် ငို​ကြွေး​ကြ၏။ ရှင်​ဘု​ရင်​နှင့် ကျွန်​တော်​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။

၂ ဓမ္မရာဇဝင် 13:1-36 Common Language Bible (BCL)

ဒါ​ဝိဒ်​၏​သား​တော်​အ​ဗ​ရှ​လုံ​တွင် တာ​မာ နာ​မည်​ရှိ​သော​အ​ဆင်း​လှ​သူ​နှ​မ​တော်​ရှိ ၏။ ဒါ​ဝိဒ်​၏​သား​တော်​တစ်​ပါး​ဖြစ်​သူ​အာ မ​နုန်​သည်​ထို​နှ​မ​တော်​ကို​အ​လွန်​စုံ​မက်​၏။- သူ​သည်​တာ​မာ​ကို​အ​လွန်​ချစ်​လှ​သ​ဖြင့် စိတ္တ​ဇ​ရော​ဂါ​စွဲ​ကပ်​လာ​လေ​သည်။ နှ​မ​တော် သည်​အ​ပျို​စင်​ဖြစ်​သ​ဖြင့် အာ​မ​နုန်​သည် မိ​မိ​အ​လို​ပြည့်​စေ​ရန်​မ​ကြံ​တတ်​အောင် ဖြစ်​လေ​၏။- သို့​ရာ​တွင်​သူ့​မှာ​ယော​န​ဒပ်​အ​မည်​တွင်​သော မိတ်​ဆွေ​ရှိ​၏။ ယော​န​ဒပ်​သည်​ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ဖြစ်​၏။ သူ​သည်​အ​လွန်​ပါး​နပ် လိမ္မာ​သူ​တည်း။- ယော​န​ဒပ်​က``သင်​သည်​ဘု​ရင့်​သား​တော်​ဖြစ် ပါ​လျက် နေ့​စဉ်​ရက်​ဆက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​သည်​ကို​ငါ​တွေ့​မြင်​ရ​ပါ​၏။ အ​ကြောင်း​အ​ဘယ်​သို့​ရှိ​သည်​ကို​ငါ့​အား ပြော​လော့'' ဟု​အာ​မ​နုန်​အား​ဆို​၏။ အာ​မ​နုန်​က``ငါ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ အစ်​ကို​တော်​သူ​အ​ဗ​ရှ​လုံ​၏​နှ​မ​တာ​မာ ကို​ငါ​ချစ်​လျက်​နေ​ပါ​၏'' ဟု​ပြန်​ပြော​၏။ ယော​န​ဒပ်​က``သင်​သည်​ဖျား​နာ​ဟန်​ပြု​၍ အိပ်​ရာ​ပေါ်​တွင်​နေ​လော့။ သင့်​ခ​မည်း​တော် လာ​၍​ကြည့်​သော​အ​ခါ`နှ​မ​တော်​တာ​မာ အား​အ​ကျွန်ုပ်​ထံ​သို့​စေ​လွှတ်​၍ အ​ကျွန်ုပ် အား​အ​စား​အ​စာ​ကျွေး​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ရှေ့​တွင်​သူ​ချက်​၍ သူ့​လက်​ဖြင့် ကျွေး​သော​အ​စား​အ​စာ​ကို​စား​လို​ပါ သည်' ဟု​လျှောက်​ထား​လော့'' ဟု​အ​ကြံ ပေး​၏။- သို့​ဖြစ်​၍​အာ​မ​နုန်​သည်​ဖျား​နာ​ဟန်​ပြု ၍​အိပ်​ရာ​ပေါ်​တွင်​အိပ်​နေ​လေ​၏။ ဒါ​ဝိဒ်​မင်း​သည်​သူ့​ကို​လာ​၍​ကြည့်​သော​အ​ခါ အာ​မ​နုန်​က``တာ​မာ​ကို​စေ​လွှတ်​၍​အ​ကျွန်ုပ် ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​လုပ်​စေ​ပြီး​လျှင်​သူ့ လက်​ဖြင့်​အ​ကျွန်ုပ်​အား​ကျွေး​မွေး​စေ​တော် မူ​ပါ'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​နန်း​တော်​တွင်း​ရှိ​တာ​မာ ၏​အိမ်​သို့​လူ​ကို​စေ​လွှတ်​၍ အာ​မ​နုန်​၏​အိမ် သို့​သွား​၍​သူ့​အ​တွက်​အ​စား​အ​စာ​အ​နည်း ငယ်​ကို​ပြင်​ဆင်​ပေး​လော့'' ဟု​မှာ​လိုက်​၏။- တာ​မာ​ရောက်​ရှိ​သော​အ​ခါ​အာ​မ​နုန်​ကို အိပ်​ရာ​ထဲ​တွင်​တွေ့​ရှိ​ရ​၏။ တာ​မာ​သည် မုန့်​ညက်​အ​နည်း​ငယ်​ကို​ယူ​၍​နယ်​ပြီး​လျှင် အာ​မ​နုန်​၏​ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​ကို​လုပ် ၏။ ထို​နောက်​မုန့်​ကို​ဖုတ်​၍၊- အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။- ထို​အ​ခါ​သူ​သည်​တာ​မာ​အား``မုန့်​ကို​ငါ​၏ အိပ်​ရာ​သို့​ယူ​ခဲ့​၍​သင်​ကိုယ်​တိုင်​ငါ့​အား​ကျွေး ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​သည်​မိ​မိ​လုပ်​ထား သည့်​မုန့်​ကို​ယူ​၍​အာ​မ​နုန်​ရှိ​ရာ​သို့​သွား​၏။- မုန့်​ကို​ကမ်း​၍​ပေး​လိုက်​သော​အ​ခါ​အာ​မ​နုန် သည်​တာ​မာ​၏​လက်​ကို​ဆွဲ​ကိုင်​ကာ``ငါ​နှင့် အ​တူ​အိပ်​စက်​ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။- ကျွန်​မ​သည်​လူ​ပုံ​လယ်​တွင်​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ခေါင်း​ထောင်​ရဲ​တော့​မည်​မ​ဟုတ်​ပါ။ သင်​သည် လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင်​လုံး​ဝ အ​သ​ရေ​ပျက်​သွား​ပါ​လိမ့်​မည်။ ကျေး​ဇူး​ပြု​၍ မင်း​ကြီး​အား​လျှောက်​ထား​ပါ​လော့။ ထို​သို့ လျှောက်​ထား​ပါ​လျှင်​မင်း​ကြီး​သည်​ကျွန်​မ အား သင်​နှင့်​မ​ပေး​စား​ဘဲ​နေ​တော်​မူ​မည်​မ ဟုတ်​ကြောင်း​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​ဆို​၏။- သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်။ သူ​သည်​တာ​မာ​ထက်​ပို​၍ ခွန်​အား​ကြီး​သ​ဖြင့် တာ​မာ​အား​မ​တော် မ​တ​ရား​ပြု​ကျင့်​လေ​၏။ ထို​နောက်​အာ​မ​နုန်​သည်​တာ​မာ​ကို​လွန်​စွာ​မုန်း လေ​၏။ သူ​သည်​ယ​ခင်​အ​ခါ​က​ချစ်​အား​ကြီး သည်​ထက် ယ​ခု​အ​ခါ​၌​မုန်း​အား​ပို​၍​ကြီး သ​ဖြင့်​တာ​မာ​အား``ထွက်​သွား​လော့'' ဟု​နှင် ထုတ်​လေ​သည်။ တာ​မာ​က``နှ​မ​တော်​ကို​ဤ​သို့​နှင်​ထုတ်​ခြင်း​မှာ ခု​တင်​က​သင်​ကူး​လွန်​သည့်​ပြစ်​မှု​ထက်​ပင် ပို​မို​ဆိုး​ရွား​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ၊- သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ကို​ခေါ်​၍``ဤ​မိန်း​မ ကို​ငါ့​မျက်​မှောက်​မှ​ထုတ်​၍​တံ​ခါး​ကျင်​ကို ထိုး​ထား​လော့'' ဟု​ဆို​၏။- အ​စေ​ခံ​သည်​လည်း​တာ​မာ​ကို​အ​ပြင်​သို့ ထုတ်​၍​တံ​ခါး​ကျင်​ကို​ထိုး​လိုက်​၏။ တာ​မာ​သည်​ထို​ခေတ်​အ​ခါ​က​အိမ်​ထောင်​မ​ပြု ရ​သေး​သည့် မင်း​သ​မီး​များ​ဝတ်​ဆင်​တတ်​သည့် လက်​ရှည်​ဝတ်​လုံ​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​၏။- သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။- သူ​၏​အစ်​ကို​အ​ဗ​ရှ​လုံ​က``သင့်​အား​အာ​မ​နုန် စော်​ကား​လိုက်​ပြီ​လော။ ငါ့​နှ​မ၊ အ​ခြား​မည်​သူ့ ကို​မျှ​မ​ပြော​နှင့်။ သူ​သည်​သင်​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​၏။ ဤ​အမှု​ကြောင့် များ​စွာ​စိတ်​ဒုက္ခ​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​၏။ ထို​သို့​ဖြစ်​ပျက်​သည်​ကို​ကြား​သိ​သော အ​ခါ​ဒါ​ဝိဒ်​သည်​လွန်​စွာ​အ​မျက်​ထွက်​၏။- အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။ နှစ်​နှစ်​မျှ​ကြာ​သော်​အ​ဗ​ရှ​လုံ​သည်​ဧ​ဖ​ရိမ် မြို့​အ​နီး​ဗာ​လ​ဟာ​ဇော်​ရွာ​တွင် မိ​မိ​သိုး​များ အ​မွေး​ညှပ်​ပွဲ​ကို​ကျင်း​ပ​၏။ ထို​အ​ခါ​သူ သည်​ဘု​ရင့်​သား​တော်​အ​ပေါင်း​တို့​ကို​ဖိတ် ခေါ်​လေ​သည်။- သူ​သည်​ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​သိုး​မွေး ညှပ်​ပွဲ​ကျင်း​ပ​မည်​ဖြစ်​၍​အ​ရှင်​နှင့်​မှူး​မတ် များ​ကြွ​ရောက်​တော်​မူ​ပါ'' ဟု​လျှောက်​၏။ မင်း​ကြီး​က``ငါ့​သား​ငါ​တို့​မ​လာ​လို။ လာ​ခဲ့ သော်​သင့်​အ​တွက်​တာ​ဝန်​ကြီး​ပါ​လိမ့်​မည်'' ဟု ဆို​၏။ အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​အား​မ​ရ​မ က​ဖိတ်​ခေါ်​ပါ​သော်​လည်း မင်း​ကြီး​သည်​မ လိုက်​ဘဲ​အ​ဗ​ရှ​လုံ​အား​ကောင်း​ချီး​ပေး​၍ ထွက်​ခွာ​သွား​စေ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ဗ​ရှ​လုံ​က``ထို​သို့​ဖြစ်​ပါ​မူ ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အစ်​ကို​အာ​မ​နုန် ကို​သွား​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သူ့​အား သွား​စေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။- သို့​သော်​လည်း​အဗ​ရှ​လုံ​သည်​မ​ရ​မ​က​ဆက် လက်​ပူ​ဆာ​နေ​သ​ဖြင့် နောက်​ဆုံး​၌​ဒါ​ဝိဒ်​သည် အာ​မ​နုန်​နှင့်​အ​ခြား​သား​တော်​အား​လုံး​ကို သွား​ခွင့်​ပြု​တော်​မူ​၏။ အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။- အ​စေ​ခံ​တို့​သည်​အ​ဗ​ရှ​လုံ​အ​မိန့်​ပေး​ထား သည့်​အ​တိုင်း​အာ​မ​နုန်​ကို​လုပ်​ကြံ​ကြ​၏။ ထို အ​ခါ​ဒါ​ဝိဒ်​၏​အ​ခြား​သား​တော်​အ​ပေါင်း တို့​သည်​လား​များ​ကို​စီး​၍​ထွက်​ပြေး​ကြ လေ​သည်။ သူ​တို့​သည်​အိမ်​အ​ပြန်​လမ်း​၌​ရှိ​နေ​သေး စဉ်``အ​ဗ​ရှ​လုံ​သည်​အ​ရှင်​၏​သား​တော် အ​ပေါင်း​တို့​ကို​သတ်​လေ​ပြီ။ တစ်​ဦး​တစ် ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့​ပါ'' ဟူ​သော သ​တင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။- မင်း​ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​မိ​မိ ၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် ကိုယ်​ကို​မြေ ပေါ်​သို့​လှဲ​ချ​လိုက်​၏။ ထို​အ​ရပ်​တွင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​သော​အ​စေ​ခံ​တို့​သည် လည်း မိ​မိ​တို့​၏​အင်္ကျီ​များ​ကို​ဆုတ်​ဖြဲ ကြ​၏။- သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အစ်​ကို​ရှိ​မာ​၏​သား ယော​န​ဒပ်​က``အ​ရှင်​မင်း​ကြီး၊ အရှင်​၏​သား တော်​အား​လုံး​ကို​သတ်​လိုက်​ကြ​သည်​မ​ဟုတ် ပါ။ အာ​မ​နုန်​တစ်​ယောက်​တည်း​ကို​သာ​သတ် ခြင်း​ဖြစ်​ပါ​သည်။ အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏ နှ​မ​တော်​တာ​မာ​ကို​အာ​မ​နုန်​မ​တ​ရား ပြု​ကျင့်​သည့်​နေ့​မှ​စ​၍ ဤ​အ​မှု​ကို​ပြု​ရန် စိတ်​ပိုင်း​ဖြတ်​ထား​ကြောင်း​သူ​၏​မျက်​နှာ တွင်​ပေါ်​ပါ​၏။- သို့​ဖြစ်​၍​အ​ရှင်​၏​သား​တော်​အား​လုံး​သေ လေ​ပြီ​ဟူ​သော​သ​တင်း​ကို​ယုံ​ကြည်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ဦး​တည်း​သာ သေ​ပါ​၏'' ဟု​လျှောက်​၏။ ဤ​အ​တော​အ​တွင်း​၌​အ​ဗ​ရှ​လုံ​သည်​ထွက် ပြေး​လေ​၏။ ထို​နောက်​မ​ကြာ​မီ​ကင်း​စောင့်​တာ ဝန်​ကျ​သော​တပ်​သား​သည်​ဟော​ရော​နိမ်​မြို့ လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ​အ​ချို့​ဆင်း​လာ သည်​ကို​တွေ့​သ​ဖြင့်​ဘု​ရင့်​ထံ​သို့​သွား ၍``ဟော​ရော​နိမ်​လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ အ​ချို့​တို့​ဆင်း​လာ​နေ​ကြ​ပါ​သည်'' ဟု လျှောက်​၏။- ယော​န​ဒပ်​က​ဒါ​ဝိဒ်​အား`အ​ကျွန်ုပ်​လျှောက် ထား​ခဲ့​သည့်​အ​တိုင်း ထို​သူ​တို့​သည်​အ​ရှင် ၏​သား​တော်​များ​ဖြစ်​ပါ​၏' ဟု​လျှောက်​၏။- သူ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက်​ဒါ​ဝိဒ် ၏​သား​တော်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၏။ သူ တို့​သည်​စ​တင်​ငို​ကြွေး​ကြ​သ​ဖြင့်​ဒါ​ဝိဒ် နှင့်​မှူး​မတ်​တို့​သည်​လည်း​ပြင်း​စွာ​ငို​ကြွေး ကြ​၏။

၂ ဓမ္မရာဇဝင် 13:1-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒါဝိဒ်​မင်းကြီး​၏​သား​အဗရှလုံ​တွင် တာမာ​အမည်​ရှိ​သော​၊ အဆင်းလှ​သော​နှမ​တစ်​ဦး​ရှိ​၏​။ ဒါဝိဒ်​မင်းကြီး​၏​သား​အာမနုန်​သည် တာမာ​ကို​ချစ်​၏​။ ထိုသို့ အာမနုန်​သည် နှမ​တာမာ​ကို ချစ်​သော​စိတ်​ဖြင့် စိတ်ဖိစီး​ကာ​ဖျား​လေ​၏​။ နှမ​တော်​သည် အပျိုစင်​ဖြစ်​သောကြောင့် သူ့​အား မည်သို့​ရယူ​ရ​မည်​ကို အာမနုန်​တွေး​မ​ရ​ဘဲ အခက်တွေ့​နေ​၏​။ အာမနုန်​တွင် ယောနဒပ်​အမည်​ရှိ​သော မိတ်ဆွေ​တစ်​ဦး ရှိ​၏​။ ယောနဒပ်​သည် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား ဖြစ်ပြီး အလွန်​ဉာဏ်များ​သူ​ဖြစ်​၏​။ သူ​က အာမနုန်​အား “​အို ဘုရင့်​သား​တော်​၊ အဘယ်ကြောင့် တစ်နေ့​ထက်​တစ်နေ့ ပိန်​လာ​သနည်း​။ အကျွန်ုပ်​အား ပြောပြ​၍​မ​ရ​သလော​”​ဟု ဆို​လျှင် အာမနုန်​က “​ငါ့​ညီ အဗရှလုံ​၏​နှမ တာမာ​ကို ငါ​ချစ်​မိ​နေ​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။ ထိုအခါ ယောနဒပ်​က သူ့​အား “​သင်​နေမကောင်း​ယောင်ဆောင်​ပြီး အိပ်ရာ​ထဲ​လှဲ​နေ​လိုက်​ပါ​။ သင့်​ခမည်းတော် သင့်​ကို​လာကြည့်​လျှင် ‘​အကျွန်ုပ်​ကို ပြုစုကျွေးမွေး​ဖို့ အကျွန်ုပ်​၏​နှမ​တာမာ​ကို လွှတ်ပေး​ပါ​။ အကျွန်ုပ်​ရှေ့​တွင် အစားအစာ​ပြင်ဆင်​ပေး​သည်​ကို ကြည့်​ပြီး သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို စား​လို​ပါ​၏’​ဟူ၍ လျှောက်​လော့”​ဟု အကြံပေး​လေ​၏​။ ထို့ကြောင့် အာမနုန်​သည် နေမကောင်း​ယောင်ဆောင်​ပြီး လှဲ​နေ​လေ​၏​။ ရှင်ဘုရင်​လာကြည့်​သောအခါ အာမနုန်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​နှမ တာမာ​ကို လွှတ်ပေး​ပြီး အကျွန်ုပ်​ရှေ့​တွင် မုန့်​နှစ်​ပြား​ကို​လုပ်ပေး​စေ​ပါ​။ သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို အကျွန်ုပ်​စား​လို​ပါ​၏​”​ဟု လျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က​လည်း တာမာ​ရှိ​ရာ​နန်းဆောင်​သို့​လူ​လွှတ်​၍ “​ယခု သင့်​အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​ပြီး သူ့​အတွက် စားစရာ​ကို​ပြင်ဆင်​ပေး​ပါ​”​ဟု မှာလိုက်​၏​။ ထို့ကြောင့် တာမာ​သည် အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​၍ လဲလျောင်း​နေ​သော အာမနုန်​ရှေ့​တွင် မုန့်ညက်​ကို​ယူ​၍ နယ်​ပြီးလျှင် မုန့်​ကို​ဖုတ်​လေ​၏​။ ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။ ထိုအခါ အာမနုန်​က တာမာ​အား “​မုန့်​ကို အိပ်ခန်း​ထဲ​ယူလာ​ပြီး ငါ့​ကို သင့်​လက်​နှင့် ခွံ့ကျွေး​ပါ​”ဟု ဆို​သဖြင့် တာမာ​သည် မိမိ​ပြင်ဆင်​ထား​သော​မုန့်​တို့​ကို​ယူ​၍ အစ်ကို​အာမနုန်​အိပ်ခန်း​ထဲသို့ ဆောင်သွား​၏​။ အာမနုန်​စား​ဖို့ မုန့်​ကို​ကမ်းပေး​လိုက်​သောအခါ အာမနုန်​က သူ့​ကို​ဖမ်းဆွဲ​ပြီး “​ငါ့​နှမ လာ​ပါ​။ ငါ​နှင့်အတူ အိပ်​ပါ​”​ဟု ဆို​၏​။ တာမာ​က​လည်း သူ့​အား “​မ​လုပ်​ပါ​နှင့် အစ်ကို​။ အကျွန်ုပ်​ကို အဓမ္မ​မ​ပြု​ပါ​နှင့်​။ အစ္စရေး​လူမျိုး​တွင် ဤသို့​ပြု​လေ့​မ​ရှိ​။ ဤသို့ ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ပါ​နှင့်​။ ဤသို့​ပြု​လျှင် အကျွန်ုပ်​ဘယ်သွားသွား ကဲ့ရဲ့​ခံရ​ပါ​လိမ့်မည်​။ သင်​သည်​လည်း အစ္စရေး​လူမျိုး​တွင် မိုက်မဲ​သော​သူ​တစ်​ဦး ဖြစ်​ရ​ပါ​လိမ့်မည်​။ ထို့ကြောင့် ရှင်ဘုရင်​ကို လျှောက်တင်​ပါ​လော့​။ သင်​နှင့်​အကျွန်ုပ်​ကို သဘော​မ​တူ​ဘဲ​မ​နေ​ပါ​”​ဟု ဆို​သော်လည်း နှမ​စကား​ကို နား​မ​ထောင်​ဘဲ နှမ​ထက်​အားကြီး​သောကြောင့် သူ့​ကို အဓမ္မပြုကျင့်​ကာ အတူ​အိပ်​လေ​၏​။ ထို့နောက် အာမနုန်​သည် သူ့​ကို အမုန်း ကြီး ​မုန်း​သွား​ပြန်​၏​။ ယခင်​ချစ်​သော​စိတ်​ထက် မုန်း​သော​စိတ်​ပို၍​ကြီး​သဖြင့် အာမနုန်​က သူ့​အား “​ထ​လော့​၊ ထွက်သွား​လော့​”​ဟု ဆို​၏​။ တာမာ​က​လည်း “​မ​နှင်ထုတ်​ပါ​နှင့်​။ အကျွန်ုပ်​ကို​နှင်ထုတ်​ခြင်း​သည် အကျွန်ုပ်​ကို အဓမ္မပြုကျင့်​သည်​ထက် သာ၍​ဆိုး​ပါ​၏​”​ဟု ဆို​သော်လည်း သူ​သည် နား​မ​ထောင်​။ သူ့​ထံ၌​ခစား​သော​ငယ်သား​တစ်​ယောက်​ကို​ခေါ်​၍ “​ဤ​မိန်းမ​ကို ငါ့​ထံမှ အပြင်​သို့​နှင်ထုတ်​ပြီး တံခါး​ကို​ပိတ်​ထား​လော့​”​ဟု ဆို​၏​။ ထို​ငယ်သား​သည်​လည်း ဘုရင့်​သမီး​တော်​အပျိုစင်​တို့ ဝတ်ဆင်​ရ​လေ့​ရှိ​သော​ရောင်စုံသင်တိုင်း​ကို ဝတ်ဆင်​ထား​သော​တာမာ​အား နှင်ထုတ်​ပြီးလျှင် တံခါး​ကို​ပိတ်​ထား​လိုက်​လေ​၏​။ တာမာ​သည် ခေါင်း​ပေါ်မှာ​ပြာ​ကို​တင်​လျက် မိမိ​ဝတ်​ထား​သော​ရောင်စုံသင်တိုင်း​ကို ဆွဲဆုတ်​ပစ်​လေ​၏​။ ထို့နောက် ခေါင်း​ပေါ်မှာ​လက်​ကို​တင်​ကာ အော်ဟစ်​ငိုကြွေး​လျက် ပြန်သွား​လေ​၏​။ သူ့​အစ်ကို အဗရှလုံ​က သူ့​အား “​သင့်​အစ်ကို အာမနုန်​က သင့်​ကို​အဓမ္မပြု​လိုက်​ပြီ​လော​။ ငါ့​နှမ​၊ ယခု ဆိတ်ဆိတ်​နေ​လော့​။ သူ​သည် သင့်​အစ်ကို ဖြစ်​သည့်​အတွက် ဤ​ကိစ္စ​ကို သင့်​စိတ်​ထဲ​မ​ထား​ပါ​နှင့်​”​ဟု နှစ်သိမ့်​၏​။ တာမာ​က​လည်း သူ့​အစ်ကို အဗရှလုံ​၏​နန်းဆောင်​တွင် ဆိတ်ဆိတ်​နေ​လေ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဤ​သတင်း​အလုံးစုံ​ကို ကြားသိ​လျှင် အလွန်​အမျက်ထွက်​လေ​၏​။ အဗရှလုံ​သည် မိမိ​နှမ​တာမာ​အား အာမနုန်​အဓမ္မပြု​လိုက်​သဖြင့် အာမနုန်​ကို​မုန်းတီး​၏​။ သို့သော် သူ့​အား ကောင်း​သည်​၊ ဆိုး​သည် မည်သည့်​စကား​တစ်ခွန်း​ကို​မျှ​မ​ပြော​ဘဲ​နေ​၏​။ အချိန်​နှစ်​နှစ်​ခန့်​ကြာ​သော် အဗရှလုံ​သည် ဧဖရိမ်​ပြည်​အနီး ဗာလဟာဇော်​အရပ်​၌ သိုးမွေးညှပ်သမား​တို့​နှင့်အတူ​ရှိ​နေစဉ် ဘုရင့်​သား​တော်​အပေါင်း​တို့​ကို ဖိတ်ခေါ်​၏​။ ထို့ပြင် အဗရှလုံ​သည် ရှင်ဘုရင်​ထံသို့​ဝင်​၍ “​အရှင့်​သား​ကျွန်တော်မျိုး သိုးမွေးညှပ်ပွဲ​ကျင်းပ​နေ​ပါ​သည်​။ သို့ဖြစ်၍ အရှင်မင်းကြီး​နှင့် မင်းမှုထမ်း​တို့ ကျွန်တော်မျိုး​နှင့်အတူ ကြွ​တော်မူ​ပါ​”​ဟု လျှောက်​၏​။ ထိုအခါ ရှင်ဘုရင်​က အဗရှလုံ​အား “​ငါ့​သား​၊ ငါ​တို့​အကုန် မ​သွား​သင့်​ပါ​။ သင့်​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ အဗရှလုံ မရမက​ခေါ်​သော်လည်း ရှင်ဘုရင်​သည် မ​သွား​လို​၊ ကောင်းချီး​သာ​ပေး​လိုက်​၏​။ အဗရှလုံ​က​လည်း “​ထိုသို့​ဖြစ်​လျှင် အကျွန်ုပ်​၏​အစ်ကို အာမနုန်​ကို အကျွန်ုပ်​တို့​နှင့်အတူ သွားခွင့်​ပေး​ပါ​”​ဟု ဆို​လျှင် ရှင်ဘုရင်​က “​အဘယ်ကြောင့် သူ့​ကို သွား​စေ​လို​သနည်း​”​ဟု မေး​၏​။ သို့သော် အဗရှလုံ​က မရမက​တောင်းဆို​သဖြင့် ရှင်ဘုရင်​သည် အာမနုန်​နှင့်တကွ ရှင်ဘုရင်​၏​သား​တော်​အားလုံး​ကို​သွား​စေ​လေ​၏​။ ထိုအခါ အဗရှလုံ​က သူ့​ငယ်သား​တို့​အား “​သင်​တို့ စောင့်ကြည့်​ပါ​။ စပျစ်ဝိုင်​ကြောင့် အာမနုန် စိတ်မြူး​လာ​သောအခါ ငါ​က ‘​အာမနုန်​ကို သတ်​လိုက်​ပါ​’​ဟု ဆို​လျှင် သူ့​ကို​သတ်​လိုက်​ပါ​။ ငါ​အမိန့်ပေး​သည်​မ​ဟုတ်​လော​။ သင်​တို့​မ​ကြောက်​ကြ​နှင့်​။ အားယူ​ပြီး သတ္တိ​ရှိ​ကြ​ပါ​”​ဟု မှာထား​၏​။ ဤသို့ဖြင့် အဗရှလုံ​၏​ငယ်သား​တို့​သည် အဗရှလုံ​မှာထား​သည့်​အတိုင်း အာမနုန်​ကို ပြု​လေ​၏​။ ထိုအခါ ရှင်ဘုရင်​၏​သား​တော်​အပေါင်း​တို့​သည် ထ​၍ ကိုယ့်​လား​ကိုယ်​စီး​ပြီး ထွက်ပြေး​ကြ​လေ​၏​။ သူ​တို့​လမ်း​၌​ရှိ​နေ​သေး​စဉ် “​အဗရှလုံ​သည် ရှင်ဘုရင်​၏​သား​တော်​အားလုံး​ကို သုတ်သင်​ပစ်​လေ​ပြီ​။ တစ်​ယောက်​မျှ မ​ကျန်​ပါ​”​ဟု ဒါဝိဒ်​မင်းကြီး​ထံ သတင်း​ရောက်လာ​၏​။ ရှင်ဘုရင်​သည် ထ​၍ မိမိ​အဝတ်​ကို​ဆုတ်​လျက် မြေ​ပေါ်မှာ​လှဲ​လေ​၏​။ သူ့​ထံ​ခစား​သော မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ကိုယ့်​အဝတ်​ကိုယ်​ဆုတ်ပစ်​ကြ​လေ​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား ယောနဒပ်​က “​အကျွန်ုပ်​၏​သခင်​၊ ရှင်ဘုရင်​၏​သား​တော် မင်းညီမင်းသား​အားလုံး အသတ်​ခံရ​ပြီ​ဟု မ​ထင်​လိုက်​ပါ​နှင့်​။ အာမနုန်​တစ်ဦးတည်း​သာ အသတ်​ခံရ​ပါ​ပြီ​။ အဗရှလုံ​သည် မိမိ​နှမ​တာမာ​အဓမ္မပြု​ခံရ​သည့်​နေ့​မှစ၍ ဤ​အမှု​ကို ကြံစည်​ထား​နှင့်​ပါ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​စိတ်​ထဲတွင် ရှင်ဘုရင်​၏​သား​တော်​အားလုံး​သေ​ပြီ​ဟူသော​သတင်း​ကို မ​ယုံ​ပါ​နှင့်​။ အာမနုန်​တစ်ဦးတည်း​သာ သေ​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။ အဗရှလုံ​မှာ ထွက်ပြေး​သွား​နှင့်​ပြီ​ဖြစ်​၏​။ ကင်းစောင့်​လုလင်​တစ်​ဦး​သည် အနောက်ဘက်​သို့​မျှော်ကြည့်​ရာ တောင်စောင်း​လမ်း​တစ်လျှောက်​တွင် လူအုပ်ကြီး​လာ​နေ​သည်​ကို​မြင်​လျှင် ယောနဒပ်​က ရှင်ဘုရင်​အား “​ကြည့်​ပါ​။ ရှင်ဘုရင်​၏​သား​တော်​တို့ ပြန်လာ​ကြ​ပါ​ပြီ​။ ကျွန်တော်မျိုး​၏​စကား မှန်​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။ ယောနဒပ်​၏​စကား​ဆုံး​သည်​နှင့် ရှင်ဘုရင်​၏​သား​တော်​တို့​သည် ရောက်လာ​၍ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ ရှင်ဘုရင်​နှင့်တကွ မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ပြင်းစွာ​ငိုကြွေး​ကြ​လေ​၏​။