YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 11:1-5

၂ ဓမ္မရာဇဝင် 11:1-5 Judson Bible (JBMLE)

အ​ခါ​လည်၍ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​ကျွန်​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​ပေါင်း​တို့​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင်​ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။ နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။ ထို​မိန်း​မ​ကား အ​ဘယ်​သူ​နည်း​ဟု​စေ​လွှတ်၍ မေး​မြန်း​လျှင်၊ ဧ​လျံ​သ​မီး၊ ဟိ​တ္တိ​လူ​ဥ​ရိ​ယ၏​မ​ယား ဗာ​သ​ရှေ​ဘ​ဖြစ်​ပါ​သည်​ဟု လျှောက်​လေ၏။ တစ်​ဖန် လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ ထို​မိန်း​မ​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့၍ ယှက်​တင်​လေ၏။ ထို​မိန်း​မ​သည် မိ​မိ​အ​ညစ်​အ​ကြေး​နှင့် စင်​ကြယ်​အောင်​ပြု၍ မိ​မိ​အိမ်​သို့​ပြန်​ပြီး​မှ၊ ပ​ဋိ​သ​န္ဓေ​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ကျွန်​မ၌​ပ​ဋိ​သ​န္ဓေ​ရှိ​ပါ၏​ဟု လျှောက်​စေ​သော်၊

၂ ဓမ္မရာဇဝင် 11:1-5 Common Language Bible (BCL)

ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။ တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။- သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​လူ​လွှတ်​၍​မည်​သူ​ဖြစ် ကြောင်း​စုံ​စမ်း​စေ​ရာ​ဧ​လျံ​၏​သ​မီး၊ ဟိတ္တိ အ​မျိုး​သား​ဥ​ရိ​ယ​၏​ဇ​နီး​ဗာ​သ​ရှေ​ဘ ဖြစ်​ကြောင်း​ကို​သိ​ရှိ​တော်​မူ​ရ​၏။- မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။- မိ​မိ​၌​ပ​ဋိ​သန္ဓေ​ရှိ​နေ​ကြောင်း​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​ထံ​သို့​သ​တင်း​ပေး​ပို့​လျှောက် ထား​လေ​သည်။

၂ ဓမ္မရာဇဝင် 11:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့ စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့်​တပ်မှူး​များ​အပါအဝင် အစ္စရေး​စစ်သည်​အပေါင်း​တို့​ကို စစ်ထွက်တိုက်​စေ​၏​။ သူ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း ဝိုင်းထား​လိုက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။ တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် လူ​လွှတ်​၍ ထို​မိန်းမ​အကြောင်း​ကို မေးမြန်း​စေ​ရာ “​သူ​သည် ဧလျံ​၏​သမီး​၊ ဟိတ္တိ​လူမျိုး ဥရိယ​၏​မယား ဗာသရှေဘ ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ခေါ်​စေ​သဖြင့် ထို​မိန်းမ​ရောက်လာ​လျှင် ဒါဝိဒ်​မင်းကြီး​သည် သူ​နှင့်​အိပ်​လေ​၏​။ (ဗာသရှေဘ​သည် မစင်ကြယ်​ခြင်း​မှ သန့်စင်​ပြီး​ချိန်​ဖြစ်​၏​။) ထို့နောက် သူ​သည် အိမ်​သို့ ပြန်သွား​၏​။ ထို​မိန်းမ​သည် ကိုယ်ဝန်ရ​လာ​သဖြင့် ဒါဝိဒ်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ်​၌ ကိုယ်ဝန်ရှိ​နေ​ပြီ​”​ဟု လျှောက်​စေ​၏​။