အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကိုတိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။ နောက်တစ်နေ့ညဉ့်ဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတစ်ယောက်ရေချိုးသည်ကို မြင်တော်မူ၏။ ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။ တစ်ဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ ယှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊ ပဋိသန္ဓေရှိသဖြင့် ဒါဝိဒ်ထံသို့ လူကိုစေလွှတ်၍၊ ကျွန်မ၌ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
၂ ဓမ္မရာဇဝင် 11 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 11:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ