YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 3:8-10

၂ ရှင်ပေတရု 3:8-10 Judson Bible (JBMLE)

ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။- သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။

၂ ရှင်ပေတရု 3:8-10 Common Language Bible (BCL)

သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။ သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။

၂ ရှင်ပေတရု 3:8-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ချစ်​ရ​သော​သူ​တို့၊ ထာဝရ​ဘုရား​အတွက် နေ့ရက်​တစ်​ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် နေ့ရက်​တစ်​ရက်​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​ဟူသော​အချက်​တစ်​ခု​ကို မ​မေ့လျော့​ကြ​နှင့်။ နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။ သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။