YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 3:3-9

၂ ရှင်ပေတရု 3:3-9 Judson Bible (JBMLE)

ရှေ့​ဦး​စွာ သိ​မှတ်​အပ်​သော​အ​ရာ ဟူ​မူ​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည်၊ မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊- သ​ခင်​ဘု​ရား ကြွ​လာ​မည်​ဟူ​သော က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘိုး​ဘေး​များ အိပ်​ပျော်​သည်​နောက်၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် ဖန်​ဆင်း​စ​က ဖြစ်​သ​ကဲ့​သို့၊ ဖြစ်​မြဲ​ဖြစ်​ကြ၏​ဟု​ဆို​လျက်၊ ကဲ့​ရဲ့​ခြင်း​နှ​င့်​တ​ကွ ပေါ်​လာ​ကြ​လိ​မ့်​မည်။- ရှေး​ကာ​လ၌ မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော မြေ​ကြီး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဖြစ်​စေ​တော်​မူ​ကြောင်း​နှင့်၊- ဖြစ်​ဖူး​သော​လော​က​ဓာတ်​ကို ထို​သို့​အား​ဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်၍ ဖျက်​ဆီး​ကြောင်း​ကို ထို​သူ​တို့​သည် မှတ်​မိ​ချင်​သော​စိတ် မ​ရှိ​ကြ။- ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။ ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။

၂ ရှင်ပေတရု 3:3-9 Common Language Bible (BCL)

အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊- `သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည်​ရှေး​ကာ​လ​၌​မိုး​ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​အ​မိန့်​တော်​ဖြင့် ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ် တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ထဲ​မှ​ရေ အား​ဖြင့်​ပေါ်​ပေါက်​စေ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊- ရှေး​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ဖြင့်​ပင်​လျှင်​လွှမ်း မိုး​ဖျက်​ဆီး​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သူ​တို့​သည်​တ​မင်​သက်​သက်​မေ့ လျော့​ကြ​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယ​ခု​လက်​ရှိ မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​မီး​ဖြင့် ဖျက်​ဆီး​ရာ​နေ့​တိုင်​အောင် ထို​အ​မိန့်​တော် အား​ဖြင့်​ပင်​လျှင်​ဆက်​လက်​တည်​ရှိ​စေ တော်​မူ​ပေ​သည်။ ထို​နေ့​၌​ဘု​ရား​တ​ရား မဲ့​သော​သူ​တို့​သည်​တ​ရား​စီ​ရင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။

၂ ရှင်ပေတရု 3:3-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ “ကိုယ်တော်​၏​ကြွလာ​တော်မူ​ခြင်း​နှင့်ဆိုင်သော​ကတိ​တော်​သည် အဘယ်မှာ​ရှိ​သနည်း။ ရှေး​ဘိုးဘေး​များ​အိပ်ပျော်​ခဲ့​သည့်​အချိန်​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​သည် ဖန်ဆင်း​ခြင်း​၏​အစ​က​အတိုင်း ဆက်၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ကောင်းကင်​သည် ရှေးယခင်​က​ပင်​တည်ရှိ​၍ မြေကြီး​သည်​လည်း ရေ​အားဖြင့် ရေ​ထဲမှ​ထင်ရှား​လာ​ပြီး ထို​အချိန်​က ကမ္ဘာ​သည် ရေ​လွှမ်းမိုး​ခြင်း​ခံရ​လျက် ရေ​အားဖြင့် ပျက်စီး​ခြင်း​သို့​ရောက်​ခဲ့​သည်​ဟူသော​အချက်​ကို သူ​တို့​သည် တမင်​မေ့လျော့​ထား​လို​ကြ​၏။ ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။ သို့သော် ချစ်​ရ​သော​သူ​တို့၊ ထာဝရ​ဘုရား​အတွက် နေ့ရက်​တစ်​ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် နေ့ရက်​တစ်​ရက်​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​ဟူသော​အချက်​တစ်​ခု​ကို မ​မေ့လျော့​ကြ​နှင့်။ နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။