YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 2:1-22

၂ ရှင်ပေတရု 2:1-22 Judson Bible (JBMLE)

သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။- သူ​တို့​ညစ်​ညူး​သော အ​ကျင့်​ဓ​လေ့​တို့​ကို အ​များ​သော​သူ​တို့​သည် လိုက်​သော​အား​ဖြင့် သ​မ္မာ​တ​ရား​လမ်း အ​သ​ရေ​သည် ပျက်​စီး​လိမ့်​မည်။- သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။ အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။- ရှေး​လော​က​ဓာတ်​ကို​လည်း နှ​မြော​တော်​မ​မူ။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​သော နော​ဧ​နှင့် လူ​ခု​နစ်​ယောက်​တို့​ကို စောင့်​မ​တော်​မူ၍၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော လော​ကီ​သား​အ​ပေါင်း​တို့​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ၏။- သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။- ထို​အ​ခါ မ​တ​ရား​သော​သူ​တို့၏ ညစ်​ညူး​သော အ​ကျင့်​အား​ဖြင့် နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​သူ၊ ဖြောင့်​မတ်​သော လော​တ​ကို ကယ်​နုတ်​တော်​မူ၏။- ထို​ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော သူ​တို့​တွင် နေ​စဉ်​အ​ခါ၊ သူ​တို့၏ မ​တ​ရား​သော​အ​မှု​များ​ကို နေ့​တိုင်း​မ​ပြတ် မျက်​စိ​မြင်​လျက်၊ နား​ကြား​လျက်​ရှိ​သ​ဖြင့်၊ မိ​မိ​ဖြောင့်​မတ်​သော စိတ်​နှ​လုံး​ကို ပြင်း​စွာ​ညှဉ်း​ဆဲ​ရ၏။- ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။- ကောင်း​ကင်​တ​မန်​တို့​မူ​ကား၊ သူ​တို့​ထက် ခွန်​အား​တန်​ခိုး​ကြီး​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အား​ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ။- သူ​တို့​မူ​ကား၊ ဖမ်း၍​ဖျက်​ဆီး​ဖို့​ရာ ဖန်​ဆင်း​သော တိ​ရ​စ္ဆာန်​သက်​သက်​ကဲ့​သို့၊ မိ​မိ​တို့​နား​မ​လည်​သော အ​ရာ​ကို ကဲ့​ရဲ့​လျက်၊ မိ​မိ​တို့​ပုပ်​ပျက်​သော​အား​ဖြင့် အ​ကုန်​အ​စင် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မ​တ​ရား​သော​အ​မှု၏ အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။- နေ့​အ​ချိန်၌​ပင် လွန်​ကျူး​စွာ ကာ​မ​ဂုဏ် ခံ​စား​ခြင်း​အ​မှု​သည် ပျော်​မွေ့​ရာ​ဖြစ်​သည်​ဟု သူ​တို့​သ​ဘော​ရှိ၏။ သင်​တို့​နှင့်​အ​တူ စား​သောက် ပွဲ​လုပ်​သော​အ​ခါ မိ​မိ​တို့​မှား​ယွင်း​သော​သ​ဘော​နှင့် လွန်​ကျူး​စွာ ကာ​မ​ဂုဏ်​ခံ​စား၍၊ သင်​တို့၌ အ​ညစ်​အ​ကြေး အ​စွန်း​အ​ကွက် ဖြစ်​ကြ၏။- သူ​တို့​သည် သူ့​မ​ယား​ကို​ပြစ်​မှား​သော ကိ​လေ​သာ​နှင့် ပြည့်​စုံ​သော​မျက်​စိ​ရှိ၍၊ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ မ​နေ​နိုင်​ကြ။ စိတ်​နှ​လုံး​မ​တည်​ကြည်​သော သူ​တို့​ကို အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။ လော​ဘ​လွန်​ကျူး​ခြင်း၌ ကျင်​လည်၍၊ ကျိန်​တော်​မူ​ခြင်း၏​သား ဖြစ်​ကြ၏။- ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။- ထို​ဗာ​လမ်​သည် မ​တ​ရား​သော အ​မှု၏​အ​ခ​ကို တပ်​မက်၍၊ မိ​မိ​ဒု​စ​ရိုက်​အ​တွက်​ကြောင့် ဆုံး​မ​ခြင်း​ကို​ခံ​ရ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ စ​ကား​မ​ပြော​နိုင်​သော မြည်း​သည် လူ​ဘာ​သာ​အား​ဖြင့်​မြွက်၍၊ ထို​ပ​ရော​ဖက်၏ မိုက်​မဲ​ခြင်း​ကို မြစ်​တား​လေ၏။ ထို​သူ​တို့​သည် ရေ​မ​ရှိ​သော ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍ လွင့်​သော​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သူ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မှား​ယွင်း​ခြင်း၌ ကျင်​လည်​သော သူ​တို့​အ​ထဲ​က ပြေး​ထွက်​လု​သော​သူ​တို့​ကို၊ ထောင်​လွှား​သော အ​ချည်း​နှီး​စ​ကား ပြော​သည်​နှင့်၊ ဇာ​တိ​ပ​က​တိ တပ်​မက်​ခြင်း၊ ကိ​လေ​သာ​လွန်​ကျူး​ခြင်း​အား​ဖြင့် အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။- လွှတ်​ခြင်း​အ​ခွင့်​ရှိ​သည်​ဟု ဝန်​ခံ​လျက်​ပင်၊ ကိုယ်​တိုင် ပုပ်​ပျက်​ခြင်း၏​ကျွန် ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လူ​ကို နိုင်​သော​အ​ရာ​သည် လူ၏​သ​ခင် ဖြစ်၏။- ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ လော​ကီ​ညစ်​ညူး​ခြင်း​နှင့် ကင်း​လွတ်​ပြီး​မှ၊ တစ်​ဖန် ကျော့​မိ၍ ရှုံး​လျှင်၊ နောက်​ဖြစ်​ဟန်​သည် ရှေး​ဖြစ်​ဟန်​ထက်​သာ၍​ဆိုး၏။- ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ကို​သိ၍၊ မိ​မိ​ခံ​ခဲ့​ပြီး​သော သန့်​ရှင်း​သော​ပ​ညတ်​ကို တစ်​ဖန် စွန့်​ပစ်​သည်​ထက်၊ ထို​လမ်း​ကို​မ​သိ​ဘဲ​နေ​သော် သာ၍​ကောင်း၏။- ခွေး​သည် မိ​မိ​အန်​ဖတ်​ကို ပြန်၍​စား၏။ ဝက်​သည်​လည်း ဆေး​ပြီး​မှ ရွှံ့​တွင်​လူး​ပြန်၏​ဟု မှန်​သော စ​ကား​ပုံ​သည် ထို​သူ​တို့၌ ပြည့်​စုံ​သ​တည်း။

၂ ရှင်ပေတရု 2:1-22 Common Language Bible (BCL)

ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။- ဤ​သို့​ဖြစ်​လင့်​က​စား​လူ​အ​များ​ပင်​ထို​သူ တို့​၏​ညစ်​ညမ်း​သော​လမ်း​စဉ်​ကို​လိုက်​ကြ​လိမ့် မည်။ သူ​တို့​၏​အ​ပြု​အ​မူ​ကြောင့်​အ​ခြား​လူ တို့​သည်​သမ္မာ​တ​ရား​လမ်း​စဉ်​ကို​ရှုတ်​ချ​ပြော ဆို​ကြ​လိမ့်​မည်။- ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။ ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​ကောင်း​ကင် တ​မန်​များ​ကို​ချမ်း​သာ​ပေး​တော်​မ​မူ​ဘဲ မှောင် မိုက်​သော​င​ရဲ​ထဲ​သို့​ချ​ထား​တော်​မူ​၏။ ထို နေ​ရာ​တွင်​သူ​တို့​ကို​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ကာ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကို စောင့်​မျှော်​စေ​တော်​မူ​၏။- ကိုယ်​တော်​သည်​ရှေး​ခေတ်​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​ကို​လည်း​ချမ်း​သာ​ပေး​တော်​မ​မူ​ခဲ့​ပေ။ ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်​ဘု​ရား​မဲ့​နေ သူ​တို့​၏​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​လွှမ်း​မိုး​စေ​တော် မူ​၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​ပြော​သူ နော​ဧ​ကို​မူ​ကား​အ​ခြား​သူ​ခုနစ်​ယောက်​နှင့် အ​တူ​ကယ်​တင်​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။- သို့​ရာ​တွင်​ဆိုး​ယုတ်​သူ​တို့​၏​မ​သ​မာ​သော အ​ကျင့်​အ​ကြံ​များ​ကြောင့်​အ​လွန်​စိတ်​ပျက် လျက်​နေ​သူ သူ​တော်​ကောင်း​လော​တ​ကို​မူ ကား​ကိုယ်​တော်​သည်​မီး​ဘေး​မှ​ကယ်​ဆယ် တော်​မူ​၏။- ထို​သူ​တော်​ကောင်း​သည်​ဆိုး​ယုတ်​သူ​တို့​နှင့် အ​တူ​နေ​ထိုင်​ကာ နေ့​စဉ်​နှင့်​အ​မျှ​သူ​တို့​ပြု ကျင့်​သည့်​ဆိုး​ညစ်​မှု​များ​ကို​တွေ့​မြင်​ကြား သိ​သ​ဖြင့် လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​ခဲ့​ရ​ပေ​သည်။- သို့​ဖြစ်​၍​ဘု​ရား​ကြည်​ညို​သူ​တို့​အား​မိ​မိ တို့​ခံ​ရ​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​မှ ကယ်​တင်​တော်​မူ​ရန်​လည်း​ကောင်း၊ သူ​ယုတ်​မာ များ​အ​ထူး​သ​ဖြင့်​မိ​မိ​တို့​၏​ကိ​လေ​သာ စိတ်​ဆွဲ​ဆောင်​ရာ​သို့​လိုက်​၍ ဘု​ရား​သ​ခင် အာ​ဏာ​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တိုင်​အောင် ပြစ်​ဒဏ်​ပေး​ထား​ရန်​လည်း​ကောင်း​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​တတ်​၏။ ထို​မိစ္ဆာ​ဆ​ရာ​တို့​သည်​အ​တင့်​ရဲ​၍​မာ​န ထောင်​လွှား​လျက် တန်​ခိုး​ကြီး​သော​ကောင်း ကင်​သား​တို့​အား​မ​ရို​သေ​ဘဲ​စော်​ကား ပြော​ဆို​ကြ​၏။- ဤ​မိစ္ဆာ​ဆ​ရာ​တို့​ထက်​များ​စွာ​တန်​ခိုး​စွမ်း ရည်​ကြီး​သော​ကောင်း​ကင်​တ​မန်​များ​ပင် လျှင် သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​မှောက်​တွင်​စော်​ကား​ပြော​ဆို​ခြင်း​ကို မ​ပြု​ကြ။- သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။- သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။- သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။- သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊- မိ​မိ​၏​အ​ပြစ်​ဒုစရိုက်​အ​တွက်​ဆုံး​မ​ခြင်း​ကို ခံ​ရ​သူ​တည်း။ မြည်း​က​လူ​ဘာ​သာ​စ​ကား ကို​ပြော​၍​ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို ဟန့်​တား​လိုက်​လေ​သည်။ ထို​သူ​တို့​သည်​ရေ​ခန်း​ခြောက်​သွား​သည့်​စမ်း ချောင်း​များ​ကဲ့​သို့​လည်း​ကောင်း လေ​မုန်​တိုင်း တွင်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အ​တွက်​အ​လွန့်​အ​လွန်​မှောင်​မိုက်​သော​နေ ရာ​ကို​သီး​သန့်​၍​ထား​တော်​မူ​၏။- သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။- သူ​တို့​သည်​ထို​သူ​တို့​အား​လွတ်​လပ်​မှု​ကို က​တိ​ပေး​ခဲ့​သော်​လည်း မိ​မိ​တို့​ကိုယ်​တိုင် ပင်​လျှင်​ပျက်​စီး​စေ​မည့်​အ​ကျင့်​များ​၏ ကျွန်​ဖြစ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​သည် မိ​မိ​အား​စိုး​မိုး​သည့်​အ​ရာ​ဟူ သ​မျှ​၏​ကျွန်​ဖြစ်​သော​ကြောင့်​တည်း။- အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။- ဖြောင့်​မတ်​ခြင်း​လမ်း​စဉ်​ကို​သိ​ရှိ​လာ​ပြီး နောက် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​ထား​သည့်​သန့်​ရှင်း မြင့်​မြတ်​သော​အ​မိန့်​ပ​ညတ်​ကို​စွန့်​လွှတ် လိုက်​ကြ​သည်​ထက် ထို​တ​ရား​လမ်း​ကို မ​သိ​ဘဲ​နေ​ခြင်း​က​သူ​တို့​အ​တွက်​ပို​၍ ကောင်း​၏။- ``ခွေး​သည်​မိ​မိ​အန်​ဖတ်​ကို​ပြန်​၍​စား​တတ် ၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း​ကောင်း``ဝက် ကို​ရေ​ချိုး​ပေး​ပါ​မူ​သူ​သည်​ရွှံ့​နွံ​တွင်​ပြန်​၍ လူး​တတ်​၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း ကောင်း​ထို​သူ​တို့​အ​တွက်​မှန်​လျက်​နေ​တော့​၏။

၂ ရှင်ပေတရု 2:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ပရောဖက်​အတုအယောင်​များ​သည် လူမျိုး​တော်​ထဲ၌​ပေါ်လာ​ကြ​သကဲ့သို့ သင်​တို့​ထဲ၌​လည်း ဆရာ​အတုအယောင်​များ​ပေါ်လာ​ကြ​လိမ့်မည်။ ထို​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​စေ​သည့် မှားယွင်း​သော​အယူဝါဒ​များ​ကို လျှို့ဝှက်​စွာ​ယူဆောင်​လာ​၍ မိမိ​တို့​ကို ရွေးနုတ်​ဝယ်ယူ​သော​သခင်​ကို​ပင် ငြင်းပယ်​ကာ မိမိ​တို့​အပေါ် လျင်မြန်​သော​ပျက်စီး​ခြင်း​ကို ကျရောက်​စေ​ကြ​လိမ့်မည်။ များစွာ​သော​လူ​တို့​သည်​လည်း ထို​သူ​တို့​၏​ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့​လိုက်​သဖြင့် သမ္မာတရား​လမ်း​သည် ထို​သူ​တို့​ကြောင့် စော်ကား​ပြောဆို​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။ အကြောင်းမူကား ဘုရားသခင်​သည် အပြစ်​ပြု​သည့်​ကောင်းကင်​တမန်​များ​ကို ညှာတာ​တော်​မ​မူ​ဘဲ အဝီစိ​ငရဲ​ထဲသို့ ပစ်ချ​၍ မှောင်မည်း​ခြင်း​၏​သံကြိုး​ဖြင့် ချည်နှောင်​ကာ တရား​စီရင်​ခြင်း​အတွက် ထိန်းသိမ်း​ထား​တော်မူ​၏။ ရှေးဟောင်း​ကမ္ဘာ​ကို​လည်း ညှာတာ​တော်​မ​မူ​ဘဲ ထို​ဘုရား​တရား​မဲ့​သော​ကမ္ဘာ​ကို ရေ​လွှမ်းမိုး​စေ​တော်မူ​၍ ဖြောင့်မတ်​ခြင်း​တရား​၏​သံတော်ဆင့်​ဖြစ်​သော​နောဧ​အပါအဝင် လူ​ရှစ်​ဦး​ကို စောင့်ရှောက်​တော်မူ​၏။ ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။ ထိုအခါ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​ကာမဂုဏ်​လိုက်စား​သော​အသက်ရှင်​နေထိုင်​မှု​ကြောင့် နှောင့်ယှက်​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​လောတ​ကို ကယ်နုတ်​တော်မူ​၏။ အကြောင်းမူကား ထို​ဖြောင့်မတ်​သော​သူ​သည် သူ​တို့​ထဲ၌​နေထိုင်​ခဲ့​စဉ် သူ​တို့​၏​တရားမဲ့​သော​အမှု​များ​ကို တွေ့မြင်​ကြားသိ​နေ​ရ​၍ နေ့စဉ်ရက်ဆက် သူ​၏​ဖြောင့်မတ်​သော​စိတ်​ဝိညာဉ်​၌ အလွန်​အနှောင့်အယှက်​ဖြစ်​လေ​၏။ သို့ဖြစ်၍ ထာဝရ​ဘုရား​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​တို့​ကို စုံစမ်း​နှောင့်ယှက်​ခြင်း​ထဲမှ ကယ်နုတ်​ရ​မည်​ကို​လည်းကောင်း၊ မ​ဖြောင့်မတ်​သော​သူ​တို့​ကို တရား​စီရင်​ရာ​နေ့ရက်​၌ အပြစ်ဒဏ်​ခံ​စေရန်​ထိန်းသိမ်း​ထား​ရ​မည်​ကို​လည်းကောင်း သိ​တော်မူ​၏။ အထူးသဖြင့် ညစ်ညူး​သော​တပ်မက်​မှု​အားဖြင့် သွေးသား​ဇာတိ​နောက်​သို့​လိုက်​၍ အုပ်စိုး​ခြင်း​ကို​မထီမဲ့မြင်​ပြု​သော​သူ​တို့​ကို ထိုသို့​ထိန်းသိမ်း​ထား​တော်မူ​လိမ့်မည်။ ဤ​သူ​တို့​သည် အတင့်ရဲ​သော​သူ၊ ထင်ရာစိုင်း​တတ်​သော​သူ​ဖြစ်​ကြ​၍ ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​တို့​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။ ကောင်းကင်​တမန်​တို့​သည် သူ​တို့​ထက်​ကြီးမား​သော​အစွမ်းသတ္တိ​နှင့်​တန်ခိုး​ရှိ​ကြ​သော်လည်း ထာဝရ​ဘုရား​ရှေ့​တော်​၌ သူ​တို့​အပေါ် ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို မ​ပြု​ကြ။ သို့သော် သူ​တို့​သည် ဖမ်းဆီး​ခြင်း​နှင့်​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက် ပေါက်ဖွား​လာ​သည့် ဘာသာဘာဝ​ဆင်ခြင်​ဉာဏ်​မ​ရှိ​သော တိရစ္ဆာန်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး မိမိ​တို့​နား​မ​လည်​သည့်​အရာ​များ​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။ သူ​တို့​သည် ထို​တိရစ္ဆာန်​များ​ပျက်စီး​သကဲ့သို့ ပျက်စီး​သွား​၍ မတရားမှု​၏​အဖိုးအခ​အဖြစ် မတရား​သဖြင့်​ပြုမူ​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်​။ သူ​တို့​သည် နေ့​အချိန်​၌ သောက်စား​ပျော်ပါး​ခြင်း​ကို ပျော်ရွှင်​မှု​ဟု​မှတ်ယူ​လျက် သင်​တို့​နှင့်အတူ​စား​သောက်​စဉ် မိမိ​တို့​၏​လှည့်ဖြား​မှု​ထဲ၌ မွေ့လျော်​ကြ​၍ အစွန်းအထင်း​နှင့်​အပြစ်​အနာအဆာ​များ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မျက်စိ​သည် ဖောက်ပြန်​လို​သော​ဆန္ဒ​နှင့်​ပြည့်နှက်​၍ အပြစ်​ပြု​ရာ​မှ​ရပ်တန့်​ခြင်း​မ​ရှိ​ကြ။ သူ​တို့​သည် စိတ်​မ​တည်ကြည်​သော​သူ​တို့​ကို လှည့်ဖြား​ဆွဲဆောင်​လျက် လောဘ​လွန်ကျူး​ခြင်း​၌​ကျင့်သားရ​သော စိတ်နှလုံး​ရှိ​၍ ကျိန်ဆဲ​ခြင်း​၏​သားသမီး​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် ဖြောင့်တန်း​သော​လမ်း​ကို​စွန့်ခွာ​၍ လမ်းလွဲ​ကာ မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ကို​နှစ်သက်​သည့် ဗော်သော်​၏​သား ဗာလမ်​၏​လမ်းစဉ်​ကို​လိုက်​ကြ​၏။ သို့သော် ဗာလမ်​သည် မိမိ​၏​မှားယွင်း​ခြင်း​အတွက် ဆိုဆုံးမ​ခြင်း​ကို​ခံရ​၏။ စကား​မ​ပြော​တတ်​သော​မြည်း​သည် လူ​၏​အသံ​ဖြင့် စကား​ပြော​လျက် ထို​ပရောဖက်​၏​မိုက်မဲ​မှု​ကို တားမြစ်​လေ​၏။ ထို​သူ​တို့​သည် ခန်းခြောက်​သော​စမ်းရေ​တွင်း​များ၊ မုန်တိုင်း​ဖြင့်​လွင့်ပါ​သွား​သည့်​မိုးတိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထိန်းသိမ်း​ထား​လျက်​ရှိ​၏။ အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။ သူ​တို့​သည် ထို​သူ​တို့​အား လွတ်လပ်​မှု​ကို​ပေး​မည်​ဟု ကတိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်တိုင်​သည် ပျက်စီး​ခြင်း​၏​ကျေးကျွန်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​၏​အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် ထို​အရာ​၏​ကျေးကျွန်​ဖြစ်​၏။ ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အားဖြင့် လောကီ​ညစ်ညူး​ခြင်း​မှ လွတ်မြောက်​ကြ​ပြီးနောက် ထို​အရာ​များ​နှင့် တစ်ဖန်​ပတ်သက်​ငြိတွယ်​လျက် အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် သူ​တို့​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိမိ​တို့​ထံ​ပေးအပ်​ထား​သည့် သန့်ရှင်း​သော​ပညတ်​တော်​ကို ကျောခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အတွက် သာ၍​ကောင်း​၏။ ခွေး​သည် မိမိ​အန်ဖတ်​ကို​ပြန်​စား​တတ်​၏။ ရေချိုး​ပြီး​သော​ဝက်​သည် ရွှံ့​တွင်​ပြန်​လူး​တတ်​၏​ဟူသော မှန်ကန်​သည့်​ဆိုရိုး​စကား​အတိုင်း ထို​သူ​တို့​၌​ဖြစ်ပျက်​လေ​ပြီ။