YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:5-8

၂ ရှင်ပေတရု 1:5-8 Judson Bible (JBMLE)

ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ထို​ပါ​ရ​မီ​တို့​သည် သင်​တို့၌​ရှိ၍ ကြွယ်​ဝ​လျှင်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌ မ​ပျင်း​ရိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျိုး​မဲ့ မ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြင်​တတ်​ကြ၏။

၂ ရှင်ပေတရု 1:5-8 Common Language Bible (BCL)

ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊- အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊- ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။- ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။

၂ ရှင်ပေတရု 1:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​အကြောင်း​ကြောင့် သင်​တို့​၏​ယုံကြည်​ခြင်း​၌ ကောင်းမြတ်​ခြင်း​ကို​လည်းကောင်း၊ ကောင်းမြတ်​ခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊ အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။ အကြောင်းမူကား ဤ​ပါရမီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုးပွား​နေ​သည်​ဆိုလျှင် သင်​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အရာ​၌ အကျိုး​မ​ရှိ​သော​သူ၊ အသီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။