YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:3-8

၂ ရှင်ပေတရု 1:3-8 Judson Bible (JBMLE)

ထို​သို့​နှင့်​အ​ညီ ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။- ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ သင်​တို့​သည် လော​ကီ​တပ်​မက်​ခြင်း အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။- ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ထို​ပါ​ရ​မီ​တို့​သည် သင်​တို့၌​ရှိ၍ ကြွယ်​ဝ​လျှင်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌ မ​ပျင်း​ရိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျိုး​မဲ့ မ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြင်​တတ်​ကြ၏။

၂ ရှင်ပေတရု 1:3-8 Common Language Bible (BCL)

ငါ​တို့​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း​အား ဖြင့် ဘု​ရား​ဝတ်​၌​အ​မှန်​ပင်​မွေ့​လျော်​နိုင်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ တို့​လို​အပ်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ချ​ပေး တော်​မူ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ဘုန်း​အ​သ ရေ​တော်​နှင့်​ကောင်း​မြတ်​ခြင်း​ကို ငါ​တို့​ခံ​ယူ နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​ပေ​သည်။- ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။- ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊- အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊- ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။- ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။

၂ ရှင်ပေတရု 1:3-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။ ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။ ဤ​အကြောင်း​ကြောင့် သင်​တို့​၏​ယုံကြည်​ခြင်း​၌ ကောင်းမြတ်​ခြင်း​ကို​လည်းကောင်း၊ ကောင်းမြတ်​ခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊ အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။ အကြောင်းမူကား ဤ​ပါရမီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုးပွား​နေ​သည်​ဆိုလျှင် သင်​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အရာ​၌ အကျိုး​မ​ရှိ​သော​သူ၊ အသီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။