YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:17-20

၂ ရှင်ပေတရု 1:17-20 Judson Bible (JBMLE)

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဤ​သူ​သည် ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟူ​သော အ​သံ​တော်​သည်၊ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​တော်​ထဲ​က၊ ထို​သ​ခင်​သို့ ရောက်​သော​အ​ခါ၊ ခ​မည်း​တော်​ဘု​ရား​သ​ခင့် အ​ထံ​တော်​မှ ဂုဏ်​အ​သ​ရေ ဘုန်း​အာ​နု​ဘော်​ကို ခံ​ရ​တော်​မူ၏။- ကောင်း​ကင်​က ရောက်​လာ​သော ထို​အ​သံ​တော်​ကို ငါ​တို့​သည် သန့်​ရှင်း​သော​တောင်​ပေါ်​မှာ သ​ခင်​ဘု​ရား​နှင့် အ​တူ​ရှိ​သော​အ​ခါ ကြား​ရ​ကြ၏။ ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။- ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။

၂ ရှင်ပေတရု 1:17-20 Common Language Bible (BCL)

အကြီး​မြတ်​ဆုံး​သော​ဘုန်း​အ​သ​ရေ​ရောင်​ခြည် တော်​ရှင်​က``ဤ​သူ​ကား​ငါ​နှစ်​သက်​မြတ်​နိုး သော​ငါ​၏​ချစ်​သား​ဖြစ်​၏'' ဟူ​သော​အ​သံ တော်​မိန့်​တော်​မူ​သော​အ​ချိန်​၌ ခ​မည်း​တော် ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကိုယ်​တော်​သည်​ဂုဏ် အ​သ​ရေ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​ယူ​တော်​မူ​၏။- ထို​စဉ်​အ​ခါ​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် ကိုယ်​တော်​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သော တောင်​တော်​ပေါ်​တွင်​ရှိ​၍​မိုး​ကောင်း​ကင်​မှ ထွက်​ပေါ်​လာ​သော​အ​သံ​တော်​ကို​ကြား​ရ ပေ​သည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ရော​ဖက်​များ​ကြေ​ညာ သည့်​ဗျာ​ဒိတ်​တော်​ကို​ပို​၍​စိတ်​ချ​ယုံ​ကြည် ကြ​၏။ ထို​ဗျာ​ဒိတ်​တော်​ကို​ဂ​ရု​ပြု​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ယင်း​သည်​အ​ရုဏ်​ကျင်း​လျက် နေ​အ​လင်း​ပေါ်​၍ သင်​တို့​စိတ်​နှ​လုံး​ထဲ​တွင် အ​ရုဏ်​ကြယ်​ပေါ်​ထွက်​ချိန်​မ​တိုင်​မီ​အ​မှောင် ထဲ​တွင်​ထွန်း​လင်း​လျက်​နေ​သည့်​မီး​ခွက်​နှင့်​တူ​၏။- သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​အ​လို​အ​လျောက် ပ​ရော​ဖက်​တို့​ဟော​ချက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ပြန်​ဆို​၍​မ​ရ​နိုင်​ကြောင်း​သင်​တို့​အ​ထူး​မှတ် ယူ​ကြ​လော့။

၂ ရှင်ပေတရု 1:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ခမည်းတော်​ဘုရားသခင်​ထံမှ ဂုဏ်​တော်​နှင့်​ဘုန်း​တော်​ကို ကိုယ်တော်​ခံယူ​တော်မူ​စဉ် ကြီးမြတ်​သော​ဘုန်း​အသရေ​ထဲမှ “ဤ​သူ​ကား ငါ​ချစ်​သော ငါ့​သား​ပေတည်း။ သူ့​ကို ငါ​နှစ်သက်​၏”​ဟူသော​အသံ​တော်​သည် ကိုယ်တော်​ထံသို့​ရောက်ရှိ​လာ​၏။ ငါ​တို့​သည် သန့်ရှင်း​သော​တောင်​ပေါ်တွင် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​စဉ် ကောင်းကင်​မှ​ရောက်လာ​သော ထို​အသံ​တော်​ကို​ကြား​ရ​ကြ​၏။ ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။ ကျမ်းစာ​၌​ပါ​သော ပရောဖက်ပြု​ဟောပြော​ချက်​အားလုံး​သည် လူ​တစ်ဦးတစ်ယောက်​၏​ကိုယ်ပိုင်​အနက်​ဖွင့်ဆို​ချက်​မ​ဟုတ်​ကြောင်း ဦးစွာ​သိမှတ်​ရ​မည်။