YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 8:3-6

၄ ဓမ္မရာဇဝင် 8:3-6 Judson Bible (JBMLE)

ခု​နစ်​နှစ်​စေ့​သော​အ​ခါ၊ ဖိ​လိ​တ္တိ​ပြည်​မှ​ပြန်​လာ၍ ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​မည့်​အ​ကြံ​နှင့် ရှင်​ဘု​ရင်​ထံ​သို့ သွား၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဘု​ရား​သ​ခင့်​လူ၏​ကျွန်​ဂေ​ဟာ​ဇိ​နှင့်​နှုတ်​ဆက်​လျက်၊ ဧ​လိ​ရှဲ​ပြု​သော​အံ့​ဩ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြော​ပါ​လော့​ဟု မိန့်​တော်​မူ၍၊ ဧ​လိ​ရှဲ​သည် သေ​သော​သူ အ​သက်​ရှင်​စေ​ကြောင်း​ကို ဂေ​ဟာ​ဇိ​သည် ပြန်​လျှောက်​စဉ်​တွင်၊ အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​သည် ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​လေ၏။ ဂေ​ဟာ​ဇိ​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ဤ​မိန်း​မ​ကား ယ​ခု​ပြော​သော​မိန်း​မ၊ ဤ​သူ​ငယ်​ကား ဧ​လိ​ရှဲ​အ​သက်​ရှင်​စေ​သော​သူ​ငယ်​ဖြစ်​ပါ​သည်​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​သည် မိန်း​မ​ကို​မေး၍ မိန်း​မ​လည်း​သက်​သေ​ခံ၏။ ထို​အ​ခါ​ရှင်​ဘု​ရင်​က၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ပြည်​တော်​က ထွက်​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သူ့​မြေ၌​ဖြစ်​သ​မျှ​ကို​လည်း​ကောင်း ပြန်​ပေး​စေ​ဟု မိန့်​တော်​မူ​လျက်၊ သူ၏​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ အ​ရာ​ရှိ​တစ်​ယောက်​ကို ခန့်​ထား​တော်​မူ၏။

၄ ဓမ္မရာဇဝင် 8:3-6 Common Language Bible (BCL)

ခု​နစ်​နှစ်​စေ့​သော​အ​ခါ​သူ​သည်​ဣသ​ရေ​လ ပြည်​သို့​ပြန်​လာ​ပြီး​လျှင် မင်း​ကြီး​ထံ​သို့​သွား ၍​မိ​မိ​၏​အိမ်​နှင့်​မြေ​ကို​ပြန်​လည်​ပေး​သ​နား တော်​မူ​ရန်​လျှောက်​ထား​၏။- ထို​အ​ချိန်​၌​မင်း​ကြီး​သည်​ဧ​လိ​ရှဲ​၏​အ​စေ​ခံ ဂေ​ဟာ​ဇိ​နှင့်​ဆွေး​နွေး​ဆဲ​ဖြစ်​၏။ မင်း​ကြီး​သည် ဧ​လိ​ရှဲ​ပြ​ခဲ့​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​အ ကြောင်း​ကို​ကြား​သိ​လို​၏။- သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။- မင်း​ကြီး​က​ဂေ​ဟာ​ဇိ​၏​စ​ကား​မှန်​မ​မှန် ကို​မေး​မြန်း​တော်​မူ​သော​အ​ခါ အ​မျိုး​သ​မီး က``မှန်​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​အ​မတ်​တစ်​ယောက်​ကို​ခေါ်​၍``ဤ အ​မျိုး​သ​မီး​အ​ဝေး​သို့​ရောက်​ရှိ​နေ​ခဲ့​သည့် ခု​နစ်​နှစ်​အ​တွင်း သူ​၏​လယ်​များ​မှ​ထွက်​သည့် အ​သီး​အ​နှံ​တန်​ဖိုး​အ​ပါ​အ​ဝင်​သူ​ပိုင် ဆိုင်​ခဲ့​သ​မျှ​ကို​သူ့​အား​ပြန်​၍​ပေး​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

၄ ဓမ္မရာဇဝင် 8:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခုနစ်​နှစ်​ကုန်ဆုံး​သွား​သော် ထို​အမျိုးသမီး​သည် ဖိလိတ္တိ​ပြည်​မှ​ပြန်လာ​ပြီး မိမိ​အိမ်​နှင့်​မြေ​ကို ပြန်ရ​ရန်​အတွက် ရှင်ဘုရင်​ထံ သွားရောက်​အသနားခံ​၏​။ ထိုစဉ် ရှင်ဘုရင်​သည် ဘုရားသခင့်​လူ​၏​ငယ်သား​ဂေဟာဇိ​နှင့် စကား​ပြောဆို​လျက် ရှိ​နေ​၏​။ ရှင်ဘုရင်​က “​ဧလိရှဲ​ပြု​ခဲ့​သည့် အံ့ဖွယ်အမှု​အလုံးစုံ​ကို ငါ့​အား​ကြားလျှောက်​ပါ​”​ဟု မိန့်ဆို​လျှင် သေ​သွား​သော​သူ​ကို ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သည့်​အကြောင်း ဂေဟာဇိ​က ရှင်ဘုရင်​အား ပြောပြ​နေစဉ်​ပင် အသက်ပြန်ရှင်​လာ​သော​သူငယ်​၏​မိခင်​သည် မိမိ​အိမ်​နှင့်​မြေ​ကို ပြန်​ရ​ရန်​အတွက် ရှင်ဘုရင်​ထံ​လာရောက်​အသနားခံ​လေ​၏​။ ထို့ကြောင့် ဂေဟာဇိ​က ချက်ချင်းပင် “အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ ဤ​သူ​တို့​သည် ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​နှင့် သူ​၏​မိခင်​ဖြစ်​ပါ​၏”​ဟု လျှောက်တင်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား မေးမြန်း​လျှင် ထို​အမျိုးသမီး​သည်​လည်း အကြောင်းစုံ​ကို​လျှောက်တင်​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဤ​အမျိုးသမီး​ပိုင်ဆိုင်​သမျှ​နှင့် သူ​ထွက်သွား​စဉ်က​စပြီး ယခု​တိုင် သူ့​မြေ​မှ​ထွက်​သမျှ​တို့​ကို သူ့​အား​ပြန်ပေး​ပါ​”​ဟု မိန့်ဆို​၏​။