YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 8:1-2

၄ ဓမ္မရာဇဝင် 8:1-2 Common Language Bible (BCL)

ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။- ထို​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ညွှန်​ကြား​သည့် အ​တိုင်း မိ​မိ​၏​မိ​သား​စု​နှင့်​အ​တူ​ဖိ​လိတ္တိ​ပြည် သို့​သွား​ရောက်​၍​ခု​နစ်​နှစ်​တိုင်​တိုင်​နေ​ထိုင်​လေ သည်။

၄ ဓမ္မရာဇဝင် 8:1-2 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဧလိရှဲ​က သူ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​၏​မိခင်​အား “​သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ ထ​၍​ထွက်သွား​ကြ​ပါ​။ သင်​တည်းခိုနေထိုင်​နိုင်​မည့်​နေရာ​တွင် တည်းခိုနေထိုင်​ပါ​။ ထာဝရဘုရား​သည် ဤ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​စေ​မည်​။ တစ်ပြည်လုံး ခုနစ်​နှစ်​အစာခေါင်းပါး​မည်​”​ဟု ပြော​၏​။ ထို​အမျိုးသမီး​လည်း ဘုရားသခင်​၏​လူ​ပြော​သည့်​အတိုင်း ထ​၍​မိမိ​အိမ်သား​တို့​နှင့်အတူ ထွက်သွား​ပြီး ဖိလိတ္တိ​ပြည်​တွင် ခုနစ်​နှစ်​တည်းခိုနေထိုင်​လေ​၏​။