YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 4:38-44

၄ ဓမ္မရာဇဝင် 4:38-44 Judson Bible (JBMLE)

တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ဟင်း​သီး​ဟင်း​ရွက်​ကို​ဆွတ်​ခြင်း​ငှာ လယ်​ပြင်​သို့​သွား၍ တော​နွယ်​ပင်​ကို​တွေ့​လျှင်၊ တော​ဘူး​သီး​ပိုက်​နိုင်​သ​မျှ​ကို ဆွတ်​ယူ​ပြီး​မှ၊ ထို​ဘူး​မျိုး​ကို​မ​သိ​ဘဲ ဟင်း​အိုး​ထဲ​သို့​ခတ်​လေ၏။ ဟင်း​အိုး​စား​အံ့​ဟု လောင်း​ပြီး​မှ ဝိုင်း၍​စား​ကြ​စဉ်​တွင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ အိုး​ထဲ၌ သေ​ဘေး​ရှိ​ပါ​သည်​ဟု အော်​ဟစ်၍ မ​စား​နိုင်​ဘဲ​နေ​ကြ၏။ ဧ​လိ​ရှဲ​က​လည်း၊ မုန့်​ညက်​ကို​ယူ​ခဲ့​ဟု​ဆို၍ အိုး​ထဲ​မှာ​ခတ်​ပြီး​လျှင်၊ လူ​များ​စား​စ​ရာ​ဖို့ လောင်း​ဦး​လော့​ဟု​ဆို​ပြန်​သော်၊ အိုး၌​ဘေး​မ​ရှိ။ တစ်​ဖန် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ လူ​တစ်​ယောက်​သည်​လာ၍၊ အ​ဦး​သီး​သော မု​ယော​ဆန်​ဖြင့်​လုပ်​သော မုန့်​လုံး​နှစ်​ဆယ်​နှင့် အိတ်၌​ထည့်​သော အ​သီး​အ​နှံ​များ​ကို ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ဆောင်​ခဲ့၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လူ​များ​ကို ကျွေး​လော့​ဟု​ဆို​လျှင်၊ ကျွန်​က အ​ဘယ်​သို့​နည်း။ ကျွန်​တော်​သည် လူ​တစ်​ရာ​ကို ဤ​မျှ​နှင့် ကျွေး​နိုင်​ပါ​မည်​လော​ဟု မေး​လျှင်၊ ဧ​လိ​ရှဲ​က ဤ​လူ​များ​ကို ကျွေး​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​သူ​တို့​သည် ဝ​စွာ​စား​ကြ​သော်​လည်း စား​စ​ရာ​ကျန်​ကြွင်း​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​ဆို​သော်၊ ကျွန်​သည် လူ​များ​ရှေ့​မှာ​ထည့်၍ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​နှင့်​အ​ညီ ထို​သူ​တို့​သည်​ဝ​စွာ​စား​ကြ၍၊ စား​စ​ရာ​ကျန်​ကြွင်း​လျက်​ရှိ၏။

၄ ဓမ္မရာဇဝင် 4:38-44 Common Language Bible (BCL)

အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။- ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။- ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။- ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။ အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။- သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။- သို့​ဖြစ်​၍​အ​စေ​ခံ​သည်​ပ​ရော​ဖက်​တို့​အား ထို အ​စား​အ​စာ​ကို​တည်​ခင်း​ကျွေး​မွေး​ရာ​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ထို​သူ​တို့​အား လုံး​ဝ​စွာ​စား​ရ​ကြ​ပြီး​နောက်​စား​စ​ရာ အ​ချို့​ပင်​ကျန်​ကြွင်း​သေး​သည်။

၄ ဓမ္မရာဇဝင် 4:38-44 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧလိရှဲ​သည် ဂိလဂါလ​မြို့​သို့​ပြန်လာ​ရာ ထို​တိုင်းပြည်​တွင်​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဆိုက်ရောက်​နေ​၏​။ ပရောဖက်​အဖွဲ့သား​တို့​သည် သူ့​ရှေ့​၌ လာထိုင်​နေ​သဖြင့် ဧလိရှဲ​က မိမိ​ငယ်သား​အား “​အိုး​ကြီး​တစ်​လုံး​တည်​၍ ပရောဖက်​အဖွဲ့သား​တို့​အား ဟင်းချက်ကျွေး​ပါ​”​ဟု ဆို​၏​။ ပရောဖက်​တစ်​ပါး​က ဟင်းသီးဟင်းရွက်​ခူး​ရန် လယ်တော​သို့​သွား​သောအခါ ဘူးရိုင်းပင်​ကို​တွေ့​သဖြင့် ဘူးအရိုင်းသီး​များ​ကို​ခူး​၍ မိမိ​အဝတ်​နှင့်​အပြည့်​ထုပ်​ပြီး ပြန်လာ​ခဲ့​၏​။ ထို့နောက် ထို​အသီး​ကို လှီး​ပြီး အိုး​ထဲ​ထည့်ချက်​သော်လည်း မည်သည့်​အသီး​ဖြစ်​သည်​ကို သူ​တို့ မ​သိ​ကြ​။ လူ​တို့​စား​ဖို့​ရန် ထို​ဟင်း​ကို ခပ်ထည့်ပေး​၍ စား​ကြ​သောအခါ လူ​တို့​က “​အို ဘုရားသခင်​၏​လူ​၊ ထို​အိုး​ထဲမှ​ဟင်း​သည် သေ​စေ​နိုင်​၏​”​ဟု အော်​ပြော​ကြ​ပြီး မ​စား​ဝံ့​ဘဲ​နေ​လေ​၏​။ ထိုအခါ ဧလိရှဲ​က “​မုန့်ညက်​အနည်းငယ် ယူ​ခဲ့​ပါ​”​ဟု​ဆို​ပြီး အိုး​ထဲသို့​ထည့်​လိုက်​၏​။ ထို့နောက် “​လူ​တို့​စား​ဖို့ ခပ်ထည့်​ပေး​လော့​”​ဟု ဆို​လျှင် အိုး​ထဲမှ​ဟင်း​သည် ဘေး​မ​ဖြစ်စေ​တော့​ချေ​။ ထို့နောက် ဗာလရှလိရှ​မြို့​မှ​လူ​တစ်​ဦး​သည် မုယော​အသီးဦး​ဖြင့်​လုပ်​ထား​သော​မုယော​မုန့်​အလုံး​နှစ်ဆယ်​နှင့် အသီးအနှံ​တို့​ကို အိတ်​ထဲ​ထည့်​၍ ဘုရားသခင်​၏​လူ​ထံ ယူဆောင်​လာ​၏​။ ဧလိရှဲ​က​လည်း “​လူ​တို့​စား​ဖို့ ပေး​လော့​”​ဟု ဆို​၏​။ ထိုအခါ သူ​၏​ငယ်သား​က “​ဤမျှ​လောက်​နှင့် လူ​အယောက်​တစ်ရာ​ကို မည်သို့​ကျွေး​နိုင်​ပါ​မည်နည်း​”​ဟု မေး​လျှင် ဧလိရှဲ​က “​လူ​တို့​စား​ဖို့ ပေး​လော့​။ ထာဝရဘုရား​က ‘​သူ​တို့​စား​ဖို့​လောက်​သည့်​အပြင် အကြွင်းအကျန်​လည်း ရှိ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် လူ​တို့​အား ချကျွေး​ရာ သူ​တို့​စား​ပြီး​သောအခါ ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း အကြွင်းအကျန်​များ​လည်း ရှိ​သေး​၏​။