တစ်ဖန် ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့အဖို့ ကြီးသောအိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိကျွန်အားဆို၏။ တစ်စုံတစ်ယောက်သော သူသည် ဟင်းသီးဟင်းရွက်ကိုဆွတ်ခြင်းငှာ လယ်ပြင်သို့သွား၍ တောနွယ်ပင်ကိုတွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူပြီးမှ၊ ထိုဘူးမျိုးကိုမသိဘဲ ဟင်းအိုးထဲသို့ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌ သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲနေကြ၏။ ဧလိရှဲကလည်း၊ မုန့်ညက်ကိုယူခဲ့ဟုဆို၍ အိုးထဲမှာခတ်ပြီးလျှင်၊ လူများစားစရာဖို့ လောင်းဦးလော့ဟုဆိုပြန်သော်၊ အိုး၌ဘေးမရှိ။ တစ်ဖန် ဗာလရှလိရှမြို့မှ လူတစ်ယောက်သည်လာ၍၊ အဦးသီးသော မုယောဆန်ဖြင့်လုပ်သော မုန့်လုံးနှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရားသခင်၏လူထံသို့ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများကို ကျွေးလော့ဟုဆိုလျှင်၊ ကျွန်က အဘယ်သို့နည်း။ ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟု မေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာစားကြသော်လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောဆိုသော်၊ ကျွန်သည် လူများရှေ့မှာထည့်၍ ထာဝရဘုရား၏စကားတော်နှင့်အညီ ထိုသူတို့သည်ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။
၄ ဓမ္မရာဇဝင် 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ဓမ္မရာဇဝင် 4:38-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ