YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 4:1-7

၄ ဓမ္မရာဇဝင် 4:1-7 Judson Bible (JBMLE)

ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ သင့်​အ​ဖို့ အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ သင့်​အိမ်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မ​အိမ်၌ ဆီ​အိုး​တစ်​လုံး​မှ​တစ်​ပါး အ​ဘယ်​ဥ​စ္စာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို​သော်၊ ဧ​လိ​ရှဲ​က သွား​လော့။ အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​တွင် လပ်​သော​အိုး​တို့​ကို ငှား​ယူ​လော့။ များ​စွာ​သော​အိုး​တို့​ကို ငှား​ယူ​လော့။ ကိုယ်​အိမ်​သို့ ရောက်​သော​အ​ခါ၊ သား​တို့​ကို​ခေါ်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ ငှား​ယူ​သော အိုး​များ​အ​ထဲ​သို့ ဆီ​ကို​အ​ပြည့်​လောင်း၍ ထား​လော့​ဟု စီ​ရင်​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည်​သွား၍ သား​တို့​သည်​အိုး​များ​ကို​ယူ​ခဲ့​ပြီး​မှ၊ မိန်း​မ​သည် သား​တို့​နှင့်​အ​တူ အိမ်​ထဲ​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​လျက် ဆီ​ကို​လောင်း​လေ၏။ အိုး​များ၌ ဆီ​ပြည့်​သော​အ​ခါ၊ အိုး​တစ်​လုံး​ကို​ယူ​ခဲ့​ဦး​ဟု သား​အား​ဆို​လျှင်၊ အိုး​လပ်​မ​ရှိ​ပါ​ဟု ပြန်​ပြော​သော်၊ ဆီ​သည် တန့်​လျက်​နေ၏။ ထို​မိန်း​မ​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​ကို​ကြား​ပြော​လျှင်၊ သူ​က ထို​ဆီ​ကို​သွား၍ ရောင်း​ပြီး​လျှင် ကြွေး​ကို​ဆပ်​လော့။ ကြွင်း​သော​ဆီ​ကို အ​မှီ​ပြု၍ သင်​နှင့်​သား​တို့​သည် အ​သက်​မွေး​ကြ​လော့​ဟု ဆို၏။

၄ ဓမ္မရာဇဝင် 4:1-7 Common Language Bible (BCL)

ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။ ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။- ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။- ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။- မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။

၄ ဓမ္မရာဇဝင် 4:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပရောဖက်​အဖွဲ့သား​များ​၏​ဇနီး​သည်​များ​ထဲမှ အမျိုးသမီး​တစ်​ယောက်​က ဧလိရှဲ​အား “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခင်ပွန်း သေဆုံး​သွား​ပါ​ပြီ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ကြောင်း​ကို အရှင်​သိ​ပါ​၏​။ ယခု​မှာ ကြွေးရှင်​က အကျွန်ုပ်​၏​သား​နှစ်​ဦး​ကို ကျွန်​အဖြစ် သိမ်းယူ​ဖို့ လာ​ပါ​ပြီ​”​ဟု အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။ ထိုအခါ ဧလိရှဲ​က “​အကျွန်ုပ်​မည်သို့​ပြု​ပေး​ရ​မည်နည်း​။ သင့်​အိမ်​၌ မည်သည့်​ပစ္စည်း​ရှိ​သနည်း​။ ပြောပြ​ပါ​”​ဟု​ဆို​လျှင် ထို​မိန်းမ​က “​အရှင့်​အစေအပါး​၌ ဆီအိုး​တစ်​လုံး​မှလွဲ၍ တစ်အိမ်လုံး​တွင် မည်သည့်​ပစ္စည်း​မျှ မ​ရှိ​ပါ​”​ဟု ပြန်ပြော​၏​။ ဧလိရှဲ​က​လည်း “​သင့်​ဝန်းကျင်​ရှိ​အိမ်နီးချင်း​အားလုံး​တို့​ထံသို့​သွား​၍ အိုး​ငှား​ခဲ့​ပါ​။ အိုး​လွတ်​တို့​ကို​ရ​နိုင်​သမျှ များများ​ငှား​ခဲ့​ပါ​။ ပြီးလျှင် သင်​နှင့်​သင့်​သား​တို့​သည် အထဲသို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီး ထို​အိုး​ရှိသမျှ​ထဲသို့ ဆီ​လောင်းထည့်​ပါ​။ ပြည့်​သော​အိုး​များ​ကို ဘေးဖယ်​ထား​ပါ​”​ဟု ဆို​၏​။ ထို့ကြောင့် သူ​သည် ဧလိရှဲ​ထံမှ​ပြန်သွား​၍ သား​တို့​နှင့်အတူ တံခါး​ကို​အထဲ​မှ​ပိတ်​ကာ သူ့​ထံ​ယူလာ​ပေး​သော​အိုး​များ​ထဲသို့ ဆီ​များ​ကို​လောင်းထည့်​၏​။ အိုး​များ​ပြည့်​သွား​သောအခါ သူ​က သား​အား “​နောက်ထပ်​အိုး​တစ်​လုံး​ယူ​ခဲ့​ပါ​”​ဟု​ဆို​လျှင် သူ့​သား​က “​အိုး​မ​ရှိ​တော့​ပါ​”​ဟု​ပြော​လိုက်​သည်​နှင့် ဆီ​များ​လည်း ရပ်သွား​လေ​၏​။ ထို​မိန်းမ​သည် ဘုရားသခင်​၏​လူ​ထံသို့​လာ​၍​ပြောပြ​သောအခါ သူ​က “​ထို​ဆီ​များ​ကို သွား​ရောင်း​ပြီး အကြွေး​များ​ကို ဆပ်​ပါ​။ ကျန်​ငွေ​ကို သင်​နှင့်​သင့်​သား​တို့ အသက်မွေး​ဖို့ အသုံးပြု​ပါ​”​ဟု ဆို​၏​။