YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ရာ 4:1-7

၄ ရာ 4:1-7 BCL

ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။ ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။- ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။- ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။- မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။