YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 19:1-37

၄ ဓမ္မရာဇဝင် 19:1-37 Judson Bible (JBMLE)

ထို​စ​ကား​ကို ဟေ​ဇ​ကိ​မင်း​ကြီး​သည်​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို​ခြုံ​လျက် ဗိ​မာန်​တော်​သို့​သွား​လေ၏။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်​ရှိ​သော နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​ထံ​သို့ စေ​လွှတ်​လေ၏။ ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့ ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို​ဖွား​နိုင်​အောင် ခွန်​အား​မ​ရှိ။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန်​ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင်​ကြား​သော စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော​လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​မင်း​စေ​လွှတ်​သော ကျွန်​တို့​သည် ဟေ​ရှာ​ယ​ထံ​သို့ ရောက်​လာ​ကြ၏။ ဟေ​ရှာ​ယ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ သင်​သည်​ကြား​ရ​သော​စ​ကား​ကြောင့် မ​ကြောက်​နှင့်။ ထို​မင်း၌ အ​ခြား​သော​စိတ်​သ​ဘော​ကို ငါ​သွင်း​ပေး​မည်။ သူ​သည် သ​တင်း​ကြား၍ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ ထို​ပြည်၌ ဓား​ဖြင့် ငါ​ဆုံး​စေ​မည်​ဟူ​သော​စ​ကား​တော်​ကို သင်​တို့၏​သ​ခင်​အား ပြန်​ကြား​ကြ​လော့ ဟု​ပြော​ဆို၏။ ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် လာ​ခိ​ရှ​မြို့​မှ ထွက်​သွား​ကြောင်း​ကို ရာ​ဗ​ရှာ​ခ​ကြား​လျှင် ပြန်​သွား၍ လိ​ဗ​န​မြို့​ကို ရှင်​ဘု​ရင်​တိုက်​နေ​သည်​ကို​တွေ့​လေ၏။ နောက်​တစ်​ဖန် ကု​ရှ​မင်း​ကြီး​တိ​ရ​က္က​သည် စစ်​ချီ၍​လာ​ပြီ​ဟု သ​တင်း​ကြား​သော​အ​ခါ၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့ တ​မန်​တို့​ကို စေ​လွှတ်​ပြန်၍၊ သင်​တို့​သည် ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​ကို ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ သင်​ကိုး​စား​သော ဘု​ရား​သ​ခင်​က၊ ယေ​ရု​ရှ​လင်​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ မ​ရောက်​ရ​ဟူ၍ သင့်​ကို မ​လှည့်​စား​စေ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် ခပ်​သိမ်း​သော​ပြည်​တို့​ကို​လုပ်​ကြံ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို သင်​သည် ကြား​ရ​ပြီ။ ကိုယ်​တိုင် လွတ်​လိမ့်​မည်​လော။ ငါ့​ဘိုး​ဘေး​တို့​သည် ဖျက်​ဆီး​သော​အ​မျိုး​သား၊ ဂေါ​ဇန်​အ​မျိုး​သား၊ ခါ​ရန်​အ​မျိုး​သား၊ ရေ​ဇပ်​အ​မျိုး​သား၊ တေ​လ​သာ​မြို့၌​ရှိ​သော ဧ​ဒင်​အ​မျိုး​သား​တို့​ကို သူ​တို့၏​ဘု​ရား​များ​တို့​သည် ကယ်​ယူ​ကြ​ပြီ​လော။ ဟာ​မတ်​မင်း​ကြီး၊ အာ​ပဒ်​မင်း​ကြီး​နှင့် သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့၊ ဣ​ဝါ​မြို့​ကို​စိုး​စံ​သော​မင်း​ကြီး​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု မှာ​လိုက်​လေ၏။ ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်၏​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင် ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊ ခေ​ရု​ဗိမ်​ပေါ်​မှာ​ထိုင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့၍​ပြော​စေ​သော စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​စင်​စစ် အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​ကို ဖျက်​ဆီး၍၊ သူ​တို့၏​ဘု​ရား​များ​ကို မီး​ထဲ​သို့​ချ​ပစ်​ကြ​ပါ​ပြီ။ ထို​ဘု​ရား​တို့​သည် ဘု​ရား​မ​ဟုတ်၊ လူ​လက်​ဖြင့်​လုပ်​သော သစ်​သား​နှင့် ကျောက်​ဖြစ်​သော​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​ပါ​ပြီ။ အို​အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည်​သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။ ထို​အ​ခါ အာ​မုတ်​သား​ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​အ​ကြောင်း​ကြောင့် ငါ့​ရှေ့​မှာ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ရ​ပြီ။ ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။ သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။ သင်​သည် တ​မန်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ရ​ထား​များ​ပြား​သ​ဖြင့် တောင်​ထိပ်​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် အ​ထွတ်​သို့​လည်း​ကောင်း တက်​လာ​ပြီ။ အ​ရပ်​မြင့်​သော​အာ​ရဇ်​ပင်​နှင့် အ​ကောင်း​ဆုံး​သော​ထင်း​ရှူး​ပင်​တို့​ကို ငါ​ခုတ်​လှဲ​ပြီ။ အ​ဝေး​ဆုံး​သော​ခို​လှုံ​ရာ​အ​သီး​များ​သော တော​ထဲ​သို့ ငါ​ဝင်​ပြီ။ ငါ​သည်​တွင်း​တူး၍ မ​မြည်း​ဖူး​သော​ရေ​ကို သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။ ငါ​သည် အ​ထက်​က​ဤ​အ​မှု​ကို​စီ​ရင်​ကြောင်း​နှင့် ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည်​မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ​ဖြစ်​စေ​သော​သူ​ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။ ထို​ကြောင့် မြို့​သား​တို့​သည် အား​နည်း​ကြ၏။ မှိုင်​တွေ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ တော​မြက်​ပင်​နှင့် စိမ်း​သော​စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​မိုး​ပေါ်​မှာ​ပေါက်​သော​မြက်​ပင်​နှင့် မ​ကြီး​မီ​ညှိုး​နွမ်း​သော စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သင်၏​နေ​ထိုင်​ခြင်း၊ ထွက်​ဝင်​ခြင်း၊ ငါ၌ အ​မျက်​ဟုန်း​ခြင်း​တို့​ကို ငါ​သိ၏။ ငါ၌​သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို​နှာ​ရှုပ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။ သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ​ပေါက်​သော အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည် စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင်​မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို​ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို​စား​ကြ​လော့။ ဘေး​လွတ်၍ ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့​သည် တစ်​ဖန်​အောက်​မှာ​အ​မြစ်​စွဲ၍ အ​ထက်​မှာ အ​သီး​သီး​ကြ​လိမ့်​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က​လည်း​ကောင်း၊ ဘေး​လွတ်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​က​လည်း​ကောင်း ပေါ်​လာ​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍ ထို​အ​မှု​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့​မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို​မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို​မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။ လာ​သော​လမ်း​ဖြင့် ပြန်​သွား​ရ​မည်။ ဤ​မြို့​ထဲ​သို့ မ​ဝင်​ရ။ ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်၍ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်​လည်း ထို​အ​ရပ်​မှ​ထွက်၍ ပြန်​သွား​ပြီး​လျှင် နိ​နေ​ဝေ​မြို့၌ နေ​လေ၏။ နောက်​တစ်​ဖန် သူ​သည် မိ​မိ​ဘု​ရား​နိ​သ​ရုတ်၏​ဗိ​မာန်၌ ကိုး​ကွယ်​စဉ်​တွင်၊ သား​တော်​အာ​ဒြ​မ္မေ​လက်​နှင့် ရှ​ရေ​ဇာ​သည် ခ​မည်း​တော်​ကို ဓား​နှင့်​သတ်​ပြီး​လျှင်၊ အာ​ရ​မ​နိ​ပြည်​သို့ ပြေး​ကြ၏။ သား​တော်​ဧ​သ​ရ​ဟ​ဒ္ဒုန်​သည်​လည်း ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

၄ ဓမ္မရာဇဝင် 19:1-37 Common Language Bible (BCL)

ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ချင်း​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​အ​ဝတ် တော်​ကို​ဆုတ်​ပြီး​လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ကြွ​တော် မူ​၏။- မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး​သူ ယဇ်​ပု​ရော​ဟိတ်​များ​ကို အာ​မုတ်​၏​သား​ဟေ​ရှာ ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။- မင်း​ကြီး​က``ယ​နေ့​သည်​ဒု​က္ခ​ရောက်​ရာ​နေ့​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​၍ အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သား​ဖွား​ချိန်​စေ့​သော်​လည်း သား​ဖွား​နိုင်​ရန် အား​မ​ရှိ​သည့်​အမျိုး​သ​မီး​နှင့်​တူ​ပါ​၏။- အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​မိ​မိ​၏​ဗိုလ်​ချုပ် ကို​စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​စ​ကား​ကို​ကြား​တော်​မူ​၍​ယင်း​သို့ ပြော​ဆို​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​ပါ​စေ​သော။ သို့​ဖြစ်​၍​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ လော့'' ဟု​ဟေ​ရှာ​ယ​ထံ​လျှောက်​ထား​စေ​၏။ ဟေ​ဇ​ကိ​မင်း​၏​စ​ကား​ကို​ကြား​သော​အ​ခါ ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော် မူ​၏။ အာ​ရှု​ရိ​မင်း​၏​ကျွန်​တို့​သည် ငါ့​ကို​ပြစ် မှား​၍​ပြော​ဆို​သည့်​စ​ကား​ကို​သင်​တို့​ကြား ရ​သော​အ​ခါ​မ​ကြောက်​နှင့်။- ငါ​သည်​ဧ​က​ရာဇ်​မင်း​အား​မိ​မိ​၏​တိုင်း​ပြည် သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တ​ရာ​ကို​ကြား စေ​တော်​မူ​မည်။ ထို​နောက်​သူ့​ကို​ထို​ပြည်​၌​ပင် လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​စေ​လတ္တံ့'' ဟု​ပြန်​ကြား လိုက်​၏။ ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက်​ခွာ​ပြီး လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို​တိုက်​ခိုက် လျက်​ရှိ​ကြောင်း​ကို အာ​ရှု​ရိ​အ​ရာ​ရှိ​ကြား​သိ သော​အ​ခါ မင်း​ကြီး​နှင့်​ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ​သည်။- ထို​အ​ခါ​အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည် မိ​မိ တို့​အား​တိုက်​ခိုက်​ရန်​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး စီး​ခေါင်း​ဆောင်​သည့် အီ​ဂျစ်​တပ်​မ​တော်​ချီ တက်​လာ​နေ​ကြောင်း​ကို​သ​တင်း​ရ​ရှိ​ကြ​၏။- ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ်​မင်း သည် ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​အ​မှာ​တော် စာ​ပေး​ပို့​လိုက်​လေ​သည်။ ထို​အ​မှာ​တော်​စာ တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​က​သင်​သည် ငါ ၏​လက်​တွင်း​သို့​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ကြောင်း​မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​နား မ​ယောင်​နှင့်။- အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​မိ​မိ​ဖျက်​ဆီး​ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ်​သို့ ပြု​တော်​မူ​တတ်​ကြောင်း​သင်​ကြား​သိ​ရ​ပြီ ဖြစ်​၏။ သင်​သည်​ငါ​၏​လက်​မှ​လွတ်​မြောက် နိုင်​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။- ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန် မြို့၊ ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပြီး​လျှင် တေ​လ သာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင်​အ​မျိုး​သား တို့​အား​သုတ်​သင်​သတ်​ဖြတ်​ခဲ့​ကြ​၏။ သူ​တို့​၏ ဘု​ရား​များ​အ​နက်​အ​ဘယ်​ဘု​ရား​မျှ​သူ တို့​ကို​မ​ကယ်​နိုင်​ကြ။- ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န မြို့​နှင့်​ဣ​ဝါ​မြို့​တို့​တွင်​စိုး​စံ​ခဲ့​သော​ဘု​ရင် များ​သည်​အ​ဘယ်​မှာ​နည်း'' ဟု​ဖော်​ပြ​ပါ ရှိ​၏။ ဟေ​ဇ​ကိ​မင်း​သည်​ထို​အ​မှာ​တော်​စာ​ကို​စေ တမန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန်​တော် သို့​သွား​၍​ထာ​ဝရ​ဘု​ရား​၏​ရှေ့​တော်​၌​ချ ထား​၏။- ထို​နောက်​ဤ​သို့​ပတ္ထ​နာ​ပြု​၏။ ``ခမ်း​နား​တင့် တယ်​သည့်​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​သော အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ကမ္ဘာ နိုင်​ငံ​အ​ရပ်​ရပ်​ကို​အ​စိုး​ရ​သော​ဘုရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။- အို ထာ​ဝရ​ဘု​ရား၊ ယ​ခု​အ​ကျွန်ုပ်​တို့​တွေ့​ကြုံ နေ​ရ​ကြ​သော​အ​မှု​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော ကိုယ်​တော်​အား​သ​နာ​ခ​ရိပ်​စော်​ကား ပြော​ဆို​သော​စ​ကား​ကို​ကြား​တော်​မူ​ပါ။- အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း များ​သည် လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်၊- သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ဖျက်​ဆီး ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့် လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက်​ရုပ်​များ​သာ ဖြစ်​ပါ​၏။- အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။'' ထို​နောက်​မင်း​ကြီး​၏​ပတ္ထ​နာ​ကို​ထာ​ဝ​ရ ဘု​ရား​နား​ညောင်း​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ မင်း​အ​တွက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့်​ရောက် လာ​သော​ဗျာ​ဒိတ်​တော်​မှာ၊- ``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု​ရှ​လင်​မြို့​သည် သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက်​ရယ်​ပြု​လေ​ပြီ။- သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ကို သင်​သိ​ပါ​သ​လော။ သင်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော ငါ​ဘု​ရား​အား​မ​လေး​မ​ခန့် ပြု​၍ နေ​ပါ​သည်​တ​ကား။- သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် လေ​ဗ​နုန် ပြည်​ရှိ​အ​မြင့်​ဆုံး​တောင်​များ​ကို​နှိမ်​နင်း​အောင်​မြင် ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန်​သံ​တ​မန်​များ​ကို စေ​လွှတ်​ခဲ့​၏။ သင်​သည်​ထို​အ​ရပ်​ရှိ​အ​မြင့်​ဆုံး သစ်​က​တိုး​ပင်​များ​နှင့် အ​လှ​ဆုံး​ထင်း​ရှူး​ပင် များ​ကို​ခုတ်​လှဲ​ကာ တော​နက်​ကြီး​များ​သို့ ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ​ခဲ့​၏။- သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင် ၏​တပ်​မ​တော်​သား​တို့​သည် ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ခဲ့​၏။ ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။- ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​စွမ်း​ရည် မ​ရှိ၊ ထိတ်​လန့်​ကြောက်​ရွံ့​လျက်​အ​ရှေ့​အ​ရပ်​မှ လေ​ပူ​တိုက်​၍ ညှိုး​နွမ်း​သွား​သည့်​စား​ကျက် မြက်၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့် တူ​ကြ​၏။ ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန်​အ​စင် ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု​၍​အ​ဘယ် အ​ရပ်​သို့​သွား​သည်​ကို​လည်း​ကောင်း၊ ငါ့​အား အ​ဘယ်​မျှ​အ​မျက်​ထွက်​လျက်​နေ​သည်​ကို လည်း​ကောင်း​ငါ​သိ​၏။- သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့​ကို ငါ​ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို နှာ​ကွင်း​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင် လာ​လမ်း​အ​တိုင်း ပြန်​စေ​မည်'' ဟူ​၍​တည်း။ ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။- ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည် မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​များ ကဲ့​သို့​တိုး​တက်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။- ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။- သူ​သည်​မြို့​ထဲ​သို့​မဝင်​ရ​ဘဲ​လာ​လမ်း​ဖြင့်​ပြန် ရ​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။- ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။ ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။- ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည် တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။- တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​နေ​စဉ်​သား​တော်​များ ဖြစ်​သော​အာ​ဒြမ္မေ​လက်​နှင့်​ရှ​ရေ​ဇာ​တို့​သည် မင်း ကြီး​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ပြီး​လျှင်​အာ​ရ​ရတ် ပြည်​သို့​ထွက်​ပြေး​ကြ​၏။ အ​ခြား​သား​တော် တစ်​ပါး​ဖြစ်​သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

၄ ဓမ္မရာဇဝင် 19:1-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟေဇကိ​မင်းကြီး​သည် ထို​စကား​ကို​ကြား​လျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​လေ​၏​။ မင်းကြီး​သည် လျှော်တေအဝတ်​ဝတ်​ထား​သည့် နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အသက်ကြီး​သော​ယဇ်ပုရောဟိတ်​တို့​ကို အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​ထံသို့ စေလွှတ်​၏​။ သူ​တို့​က ဟေရှာယ​အား “​ဟေဇကိ​မင်းကြီး​က ‘ယနေ့​သည် ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​၊ ဆုံးမ​ခြင်း​ခံရ​သော​နေ့​၊ အရှက်ကွဲ​ရ​သော​နေ့ ဖြစ်​၏​။ သားဖွားချိန်​ရောက်​သော်လည်း သားဖွား​ရန်​ခွန်အား​မ​ရှိ​။ ရာဗရှာခ​၏​သခင်​အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​အလုံးစုံ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်းပတ္ထနာ​ပြု​ပါ’​ဟူ၍ မိန့်မှာ​သည်”​ဟု ပြောကြား​၏​။ ဟေဇကိ​မင်းကြီး​၏​မင်းမှုထမ်း​တို့​သည် ဟေရှာယ​ထံသို့​ရောက်လာ​လျှင် ဟေရှာယ​က သူ​တို့​အား “​သင်​တို့​သခင်​ကို ဤသို့​လျှောက်ထား​ကြ​လော့​။ ထာဝရဘုရား​က ‘​ငါ့​အား အဆီးရီးယား​ဘုရင်​၏​ငယ်သား​တို့ စော်ကားပြောဆို​သည့်​စကား​ကို သင်​ကြား​ရ​သည့်​အတွက် မ​ကြောက်​နှင့်​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။ အဆီးရီးယား​ဘုရင်​သည် လာခိရှ​မြို့​မှ​ထွက်သွား​ကြောင်း ရာဗရှာခ​ကြား​သဖြင့် ပြန်သွား​ရာ ရှင်ဘုရင်​သည် လိဗန​မြို့​အား​တိုက်ခိုက်​နေ​သည်​ကို တွေ့​ရ​၏​။ “​အီသီယိုးပီးယား​ဘုရင်​တိရက္က​မင်းကြီး​သည် သင့်​ကို​တိုက်ခိုက်​ရန်​စစ်ချီ​လာ​ပြီ​”​ဟူသော သတင်း​ကို အဆီးရီးယား​ဘုရင် ကြား​ရ​၏​။ သို့သော် ဟေဇကိ​မင်းကြီး​ထံသို့ စေတမန်​တို့​ကို တစ်ဖန်​စေလွှတ်​၍ “​သင်​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​အား ‘သင်​ယုံကြည်ကိုးစား​သော​သင်​၏​ဘုရားသခင်​က ဂျေရုဆလင်​မြို့​သည် အဆီးရီးယား​ဘုရင်​၏​လက်​သို့ ရောက်​မည်​မ​ဟုတ်’​ဟု သင့်​အား လှည့်စား​မိန့်ဆို​သည်​ကို သင်​မ​ခံ​နှင့်​။ ကြည့်ရှု​လော့​။ အဆီးရီးယား​ဘုရင်​တို့​သည် တိုင်းပြည်​အားလုံး အကုန်အစင်​ပျက်စီး​သွား​အောင် မည်သို့​ပြု​ခဲ့​သည်​ကို သင်​ကြား​ရ​ပြီ​။ သင်​လည်း လွတ်မြောက်​မည်​ဟု​မ​ထင်​နှင့်​။ ငါ့​ဘိုးဘေး​တို့​ဖျက်ဆီး​ခဲ့​သော​လူမျိုး​များ​ဖြစ်​သည့် ဂေါဇန်​လူမျိုး​၊ ဟာရန်​လူမျိုး​၊ ရေဇပ်​လူမျိုး​နှင့် တေလသာ​မြို့​ရှိ ဧဒင်​လူမျိုး​တို့​၏​ဘုရား​များ​သည် ကယ်​ခဲ့​ဖူး​သလော​။ ဟာမတ်​ဘုရင်​၊ အာပဒ်​ဘုရင်​တို့​အဘယ်မှာ​ရှိ​တော့​သနည်း​။ သေဖရဝိမ်​မြို့​၊ ဟေန​မြို့​၊ ဣဝါ​မြို့​တို့​၏​ဘုရင်​တို့​သည်​လည်း အဘယ်မှာ​ရှိ​တော့​သနည်း”​ဟု ပြောကြား​စေ​၏​။ ဟေဇကိ​မင်းကြီး​သည် စေတမန်​တို့​လက်​မှ စာ​ကို​ယူ​ဖတ်​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထို​စာ​ကို​ဖြန့်​လေ​၏​။ ထို့နောက် ထာဝရဘုရား​ရှေ့​တော်​တွင် ဟေဇကိ​မင်းကြီး​က “​ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။ အို ထာဝရဘုရား​၊ နား​တော်​ကို​လှည့်​၍ နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ မျက်စိ​တော်​ကို​ဖွင့်​၍ ကြည့်ရှု​တော်မူ​ပါ​။ စေတမန်​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​အား ကဲ့ရဲ့ပြစ်တင်​စေ​သော​သနာခရိပ်​မင်းကြီး​၏​စကား​အလုံးစုံ​တို့​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကယ်စင်စစ် အဆီးရီးယား​ဘုရင်​တို့​သည် လူမျိုး​အပေါင်း​တို့​နှင့် သူ​တို့​၏​ပြည်​တို့​ကို ဖျက်ဆီး​ပါ​ပြီ​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​နှင့် ကျောက်​များ​သာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ထို​ဘုရား​တို့​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။ အာမုတ်​၏​သား​ဟေရှာယ​သည်​လည်း ဟေဇကိ​မင်းကြီး​ထံသို့​လူ​လွှတ်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​နှင့်​ပတ်သက်၍ ငါ့​ထံ​ဆုတောင်း​သော​အရာ​ကို ငါ​ကြား​ရ​ပြီ’​ဟု မိန့်​တော်မူ​၏​။ ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ‘​ဇိအုန်​သမီးပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။ သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။ သင်​သည် တမန်​များ​ကို​စေလွှတ်​၍ ဘုရားရှင်​ကို​စော်ကားပြောဆို​စေ​ခဲ့​၏​။ သင်​က ငါ​၏​စစ်ရထား​များစွာ​ဖြင့် လက်ဘနွန်​တောင်​ထိပ်​အစွန်အဖျား​သို့ ငါ​တက်​ခဲ့​ပြီ​။ ထို​တောင်​ပေါ်ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ အကောင်းဆုံး​ထင်းရှူးပင်​တို့​ကို ငါ​ခုတ်လှဲ​ခဲ့​ပြီ​။ တောနက်ကြီး​၏​အစွန်အဖျား​သို့​လည်း ငါ​ရောက်​ခဲ့​ပြီ​။ ငါ​သည် တိုင်းတစ်ပါး​တို့​တွင် တွင်းတူး​၍ ရေ​ကို​သောက်​ခဲ့​ပြီ​။ ငါ​၏​ခြေဖဝါး​ဖြင့် အီဂျစ်​ပြည်​၏​မြစ်ချောင်း​ရှိသမျှ​ကို ခန်းခြောက်​စေ​ခဲ့​ပြီ​ဟု ဆို​၏​။ ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်​စေ​မည့်​အကြောင်း ရှေးကာလ​ကပင် ငါ​စီမံ​ထား​ခဲ့​သည့်​အတိုင်း ယခု ငါ​ဖြစ်​စေ​ပြီ​။ ထို​မြို့သား​တို့ အားလျော့​စိတ်ပျက်​ကြ​ပြီ​။ ရှက်ကြောက်​ကြ​ပြီ​။ သူ​တို့​သည် မ​ကြီး​မီ​ညှိုးနွမ်း​သွား​သော​တော​မြက်ပင်​ကဲ့သို့​၊ မြက်နုစိမ်း​ကဲ့သို့​၊ ခေါင်မိုး​ပေါ်မှ​မြက်ပင် ကဲ့သို့​ဖြစ်​ကြ​ပြီ​။ သင်​၏​နေထိုင်​သွား​လာ​ခြင်း​၊ ငါ့​အား အမျက်ထွက်​ခြင်း​တို့​ကို ငါ​သိ​၏​။ သင်​သည် ငါ့​ကို​အမျက်ထွက်​ပြီး စော်ကားပြောဆို​သော​စကား​ကို ငါ​ကြား​ရ​သောကြောင့် ငါ​သည် သင့်​ကို နဖားကြိုး​တပ်​မည်​၊ ဇက်ခွံ့​မည်​။ သင်​လာ​သော​လမ်း​ဖြင့် သင့်​ကို​ပြန်​စေ​မည်​။ သင့်​အတွက် နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ ယခု​နှစ်​တွင် အလေ့ကျ​ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ ဒုတိယ​နှစ်​တွင် ထို​သီးနှံ​တို့​မှ​ပြန်ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ တတိယ​နှစ်​တွင်​မူ မျိုးကြဲ​ကြ​လော့​၊ ရိတ်သိမ်း​ကြ​လော့​၊ စပျစ်ပင်​ကို​စိုက်​ကြ​လော့​၊ စပျစ်သီး​ကို​စား​ကြ​လော့​။ အသက်ဘေး​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​သည် အောက်​ဘက်​တွင် ပြန်​၍​အမြစ်​စွဲ​မည်​။ အပေါ်​ဘက်​တွင် ပြန်​၍​အသီး​သီး​မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း​၊ လွတ်မြောက်​သော​သူ​တို့​သည် ဇိအုန်​တောင်​ပေါ်မှ​လည်းကောင်း ထွက်ပေါ်​လာ​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​မည်’​ဟု မိန့်ဆို​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို ရည်ညွှန်း​၍ ‘​သူ​သည် ဤ​မြို့​သို့​ဝင်​ရ​မည်​မ​ဟုတ်​။ ဤ​အရပ်​၌ မြား​ကို​ပစ်​ရ​မည်​မ​ဟုတ်​။ ဤ​မြို့​ရှေ့​သို့ ဒိုင်းလွှား​ဖြင့် ချဉ်းကပ်​ရ​မည်​မ​ဟုတ်​။ မြေကတုတ်​လည်း ဆောက်​ရ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘​သူ​သည် လာ​သော​လမ်း​ဖြင့် ပြန်သွား​ရ​မည်​။ ဤ​မြို့​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​၊ ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။ ထို​ည​မှာပင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါး​ထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​ကို​သာ တွေ့​ရ​၏​။ ထိုအခါ အဆီးရီးယား​ဘုရင် သနာခရိပ်​မင်းကြီး​သည် တပ်ဆုတ်​၍ လှည့်ပြန်​သွား​ပြီး နိနေဝေ​မြို့​၌ စံမြန်း​လေ​၏​။ သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေစဉ် သား​တော်​အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။