၂ ကောရိန္သု 9:8-9
၂ ကောရိန္သု 9:8-9 Judson Bible (JBMLE)
ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။
၂ ကောရိန္သု 9:8-9 Common Language Bible (BCL)
သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။- ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။
၂ ကောရိန္သု 9:8-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။ ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။