၂ ကောရိန္သု 9:7-12
၂ ကောရိန္သု 9:7-12 Judson Bible (JBMLE)
လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။- ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။- ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။- အဘယ်သို့နည်း ဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း အများနှင့် ပြည့်စုံလျက်ရှိ၏။
၂ ကောရိန္သု 9:7-12 Common Language Bible (BCL)
လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။- သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။- ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။- မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။- သင်တို့သည်အခါခပ်သိမ်းရက်ရောစွာပေး လှူနိုင်ကြစေရန်ကိုယ်တော်သည်သင်တို့အား အစဉ်ချမ်းသာကြွယ်ဝစေတော်မူလိမ့်မည်။ ငါတို့မှတစ်ဆင့်သင်တို့ပေးလှူသောအလှူ ငွေများကိုခံယူရရှိသောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။- သင်တို့သည်ဤကောင်းမှုအားဖြင့်ဘုရား သခင်၏လူစုတော်အားချို့တဲ့နေစဉ်ကူညီ မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသံကိုလည်းတခဲနက်ထွက် ပေါ်လာစေ၏။
၂ ကောရိန္သု 9:7-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။ သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။ ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။ မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။ ထိုအခါ သင်တို့သည် ရက်ရောစွာပေးကမ်းခြင်းအလုံးစုံတို့အတွက် အရာရာ၌ ကြွယ်ဝပြည့်စုံသဖြင့် ထိုအမှုအရာသည် ငါတို့အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုဖြစ်စေ၏။ အဘယ်ကြောင့်ဆိုသော် ဤကူညီထောက်မခြင်းအမှုသည် သန့်ရှင်းသူတို့လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုလည်း များစွာတိုးပွားစေ၏။