YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 9:6-8

၂ ကောရိန္သု 9:6-8 Common Language Bible (BCL)

မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။- လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။- သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။

၂ ကောရိန္သု 9:6-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။ လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။ သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။