၂ ကောရိန္သု 9:6-10
၂ ကောရိန္သု 9:6-10 Judson Bible (JBMLE)
အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။- ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။
၂ ကောရိန္သု 9:6-10 Common Language Bible (BCL)
မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။- လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။- သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။- ကျမ်းစာတော်တွင်၊ ``သူသည်ဆင်းရဲသူတို့အားရက်ရောစွာ ပေးကမ်းစွန့်ကြဲ၏။ သူ၏သနားကြင်နာမှုသည်ထာဝစဉ်တည်၏'' ဟူ၍ဖော်ပြပါရှိပေသည်။- မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။
၂ ကောရိန္သု 9:6-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။ လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။ သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။ ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။ မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။