YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 8:1-5

၂ ကောရိန္သု 8:1-5 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် မာ​ကေ​ဒေါ​နိ​ပြည်၌ ရှိ​သော အ​သင်း​တော်​များ​တို့​အား ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။- ထို​အ​သင်း​တော်​တို့​သည် ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် များ​စွာ​သော စုံ​စမ်း​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​လွန်​ကြီး​သော ဝမ်း​မြောက်​ခြင်း​နှင့်၊ ဥ​စ္စာ​ပြုန်း​တီး​သော ဆင်း​ရဲ​ခြင်း​အ​ကြောင်း​သည်၊ သူ​တို့၏ စွန့်​ကြဲ​ပေး​ကမ်း​ခြင်း စည်း​စိမ်​ကို ဖြစ်​စေ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် တတ်​နိုင်​သ​မျှ ထက်​မ​က၊ အ​လို​အ​လျောက် စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​သည်​သက်​သေ​ခံ၏။- သူ​တို့​အ​လှူ​ဒါ​န​ကို ငါ​တို့​သည်​ယူ၍ သူ​တို့​နှင့် ကူ​ညီ​လျက်၊ သန့်​ရှင်း​သူ​တို့​အား လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​သော စ​ကား​များ​အား​ဖြင့် ငါ​တို့​ကို တောင်း​ပန်​ကြ၏။- ထို​သို့​ပြု​ကြ​သော်၊ ငါ​တို့​မျှော်​လ​င့်​သည်​အ​တိုင်း​ထက်​မ​က ပြု၍၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ရှေ့​ဦး​စွာ သ​ခင်​ဘု​ရား၌​လည်း​ကောင်း၊ ငါ​တို့၌​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ လှူ​ကြ၏။

၂ ကောရိန္သု 8:1-5 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း တော်​တို့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော် မူ​သော​ကျေး​ဇူး​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ငါ​ပြော​ပြ​လို​၏။- ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။- ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။- ဤ​သို့​ပြု​ခြင်း​သည်​ငါ​တို့​မျှော်​လင့်​သည် ထက်​ပို​ပေ​သည်။ သူ​တို့​သည်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ကို​သ​ခင်​ဘု​ရား​အား​ဆက် ကပ်​လှူ​ဒါန်း​ကြ​ပေ​သည်။ ထို​နောက်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ငါ​တို့​အား လည်း​မိ​မိ​တို့​ကိုယ်​ကို​လှူ​ဒါန်း​ကြ​၏။

၂ ကောရိန္သု 8:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ မာကေဒေါနိ​ပြည်​ရှိ​အသင်းတော်​များ​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အကြောင်း​ကို သင်​တို့​အား ငါ​တို့​ပြောပြ​လို​ပါ​၏။ သူ​တို့​သည် ဆင်းရဲ​ဒုက္ခ​ကြောင့် ပြင်းထန်​သော​စမ်းသပ်​ခြင်း​ကို​ခံခဲ့​ရ​သော်လည်း သူ​တို့​၏​ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် အလွန်​ဆင်းရဲ​တွင်း​နက်​ခြင်း​တို့​သည် သူ​တို့​၏​ရက်ရော​စွာ​ပေးကမ်း​ခြင်း​တည်းဟူသော စည်းစိမ်​အဖြစ်​သို့ ရောက်​လေ​၏။ ငါ​သက်သေခံ​သည်​ကား သူ​တို့​သည် မိမိ​တို့​စိတ်​ဆန္ဒ​အလျောက် တတ်နိုင်​သည့်​အတိုင်း​သာမက တတ်နိုင်​သည်​ထက် ပို၍​ပေးကမ်း​လျက် သန့်ရှင်း​သူ​တို့​အား ဝေမျှ​ခြင်း​အမှု​၌ ပါဝင်​ရ​သော​ကျေးဇူး​တော်​ကို​ခံစား​ရ​ရန် ငါ​တို့​ကို အနူးအညွတ်​မေတ္တာရပ်ခံ​၍ တောင်းပန်​ကြ​၏။ သူ​တို့​သည် ငါ​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ထက်​မက​ပြု​လျက် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ မိမိတို့ကိုယ်ကို သခင်​ဘုရား​ထံ​တော်​သို့ ဦးစွာ​ဆက်ကပ်​ပြီးနောက် ငါ​တို့​ထံသို့​လည်း ဆက်ကပ်​ကြ​၏။