၂ ကောရိန္သု 5:17-21
၂ ကောရိန္သု 5:17-21 Judson Bible (JBMLE)
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။- ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။- ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။- ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။- အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
၂ ကောရိန္သု 5:17-21 Common Language Bible (BCL)
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။- ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။- ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။ သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။- ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
၂ ကောရိန္သု 5:17-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။ ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။ ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။ ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။