YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:17-20

၂ ကောရိန္သု 5:17-20 Judson Bible (JBMLE)

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။- ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။- ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။- ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။

၂ ကောရိန္သု 5:17-20 Common Language Bible (BCL)

ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။- ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။- ငါ​တို့​ဟော​ပြော​သော​တ​ရား​မှာ​ဘု​ရား​သ​ခင် သည်​ခ​ရစ်​တော်​အား​ဖြင့်​လူ​သား​အ​ပေါင်း​တို့ အား မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​စေ​တော်​မူ​ခြင်း ဆိုင်​ရာ​တ​ရား​ဖြစ်​၏။ ကိုယ်​တော်​သည်​လူ​သား တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​မှတ်​ထား​တော် မ​မူ။ လူ​သား​တို့​အား​မိ​မိ​၏​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​ပေ​သည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။

၂ ကောရိန္သု 5:17-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။ ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။ ဆိုလို​သည်​မှာ ဘုရားသခင်​သည် လောကီ​သား​တို့​ကျူးလွန်​သော​အပြစ်​များ​ကို သူ​တို့​အပေါ်​သင့်ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခရစ်တော်​၌ မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​ပြီး ပြန်လည်​သင့်မြတ်​ခြင်း​တရား​ကို ငါ​တို့​၌​အပ်​ထား​တော်မူ​၏။ ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။