YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:13-15

၂ ကောရိန္သု 5:13-15 Judson Bible (JBMLE)

ငါ​တို့​သည် သူ​ရူး​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​ကြ၏။ စိတ်​ကောင်း​သော​သူ​ဖြစ်​လျှင် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊- လူ​အ​ပေါင်း​တို့​သည် သေ​လျက်​နေ​ကြ​သည် ဟူ၍​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​သည် တစ်​ဖန် ကိုယ်​အ​လို​သို့​လိုက်၍ မ​ရှင်၊ သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ပြီး​မှ ထ​မြောက်​တော်​မူ​သော သူ​တို့၏​အ​လို​သို့ လိုက်၍ ရှင်​စေ​မည်​အ​ကြောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သ​ဘော​ထား​လျက်၊ ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​သည် ငါ​တို့​ကို အ​နိုင်​အ​ထက် သွေး​ဆောင်၏။

၂ ကောရိန္သု 5:13-15 Common Language Bible (BCL)

ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။- တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။- ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။

၂ ကောရိန္သု 5:13-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။ ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။