YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:1-9

၂ ကောရိန္သု 5:1-9 Judson Bible (JBMLE)

ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။- ငါ​တို့​သည် မြေ​အိမ်၌​ရှိ​စဉ်​တွင်၊ ကောင်း​ကင်​အိမ်​ထဲ​သို့​ဝင်​စား​ခြင်း​ငှာ အ​လွန်​တောင့်​တ​လို​ချင်​သော စိတ်​ရှိ၍၊ ညည်း​တွား​မြည်​တမ်း​လျက်၊ နေ​ကြ၏။- ထို​သို့​ဝင်​စား​လျှင် နေ​ရာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- ဤ​တဲ၌​နေ​သော ငါ​တို့​သည် လေး​သော​ဝန်​ကို ထမ်း၍ ညည်း​တွား​မြည်​တမ်း​ကြ၏။ နေ​ရာ​ထဲ​က ထွက်​ချင်​သော​ကြောင့် ညည်း​တွား​သည် မ​ဟုတ်။ သေ​တတ်​သော​အ​ရာ​ကို အ​သက်​ရှင်​ခြင်း၌ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ မြဲ​သော​နေ​ရာ​ထဲ​သို့ ဝင်​စား​ချင်​သော​ကြောင့် ညည်း​တွား​ကြ၏။- ထို​သို့​သော​အ​ကျိုး​ကို ခံ​စေ​ခြင်း​ငှာ ငါ​တို့​ကို ပြင်​ဆင်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။ ထို​ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို ငါ​တို့​အား ပေး​တော်​မူ​ပြီ။- ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊- အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊- ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။- ထို​ကြောင့် ငါ​တို့​သည် နေ​မြဲ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော သူ​ဖြစ်​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၍ ကြိုး​စား​အား​ထုတ်​ကြ၏။

၂ ကောရိန္သု 5:1-9 Common Language Bible (BCL)

ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။- ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။- ယင်း​သို့​ကောင်း​ကင်​ဘုံ​အိမ်​ကို​ရ​ရှိ​သော​အ​ခါ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။- ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။- ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​စဉ်​ရဲ​ရင့်​သော​စိတ်​ရှိ ကြ​ပေ​သည်။ ဤ​ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး​ငါ​တို့​သည်​သ​ခင်​ဘု​ရား​၏ အိမ်​တော်​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြ​၏။- ငါ​တို့​၏​ဘ​ဝ​အ​တွက်​ယုံ​ကြည်​ခြင်း​သည် အ​ဋ္ဌိ​က​ဖြစ်​၏။ မျက်​စိ​ဖြင့်​မြင်​ခြင်း​သည် အ​ဋ္ဌိ​က​မ​ဟုတ်။- ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​ရှိ​၍​ဤ​ကိုယ်​ခန္ဓာ နေ​အိမ်​ကို​စွန့်​ခွာ​ပြီး​လျှင် သ​ခင်​ဘု​ရား​နှင့် အ​တူ​နေ​ထိုင်​ရန်​ပို​၍​လို​လား​ကြ​၏။- ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။

၂ ကောရိန္သု 5:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယာယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေကြီး​အိမ်​သည် ပျက်စီး​သွား​လျှင် ကောင်းကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်ဆောက်၊ ဘုရားသခင်​တည်ဆောက်​တော်မူ​သော ထာဝရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည် ကောင်းကင်​မှ ငါ​တို့​၏​စံအိမ်​ကို​လွှမ်းခြုံ​ရ​ရန် တောင့်တ​၍ ဤ​တဲ​တွင်​ညည်းတွား​ကြ​၏။ ထိုသို့​လွှမ်းခြုံ​ရ​လျှင် ငါ​တို့​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား ငါ​တို့​သည် ဤ​ယာယီ​တဲ​တွင်​ရှိ​နေ​စဉ် လေးလံ​သော​ဝန်​ကို​ထမ်း​၍ ညည်းတွား​ကြ​၏။ ထိုသို့​ညည်းတွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အပေါ်​၌​လွှမ်းခြုံ​လို​၍​သာ​ဖြစ်​ပြီး ထိုသို့အားဖြင့် သေ​တတ်​သော​အရာ​သည် အသက်ရှင်​ခြင်း​ထဲတွင် နစ်မြုပ်​စေ​ခြင်း​ခံရ​ရန်​ဖြစ်​၏။ ဤ​အမှုအရာ​အတွက် ငါ​တို့​ကို​ပြင်ဆင်​ပေး​တော်မူ​သော​အရှင်​ကား ဝိညာဉ်​တော်​ကို စရန်​အဖြစ် ငါ​တို့​အား​ပေး​တော်မူ​သော ဘုရားသခင်​ပေတည်း။ ထို့ကြောင့် ငါ​တို့​သည် အစဉ်​အမြဲ​ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​၏။ ဤ​ကိုယ်ခန္ဓာ​၌ ငါ​တို့​ရှိ​နေ​သရွေ့ သခင်​ဘုရား​နှင့်​ဝေးကွာ​လျက်​ရှိ​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။ အကြောင်းမူကား ငါ​တို့​သည် အမြင်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်ခန္ဓာ​မှ​ကွာ​လျက် သခင်​ဘုရား​နှင့်အတူ​ရှိ​နေ​ရန် သာ၍​အလိုရှိ​ကြ​၏။ သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်ခန္ဓာ​၌​ရှိ​သည်​ဖြစ်စေ၊ ဝေးကွာ​လျက်​ရှိ​သည်​ဖြစ်စေ ကိုယ်တော်​နှစ်သက်​တော်မူ​သော​သူ​ဖြစ်​မည့်အကြောင်း ရည်မှန်း​ကြိုးစား​ကြ​၏။