YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 4:7-18

၂ ကောရိန္သု 4:7-18 Judson Bible (JBMLE)

သို့​သော်​လည်း တန်​ခိုး​တော်၏ ဂုဏ်​အ​သ​ရေ​သည် ငါ​တို့​နှင့်​မ​ဆိုင်၊ ဘု​ရား​သ​ခင်​နှင့် ဆိုင်​မည်​အ​ကြောင်း၊ ထို​ဘ​ဏ္ဍာ​သည်​မြေ​အိုး​ထဲ​မှာ ထည့်​ထား​လျက် ငါ​တို့၌​ရှိ၏။- ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။- ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။- သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို ငါ​တို့​ကိုယ်​ခ​န္ဓာ၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယေ​ရှု၏​သေ​တော်​မူ​ခြင်း​ကို အ​စဉ်​မ​ပြတ် ငါ​တို့၏​ကိုယ်​ခ​န္ဓာ၌ ဆောင်​ရ​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို၊ ငါ​တို့၏​သေ​တတ်​သော ခ​န္ဓာ​ကိုယ်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​သက်​ရှင်​စဉ်​တွင် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​အပ်​နှံ​ခြင်း​ကို ခံ​ရ​ကြ၏။- သို့​ဖြစ်၍ သေ​ခြင်း​တ​ရား​သည် ငါ​တို့၌​ပြု​ပြင်​တတ်၏။ သင်​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တ​ရား​သည် ပြု​ပြင်​တတ်၏။- ထို​သို့​သော ယုံ​ကြည်​ခြင်း​စိတ် ရှိ​သည်​ဖြစ်၍၊ ငါ​သည်​ယုံ​ကြည်​သော​ကြောင့် မြွက်​ဆို၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​စိတ်​ရှိ​သော​ကြောင့် မြွက်​ဆို​ဟော​ပြော​ကြ၏။ သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​သူ​သည် ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို​လည်း ထ​မြောက်​စေ၍၊ သင်​တို့​နှင့်​အ​တူ​အ​ထံ​တော်၌ သွင်း​တော်​မူ​မည်​ဟု ငါ​တို့​သိ​ကြ၏။- အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။ ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။- အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

၂ ကောရိန္သု 4:7-18 Common Language Bible (BCL)

သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။- ငါ​တို့​သည်​မ​ကြာ​ခ​ဏ​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သော်​လည်း​နာ​လန်​မ​ထူ​နိုင်​အောင်​မ​ဖြစ်။ တစ်​ခါ​တစ်​ရံ​စိတ်​ရှုပ်​ထွေး​ကြ​သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​မ​ပျက်။- ငါ​တို့​မှာ​ရန်​သူ​အ​မြောက်​အ​မြား​ပင်​ရှိ သော်​လည်း​မိတ်​ဆွေ​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။ လဲ​အောင်​အ​ထိုး​ခံ​ရ​သော်​လည်း​မ​သေ​ကြ။- သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။- ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။ ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။- သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။- ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။ ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ကြ။ ငါ​တို့​၏​ကိုယ်​ခန္ဓာ​သည်​တ​ဖြည်း​ဖြည်း​ယို ယွင်း​ပျက်​စီး​လျက်​ရှိ​သော်​လည်း ငါ​တို့​၏ ဝိ​ညာဉ်​မူ​ကား​နေ့​စဉ်​နှင့်​အ​မျှ​အ​သစ် ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။- ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။- ငါ​တို့​သည်​မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ များ​ကို​အာ​ရုံ​မ​စိုက်​ဘဲ​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​ကို​သာ​အာ​ရုံ​စိုက်​ကြ​၏။ မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ​များ​သည် ခေတ္တ​ခ​ဏ​မျှ​သာ​တည်​၍​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​မူ​ကား​ထာ​ဝ​ရ​စဉ် တည်​သ​တည်း။

၂ ကောရိန္သု 4:7-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။ ငါ​တို့​သည် အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း ချေမှုန်း​ခြင်း​မ​ခံရ။ တွေးမရ​ဖြစ်​သော်လည်း မျှော်လင့်​ချက်​ကင်းမဲ့​သည်​ဟူ၍​မ​ရှိ။ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​သော်လည်း စွန့်ပစ်​ခြင်း​ကို​မ​ခံရ။ အလဲထိုး​ခံရ​သော်လည်း ဆုံးရှုံး​ခြင်း​သို့​မ​ရောက်။ ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်ခန္ဓာ​၌ ထင်ရှား​မည့်​အကြောင်း ယေရှု​၏​အသေခံ​တော်မူ​ခြင်း​ကို ငါ​တို့​ကိုယ်ခန္ဓာ​၌ အစဉ်​ဆောင်​ထား​ကြ​၏။ ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။ ဤသို့ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အလုပ်လုပ်​လျက်​နေ​၍ အသက်ရှင်​ခြင်း​သည် သင်​တို့​၌​အလုပ်လုပ်​လျက်​နေ​၏။ “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏”​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​ကို ထမြောက်​စေ​တော်မူ​သော​အရှင်​သည် ငါ​တို့​ကို​လည်း ယေရှု​နှင့်အတူ​ထမြောက်​စေ​၍ သင်​တို့​နှင့်အတူ ရှေ့​တော်​သို့​ခေါ်သွင်း​တော်မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​အတွက်​ဖြစ်​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၌ ကျေးဇူး​တော်​သည်​တိုးပွား​လာ​သဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ကြွယ်ဝ​ပြည့်စုံ​စေ​မည့်အကြောင်း​တည်း။ ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။ အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။ ထို့ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အရာ​တို့​ကို အာရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အရာ​တို့​ကို အာရုံစိုက်​ကြ​၏။ အကြောင်းမူကား မြင်​ရ​သော​အရာ​တို့​သည် ခဏ​သာ​တည်​၍ မ​မြင်​ရ​သော​အရာ​တို့​သည် ထာဝရ​တည်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။