YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 4:7-18

ကောရိန္သုဩဝါဒစာဒုတိယစောင် 4:7-18 MSBU

သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။ ငါ​တို့​သည် အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း ချေမှုန်း​ခြင်း​မ​ခံရ။ တွေးမရ​ဖြစ်​သော်လည်း မျှော်လင့်​ချက်​ကင်းမဲ့​သည်​ဟူ၍​မ​ရှိ။ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​သော်လည်း စွန့်ပစ်​ခြင်း​ကို​မ​ခံရ။ အလဲထိုး​ခံရ​သော်လည်း ဆုံးရှုံး​ခြင်း​သို့​မ​ရောက်။ ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်ခန္ဓာ​၌ ထင်ရှား​မည့်​အကြောင်း ယေရှု​၏​အသေခံ​တော်မူ​ခြင်း​ကို ငါ​တို့​ကိုယ်ခန္ဓာ​၌ အစဉ်​ဆောင်​ထား​ကြ​၏။ ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။ ဤသို့ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အလုပ်လုပ်​လျက်​နေ​၍ အသက်ရှင်​ခြင်း​သည် သင်​တို့​၌​အလုပ်လုပ်​လျက်​နေ​၏။ “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏”​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​ကို ထမြောက်​စေ​တော်မူ​သော​အရှင်​သည် ငါ​တို့​ကို​လည်း ယေရှု​နှင့်အတူ​ထမြောက်​စေ​၍ သင်​တို့​နှင့်အတူ ရှေ့​တော်​သို့​ခေါ်သွင်း​တော်မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​အတွက်​ဖြစ်​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၌ ကျေးဇူး​တော်​သည်​တိုးပွား​လာ​သဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ကြွယ်ဝ​ပြည့်စုံ​စေ​မည့်အကြောင်း​တည်း။ ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။ အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။ ထို့ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အရာ​တို့​ကို အာရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အရာ​တို့​ကို အာရုံစိုက်​ကြ​၏။ အကြောင်းမူကား မြင်​ရ​သော​အရာ​တို့​သည် ခဏ​သာ​တည်​၍ မ​မြင်​ရ​သော​အရာ​တို့​သည် ထာဝရ​တည်​၏။