၂ ကောရိန္သု 3:5-6
၂ ကောရိန္သု 3:5-6 Judson Bible (JBMLE)
သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကိုကြံစည်ခြင်းငှာ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊- ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။
၂ ကောရိန္သု 3:5-6 Common Language Bible (BCL)
မိမိတို့သည်ဤအမှုကိုထမ်းဆောင်နိုင်သည် ဟုပြောဆိုနိုင်ရန် ငါတို့တွင်အဘယ်စွမ်း ရည်သတ္တိမျှမရှိ။ ငါ၌ရှိသည့်စွမ်းရည် မှာဘုရားသခင်ထံတော်မှရရှိ၏။- ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
၂ ကောရိန္သု 3:5-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။ ဘုရားသခင်သည် ငါတို့အား ပဋိညာဉ်သစ်၏အမှုကိုဆောင်ရွက်နိုင်သောအစွမ်းအစကိုပေးတော်မူ၏။ ထိုပဋိညာဉ်သစ်သည် အက္ခရာတင်ထားသောတရားနှင့်မဆိုင်၊ ဝိညာဉ်တော်နှင့်သာဆိုင်၏။ အကြောင်းမူကား အက္ခရာတင်ထားသောတရားသည် အသက်ကိုသေစေ၍ ဝိညာဉ်တော်မူကား အသက်ကိုရရှိစေ၏။