YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 3:16-18

၂ ကောရိန္သု 3:16-18 Judson Bible (JBMLE)

သို့​သော်​လည်း သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​သော​အ​ခါ၊ ထို​ဖုံး​အုပ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​လိမ့်​မည်။- သ​ခင်​ဘု​ရား​ဟု​ဆို​သော် ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို​သ​တည်း။ သ​ခင်​ဘု​ရား၏ ဝိ​ညာဉ်​တော်​တ​ရား​သည် လွှတ်​ခြင်း​ချမ်း​သာ​ကို ပေး​တတ်၏။- ငါ​တို့​ရှိ​သ​မျှ​သည် မျက်​နှာ​ဖုံး​ကို​ဖွင့်​လျက် မှန်​ကို ကြည့်​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ကြည့်​မြင်၍၊ ဝိ​ညာဉ်​တော်​တ​ရား၏ အ​ရှင်​သည် ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည် ဘုန်း​အ​သ​ရေ တိုး​ပွား၍ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ပြောင်း​လဲ​ခြင်း ရှိ​ရ​ကြ၏။

၂ ကောရိန္သု 3:16-18 Common Language Bible (BCL)

သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။- သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။- သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။

၂ ကောရိန္သု 3:16-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် သခင်​ဘုရား​ထံသို့ ပြန်​လှည့်​လာ​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​ခံရ​၏။ သခင်​ဘုရား​သည် ဝိညာဉ်​တော်​ဖြစ်​၏။ သခင်​ဘုရား​၏​ဝိညာဉ်​တော်​ရှိ​ရာ​အရပ်​၌ လွတ်လပ်​မှု​ရှိ​၏။ ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။