YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 3:1-5

၂ ကောရိန္သု 3:1-5 Judson Bible (JBMLE)

ငါ​တို့​သည် တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သ​လော။ သို့​မ​ဟုတ် ချီး​မွမ်း​သော​စာ​ကို သင်​တို့​ထံ​သို့ သူ​တစ်​ပါး ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် သူ​တစ်​ပါး​ထံ​သို့ ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​သည် အ​ချို့​သော​သူ​ကဲ့​သို့ အ​လို​ရှိ​ကြ​သ​လော။- သင်​တို့​သည် ငါ​တို့​စိတ်​နှ​လုံး​ပေါ်၌ ရေး​ထား​သော​စာ၊ လူ​အ​ပေါင်း​တို့​သိ၍ ဖတ်​တတ်​သော ငါ​တို့​စာ​ပင် ဖြစ်​ကြ​သ​တည်း။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် မင်​နှင့် ရေး​ထား​သော စာ​မ​ဟုတ်။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ရေး၍​လည်း​ကောင်း၊ ကျောက်​ပြား​ပေါ်၌​မ​ရေး​ဘဲ အ​သား​နှင့် ပြည့်​စုံ​သော နှ​လုံး​ပြား​ပေါ်၌ ရေး၍​လည်း​ကောင်း၊ ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်၏​စာ ထင်​ရှား​စွာ​ဖြစ်​ကြ၏။- ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ထို​သို့​သော ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊

၂ ကောရိန္သု 3:1-5 Common Language Bible (BCL)

ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။- သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​၏​ထောက်​ခံ စာ​ဖြစ်​ကြ​၏။ ထို​စာ​ကို​လူ​တိုင်း​ဖတ်​ရှု​သိ ရှိ​နိုင်​ရန်​ငါ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား ထား​ပေ​သည်။- ထို​စာ​ကို​ခ​ရစ်​တော်​ကိုယ်​တိုင်​ရေး​၍​ငါ​တို့ နှင့်​ပေး​ပို့​တော်​မူ​သည်​မှာ​ထင်​ရှား​၏။ ထို​စာ ကား​မင်​ဖြင့်​ရေး​သော​စာ​မ​ဟုတ်။ အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ဖြင့်​ရေး​သော​စာ​ဖြစ်​၏။ ထို​စာ​ကို​ကျောက် ပြား​ပေါ်​တွင်​မ​ရေး​ဘဲ​နှ​လုံး​သား​ပေါ်​တွင် ရေး​သ​တည်း။ ငါ​တို့​သည်​ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ဘု​ရား သ​ခင်​၏​ရှေ့​တော်​၌ ထို​သို့​ယုံ​ကြည်​စိတ်​ချ မှု​ကို​ရ​ရှိ​ကြ​သည်။- မိ​မိ​တို့​သည်​ဤ​အ​မှု​ကို​ထမ်း​ဆောင်​နိုင်​သည် ဟု​ပြော​ဆို​နိုင်​ရန် ငါ​တို့​တွင်​အ​ဘယ်​စွမ်း ရည်​သတ္တိ​မျှ​မ​ရှိ။ ငါ​၌​ရှိ​သည့်​စွမ်း​ရည် မှာ​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ရ​ရှိ​၏။

၂ ကောရိန္သု 3:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သည် တစ်ဖန် မိမိကိုယ်ကို​ထောက်ခံ​ချီးကျူး​နေ​ကြ​သလော။ သို့မဟုတ်​လျှင် ငါ​တို့​သည် အခြား​သော​သူ​များ​ကဲ့သို့ သူတစ်ပါး​ထောက်ခံ​ပေး​သော​စာ၊ သို့မဟုတ် သင်​တို့​ထောက်ခံ​ပေး​သော​စာ​ကို လိုအပ်​သလော။ သင်​တို့​ကိုယ်တိုင်​သည် ငါ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် လူ​တိုင်း​ဖတ်ရှု​လျက်​သိရှိ​သော ငါ​တို့​၏​စာ​ဖြစ်​ကြ​၏။ သင်​တို့​သည် ငါ​တို့​ပြုစု​သော ခရစ်တော်​၏​စာ​ဖြစ်​ကြောင်း ထင်ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ရေး​ထား​ခြင်း​ဖြစ်ပြီး ကျောက်​ပြား​ပေါ်၌​မ​ဟုတ်​ဘဲ လူ​၏​နှလုံးသား​ပြင်​ပေါ်၌​ရေး​ထား​ခြင်း​ဖြစ်​၏။ ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​အားဖြင့် ထိုသို့သော​ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​၏။ ထိုသို့ဆိုသော် တစ်စုံတစ်ခု​သည် ငါ​တို့​ထံမှ​ဖြစ်လာ​သည်​ဟု သတ်မှတ်​နိုင်​ရန် ငါ​တို့​၌​အစွမ်းအစ​ရှိ​သည်​ဟု​မ​ဆိုလို။ ငါ​တို့​၏​အစွမ်းအစ​သည် ဘုရားသခင်​ထံမှ​သာ​ဖြစ်​၏။