YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 2:14-17

၂ ကောရိန္သု 2:14-17 Judson Bible (JBMLE)

ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။- အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​တို့​သည် ကယ်​တင်​သော သူ​တို့၌​လည်း​ကောင်း၊ ဆုံး​ရှုံး​သော သူ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား ခ​ရစ်​တော်၏ အ​မွှေး​အ​ကြိုင်​ဖြစ်​ကြ၏။- ဆုံး​ရှုံး​သော​သူ​တို့၌​ကား၊ သေ​ခြင်း​တိုင်​အောင် သေ​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ ကယ်​တင်​သော သူ​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တိုင်​အောင် အ​သက်​ရှင်​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ သို့​ဖြစ်၍ ဤ​အ​မှု​အ​ရာ​တို့​နှင့် အ​ဘယ်​သူ ထိုက်​တန်​သ​နည်း။- ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို မှောက်​လှန်​သော​သူ​များ​တို့​နှင့် ငါ​တို့​သည်​မ​တူ​ဘဲ ကြည်​ဖြူ​သော​စိတ်​ရှိ၍ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။

၂ ကောရိန္သု 2:14-17 Common Language Bible (BCL)

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။- ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။- ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။

၂ ကောရိန္သု 2:14-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။ အကြောင်းမူကား ငါ​တို့​သည် ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​တွင်​လည်းကောင်း၊ ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​တွင်​လည်းကောင်း ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​၏​မွှေးကြိုင်​သော​ရနံ့​ဖြစ်​ကြ​၏။ အချို့​သော​သူ​တို့​အတွက် သေ​ခြင်း​သို့​ပို့ဆောင်​သည့် သေ​ခြင်း​၏​ရနံ့​ဖြစ်​ကြ​ပြီး အချို့​သော​သူ​တို့​အတွက်​ကား အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​သည့် အသက်ရှင်​ခြင်း​၏​ရနံ့​ဖြစ်​ကြ​၏။ သို့ဖြစ်လျှင် ဤ​အမှုအရာ​များ​နှင့် မည်သူ​သည် ထိုက်တန်​သနည်း။ အကြောင်းမူကား ငါ​တို့​သည် များစွာ​သော​သူ​တို့​ပြု​သကဲ့သို့ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​ကို လှည့်လည်​ရောင်းစား​၍​အမြတ်ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူစင်​သော​သူ၊ ဘုရားသခင်​ထံမှ စေလွှတ်​ခြင်း​ခံရ​သော​သူ​အဖြစ် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု​၍ ငါ​တို့​ဟောပြော​ကြ​၏။