၂ ကောရိန္သု 2:14-15
၂ ကောရိန္သု 2:14-15 Common Language Bible (BCL)
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ငါတို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် သုံ့ပန်းများအဖြစ်ဖြင့်ခရစ်တော် ၏အောင်ပွဲခံအခမ်းအနားလှည့်လည်ရာတွင် အစဉ်အမြဲလိုက်ပါစေတော်မူသောကြောင့် ဖြစ်၏။- ငါတို့သည်ဘုရားသခင်အားခရစ်တော်ပူဇော် သည့်မွှေးကြိုင်သောနံ့သာရနံ့နှင့်တူကြ၏။ ထို ရနံ့သည်ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့ထံ သို့လည်းကောင်း၊ ပျက်စီးဆုံးပါးဆဲဖြစ်သူတို့ ထံသို့လည်းကောင်းပျံ့နှံ့၍သွားလေသည်။
၂ ကောရိန္သု 2:14-15 Judson Bible (JBMLE)
ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှာလည်းကောင်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာလည်းကောင်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။- အဘယ်သို့နည်း ဟူမူကား၊ ငါတို့သည် ကယ်တင်သော သူတို့၌လည်းကောင်း၊ ဆုံးရှုံးသော သူတို့၌လည်းကောင်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။
၂ ကောရိန္သု 2:14-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။ အကြောင်းမူကား ငါတို့သည် ကယ်တင်ခြင်းခံရသောသူတို့တွင်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင်လည်းကောင်း ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏မွှေးကြိုင်သောရနံ့ဖြစ်ကြ၏။