YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 12:7-9

၂ ကောရိန္သု 12:7-9 Judson Bible (JBMLE)

ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။- ထို​ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သုံး​ကြိမ်​မြောက်​အောင် သ​ခင်​ဘု​ရား​ကို ငါ​ဆု​တောင်း၍ အ​သ​နား​တော်​ခံ​ပြီး​လျှင်၊- ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။

၂ ကောရိန္သု 12:7-9 Common Language Bible (BCL)

ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။- ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။- သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။

၂ ကောရိန္သု 12:7-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​ခံရ​သော​ဗျာဒိတ်​တော်​သည် အလွန်​ထူးမြတ်​သောကြောင့် ငါ​မ​ထောင်လွှား​စေရန် ငါ​၏​ကိုယ်ကာယ​ထဲ၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်လွှား​စေရန် ငါ့​ကို​ထိုးနှက်​သည့် စာတန်​၏​စေတမန်​ဖြစ်​၏။ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ၎င်း​ကို ငါ့​ထံမှ​ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း သခင်​ဘုရား​ထံ သုံး​ကြိမ်​တိုင်တိုင် ငါ​တောင်းလျှောက်​ခဲ့​၏။ သို့သော် ကိုယ်တော်​က“ငါ​၏​ကျေးဇူး​တော်​သည် သင့်​အတွက်​လုံလောက်​ပေ​၏။ အကြောင်းမူကား ငါ​၏​တန်ခိုး​သည် အားနည်း​ခြင်း​အဖြစ်​၌ ပြည့်စုံ​တတ်​၏”​ဟု ငါ့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​တည်နေ​မည့်​အကြောင်း ငါ​သည် ငါ​၏​အားနည်း​ခြင်း​၌ သာ၍​ဝမ်းမြောက်​စွာ​ဝါကြွား​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။