၂ ကောရိန္သု 12:1-10
၂ ကောရိန္သု 12:1-10 Judson Bible (JBMLE)
ငါသည် ဝါကြွားခြင်းကိုမပြုသင့်လျှင်၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ်တော်များကို တစ်ဖန် ပြောဦးမည်။- တစ်ဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ။ ဘုရားသခင် သိတော်မူ၏။- ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည် အကြောင်းကိုငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင် သိတော်မူ၏။- ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှတစ်ပါး ကိုယ်ဂုဏ်ကို မဝါကြွား။- ဝါကြွားခြင်းငှာ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြောတတ်၏။ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကို ကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှာ ငါမပြောဘဲနေ၏။- ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှားသောစိတ်မရှိစေခြင်းငှာ၊ ငါ့ကို ဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။- ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊- ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏။- သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။
၂ ကောရိန္သု 12:1-10 Common Language Bible (BCL)
ဝါကြွားခြင်းသည်အကျိုးမရှိသော်လည်းငါ ဝါကြွားရဦးမည်။ သို့ဖြစ်၍သခင်ဘုရား ငါ့အားပြတော်မူသောရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကိုဖော်ပြမည်။- ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-) တစ်ဖန်ငါဆိုသည်ကားထိုသူသည်ပရဒိသု ဘုံသို့ချီဆောင်ခြင်းကိုခံရ၍လူတို့နှုတ်ဖြင့် မမြွက်မဆိုအပ်၊ မြွက်ဆို၍လည်းမဖြစ်နိုင် သည့်စကားများကြားရသည်ကိုငါသိ၏။ (ထိုသို့ချီဆောင်ခြင်းကိုခံရသည်မှာ တကယ်ဖြစ်ပျက်သလားသို့မဟုတ်ရူပါရုံ လားငါမသိ။ ဘုရားသခင်သာလျှင်သိ တော်မူ၏။-) သို့ဖြစ်၍ထိုသူ၏အကြောင်းကိုငါကြွား ဝါမည်။ သို့သော်မိမိ၏အားနည်းချက်များ မှတစ်ပါးအခြားအရာများအကြောင်း ကိုကြွားဝါလိမ့်မည်မဟုတ်။- ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။ ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။- ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။- သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။- ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။
၂ ကောရိန္သု 12:1-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။ လွန်ခဲ့သောတစ်ဆယ့်လေးနှစ်က တတိယကောင်းကင်တိုင်အောင် ချီဆောင်ခြင်းခံရသည့် ခရစ်တော်၌တည်သောလူတစ်ဦးကို ငါသိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော၊ သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်သွားခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။ သူသည် ပရဒိသုဘုံထဲသို့ ချီဆောင်ခြင်းခံရ၏။ ထိုသို့ချီဆောင်ခြင်းခံရာ၌ ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော၊ သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်ခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။ သူသည် လူတို့ပြောခွင့်မရှိ၊ ပြောပြ၍လည်းမရနိုင်သောစကားတို့ကို ကြားခဲ့ရ၏။ ထိုသို့သောသူနှင့်ပတ်သက်၍ ငါဝါကြွားမည်။ ငါနှင့်ပတ်သက်၍မူကား ငါ၏အားနည်းခြင်းအကြောင်းမှတစ်ပါး ဝါကြွားခြင်းကို ငါမပြု။ ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။ ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းကို ငါ့ထံမှဖယ်ရှားပေးပါမည့်အကြောင်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းလျှောက်ခဲ့၏။ သို့သော် ကိုယ်တော်က“ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။ သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။